Korean Celebrity

Halloween ပါတီအတွက် Twilight ကားထဲက Bella နဲ့ Edward ကို cosplay ဖြစ်ခဲ့ပုံကို ရှင်းပြခဲ့တဲ့ Taeyong

October 31 ရက်နေ့မှာ ကျင်းပ ပြုလုပ်ခဲ့တဲ့ SM ရဲ့ “SM Town Wonderland” ပွဲ​ကြီးကတော့ လူပြောများစရာဖြစ်လောက်အောင် မြိုင်မြိုင်ဆိုင်ဆိုင် နဲ့ ပြီးဆုံးခဲ့ပါတယ်။ ထိုပွဲမှာ SM idol တွေဟာ သာမာန်ကာလျှံကာမဟုတ်ဘဲ ကိုယ် cosplay ရမဲ့ ဇာတ်ကောင်ကို သေချာ ပြင်ဆင်လာခဲ့ကြပါတယ်။ ထိုထဲကမှ လူပြောအများဆုံးကတော့ NCT အဖွဲ့ဝင် Taeyong နဲ့ Jungwoo တို့အတွဲပါ။ သူတို့ဟာ မသိသူမရှိတဲ့ သွေးစုပ်ဖုတ်ကောင် ကား Twilight ကားထဲက Edward နဲ့ Bella လိုမျိုး cosplay ခဲ့ကြပါတယ်။

Breaking Down poster ထဲက အမည်းရောင် လည်သာ Jacket ပုံစံမျိုးကို ဝတ်ထားကြပြီး vampire ပုံစံပေါက်အောင် မေးရိုးထင်းထင်း နဲ့ ဖြူဖတ်ဖတ်မျက်နှာ ပုံပေါက်အောင် makeup တွေလည်း လိမ်းထားကြပါသေးတယ်။ အထူးသဖြင့် Jungwoo က တော်တော်ကြီးကိုလှနေတာပါ။ Taeyong ကလည်း Jungwoo လက်ကို သေချာတွဲပြီး Boyfriend material လိုမျိုး လှေကားပေါ်ကနေ ဆင်းလာခဲ့ပါတယ်။

ခုလိုမျိုးနှစ်ယောက်သား ဘာစိတ်ကူးတွေပေါက်ပြီး couple လိုမျိုး cosplay ကြသလဲဆိုတာ စဉ်းစားစရာပါဘဲ။ ဒါပေမဲ့ November 1 ရက်နေ့မှာ လုပ်တဲ့ NCT အဖွဲ့ရဲ့ fansign event မှာ Taeyong က ရှင်းပြလိုက်လို့ အဖြေပေါ်ပါပြီ။ သူပြောခဲ့တာကတော့ “ပထမက ကျွန်တော်တို့ရဲ့ schedule တွေက ကျပ်နေလို့ Halloween party ကို မသွားကြဖူးလို့တောင် လုပ်ထားတာ။

ဒါပေမဲ့ ပရိတ်သတ်တွေက ကျွန်တော်တို့ကို ပွဲတက်စေချင်ကြတာသိလို့ member တွေအကုန်လုံး vampire လိုမျိုး အတူတူဝတ်ပြီး ပွဲတက်ကြမယ် ဆိုပြီး ဆုံးဖြတ်ခဲ့တယ်။ ဒါပေမဲ့လည်း ကျွန်တော်တို့အတွေးတွေက မတူတဲ့အတွက် ကိုယ်ဘာသာ ကြိုက်တာဝတ်ကြမယ်လို့ ထပ်ဆုံးဖြတ်လိုက်တယ်။ ရုတ်တရက်ဘဲ Jungwoo က သူ bella လုပ်ချင်တယ်လို့ ထပြောတယ်။ အာ့တာနဲ့ ကျွန်တော်လည်း သူ့ရဲ့ partner “Edward” လိုမျိုး ဝတ်ပြီး အတူပွဲတက်ရမယ် လို့ အတွေးဝင်သွားတယ် ဆိုပါတော့ဗျာ”ဆိုပြီး ဖြစ်ပါတယ်။

NCT အဖွဲ့ရဲ့ နောက်ဆုံးထွက်ရှိထားတဲ့ သီချင်းက “Favorite” ဖြစ်ပြီး vampire theme နဲ့ ရိုက်ကူးထားပါတယ်။ ဒါကြောင့်လည်း ဒီနှစ်မှာ NCT member တချို့က vampire လိုမျိုး ဝတ်လာကြတာ ဖြစ်ပါတယ်။ Jungwoo လေးကတော့ သူများထက်ထူးအောင် Vampire မ bella ကို cosplay ခဲ့ပါတယ်။ Jungwoo ဟာ ဟိုးတစ်နှစ်ကလည်း တိုက်တန်းနစ်ကားထဲက မင်းသမီး “Rose” ပုံစံ cosplay ခဲ့ပါတယ်။ နှစ်တိုင်းလှနေသူမို့ နောက်နှစ်လည်း ဘယ်လို ဇာတ်ရုပ်နဲ့ cosplay မလဲဆိုတာ မင်မင်ကတော့ ကြိုရင်ခုနါနေပါပြီ။

Source: Koreaboo
Written: Violet