Korean Celebrity

B-Side သီချင်းနဲ့တောင် အောင်မြင်မှုတွေတသီကြီး သိမ်းပိုက်နေတဲ့ Lisa

Lisa ကတော့ တကိုယ်တော်ပွဲဦးထွက်ပြီးနောက် သူမရဲ့ သီချင်း ၂ ပုဒ်ဖြစ်တဲ့ ‘LALISA’ နဲ့ ‘Money’ က တော်တော်လေးကို ပွဲကြမ်းနေခဲ့တာပါ။ Music Chart ပေါင်းများစွာမှာ မှတ်တမ်းတင်ရင်း နေရာယူထားနိုင်ခဲ့တာဖြစ်ပြီး နိုဝင်ဘာလ (၁) ရက်နေ့မှာတော့ Lisa ရဲ့ b-side သီချင်းဖြစ်တဲ့ ‘Money’ ဟာ US Billboard ‘Hot 100’ မှာ ထပ်မံပါဝင်လာခဲ့ပြန်ပါတယ်။

November 1 ရက်နေ့ကတည်းက Billboard ဟာ သူတို့ရဲ့ တရားဝင် Twitter စာမျက်နှာကတဆင့် ဒီအပတ်ရဲ့ ‘Hot 100’ သီချင်းစာရင်းကို ထုတ်ပြန်ကြေညာခဲ့တာဖြစ်ပြီး ဒီစာရင်းမှာတော့ Lisa ကလည်း ထပ်မံ ပါဝင်လာတာဖြစ်ပါတယ်။ Lisa ရဲ့ “Money” သီချင်းဟာ အဆင့် ၉၀ နေရာမှာ‌ရှိနေပြီး ဒီအပတ်အပါအဝင် စာရင်းမှာ (၇) ပတ်ဆက်တိုက်ကို နေရာယူခဲ့တာပါ။

“Money” သီချင်းကတော့ Music Viedo မရှိဘဲ Exclusive Performance Viedo ပဲရှိတာတောင် အခုလို မှတ်တမ်းဝင်နေတာ ဂုဏ်ယူစရာပါပဲ။ ပြည်တွင်းပြည်ပအောင်မြင်မှုရနေတဲ့သီချင်းဖြစ်တာကြောင့် ‘Spotify’ မှာလည်း စံချိန်တင်ထားပြီး မကြာသေးခင်ကမှလည်း YouTube မှာ ၃၈ ရက်အတွင်း ဝင်ရောက်ကြည့်ရှုမှုပေါင်း သန်း ၂၀၀ ကျော်သွားပြီဖြစ်ပါတယ်။

ဒီအောင်မြင်မှုကတော့ Kpop ရဲ့ ထွက်သမျှ Performance Viedo တွေအနက် သန်း ၂၀၀ ရရှိခဲ့တဲ့ အမြန်ဆုံးရရှိခဲ့တဲ့ Viedo အဖြစ် စံချိန်တင်ခဲ့တာပါ။ Lisa ကတော့ BLACKPINK အဖွဲ့နဲ့ဖြစ်စေ၊ တကိုယ်တော်ဖြစ်စေ တောက်ပအောင်မြင်နေသူဖြစ်ပါတယ်။ Solo Debut ဖို့ မျှော်လင့်ခဲ့ချိန်ကစလို့ ထွက်ရှိပြီးတဲ့အထိ အမြင့်ဆုံးစံချိန်တွေရအောင် အကောင်းဆုံးလုပ်ပြသွားနိုင်ခဲ့တဲ့ Lisa လေးအတွက်ကို ဂုဏ်ယူနေရပါတော့တယ်။

Source: Allkpop
Photos: Billboard
Translated by Ivy