Korean Celebrity

၅ နှစ်ကျော်လေးနဲ့ အမြင့်ဆုံးစံချိန်တင်နိုင်ခဲ့တဲ့ ပထမဆုံးသော Kpop အဖွဲ့ဖြစ်လာတဲ့ BLACKPINK

BLACKPINK အဖွဲ့ရဲ့ သီချင်းတွေကတော့ စံချိန်တင်မှတ်တမ်းတွေမှာ အမြဲနေရာယူထားပါတယ်။ နာမည်မကြီးတဲ့သီချင်းဆိုတာလည်း မရှိလောက်အောင် ပြည်တွင်းပြည်ပအထိ ကျော်ကြားအောင်မြင်နေတာပါ။ ပွဲဦးထွက်တာ ၅ နှစ်ကျော်လေးပဲ ရှိသေးပေမဲ့ BLACKPINK ရဲ့ ကျော်ကြားမှုဟာ အတိုင်းအဆမရှိအောင် အဟုန်ပြင်းပြင်းနဲ့ ဦးဆောင်နေပါတယ်။ နိုင်ဝင်ဘာလ (၁) ရက်နေ့မှာတော့ BLACKPINK အဖွဲ့ဟာ သူတို့ရဲ့ ပွဲဦးထွက်သီချင်း “BOOMBAYAH” နဲ့ Kpop သမိုင်းမှာ အမြင့်ဆုံးစံချိန်တင်ခဲ့ပါတော့တယ်။

November 1 ရက်နေ့ မနက်အစောပိုင်းမှာပဲ BLACKPINK အဖွဲ့ရဲ့ ပွဲဦးထွက်သီချင်း “BOOMBAYAH” ဟာ YouTube ကနေ ဝင်ရောက်ကြည့်ရှုနားဆင်သူပေါင်း 1.3 billion ကျော်သွားခဲ့ပါပြီ။ ဒီစံချိန်ကတော့ မြောက်မြားစွာသော Kpop အဖွဲ့တွေရဲ့ Debut သီချင်းတွေကြားမှာ အမြင့်ဆုံးဖြစ်လာတာကြောင့် BLACKPINK အဖွဲ့အနေနဲ့ သမိုင်းအဆက်ဆက် အမြင့်ဆုံးစံချိန်တင်နိုင်တဲ့ ပထမဦးဆုံး K-pop အဖွဲ့ဖြစ်လာခဲ့ပါတယ်။

ဒီသီချင်းလေးနဲ့အတူ အဖွဲ့ဝင် (၄) ရောက်ရဲ့ အနုပညာအရည်အချင်းတွေကို လူအများရှေ့မှာ တရားဝင်ချပြခဲ့တဲ့နေ့ကစတင်ပြီး BLACKPINK ရဲ့ ရာဇဝင်ကတော့ တခမ်းတနားကို ဖြစ်ခဲ့ပါပြီ။ “BOOMBAYAH” ဟာ BLACKPINK အဖွဲ့ရဲ့ 1.3 billion views ကျော်တဲ့ တတိယမြောက်သီချင်းဖြစ်ပြီး “DDU-DU DDU-DU” နဲ့ “Kill This Love” တို့ကလည်း ဒီစံချိန်ကို အစောကြီးကတည်းက ရရှိထားခဲ့တာပါ။

လက်ရှိမှာတော့ BLACKPINK အဖွဲ့ဟာ စံချိန်တင်နိုင်တဲ့ သီချင်း (၃) ပုဒ်ကိုပိုင်ဆိုင်ထားတဲ့ ပထမဦးဆုံးသော K-pop အနုပညာရှင်တွေဖြစ်လာခဲ့ပါတယ်။ ၂၀၁၆, August 8 ရက်နေ့တုန်းက ထွက်ရှိခဲ့တဲ့ “BOOMBAYAH” သီချင်းဟာ အမြင့်ဆုံးစံချိန်တင်ဖို့ ၅ နှစ်၊ ၂ လနဲ့ ၂၃ ရက်ပဲ ကြာမြင့်ခဲ့ပါတယ်။ သမိုင်းတွင်တဲ့ ပထမဦးဆုံး Kpop အဖွဲ့ BLACKPINK ရဲ့ အောင်မြင်တွေအတွက် ဂုဏ်ပြုလိုက်ပါတယ်။

Source: Soompi
Photos: YG Official
Translated by Julix