Korean Celebrity

Gong Myung ရဲ့ စစ်မှုထမ်းမယ့်သတင်းတွေအကြောင်း အေဂျင်စီဖက်က ငြင်းဆိုချက်ထုတ်ပြန်

“Lovers of the Red Sky” ထဲမှာ ယန်းမြောင်မင်းသားလေးအဖြစ် အားလုံးအချစ်ကိုရရှိထားတဲ့ Gong Myung ဟာ မကြာခင်မှာ စစ်မှုထမ်းတော့မယ်ဆိုပြီး နိုဝင်ဘာလ (၅) ရက်နေ့က သတင်းတွေထွက်လာခဲ့ပါတယ်။ အတွင်းသတင်းတွေအရ Gong Myung ဟာ ဒီနှစ်အစောပိုင်းလောက်ကတည်းက စစ်မှုထမ်းဖို့ဆင့်ခေါ်စာကို လက်ခံရရှိခဲ့တယ်, လို့ဆိုပါတယ်။

သို့ပေမဲ့ “Lovers of the Red Sky” ရိုက်ကူးရေးကြောင့် ခေတ္တရွေ့ဆိုင်းပေးဖို့ တောင်းဆိုခဲ့ကြောင်းကိုလည်း ဖော်ပြပြောဆိုထားပါတယ်။ အခုချိန်မှာ မင်းသား Gong Myung က စစ်မှုထမ်းဖို့ အစစအရာရာပြင်ဆင်နေပြီဖြစ်ပြီး စစ်မှုထမ်းစဉ် ၂ နှစ်နီးပါး အနုပညာအလုပ်တွေကို ရပ်နားထားမှာပါ။

ဒီအကြောင်းတွေကိုတော့ အေဂျင်စီဖြစ်တဲ့ Saram Entertainment က မသေချာကြောင်း ရှင်းလင်းထုတ်ပြန်ခဲ့ပါတယ်။ “မင်းသား Gong Myung က စစ်မှုထမ်းဖို့အကြောင်းကြားစာကို မရရှိသေးပါဘူး။ လက်ရှိအချိန်အထိ Gong Myung ရဲ့ စစ်မှုထမ်း‌မယ့်အချိန်နဲ့ပြင်ဆင်မှုတွေက တိကျသေချာစွာ ဆုံးဖြတ်ရခြင်းမရှိသေးပါဘူး” ဆိုပြီး ငြင်းဆန်ခဲ့ပါတယ်။

Gong Myung ကတော့ “Lovers of the Red Sky” ဇာတ်လမ်းနဲ့ နာမည်ရနေပြီး အားပေးမှုအများအပြားရရှိနေပါတယ်။ အသက် ၂၇ နှစ်ပြည့်ပြီးပြီဖြစ်တာကြောင့် စစ်မှုထမ်းရမယ့်အချိန်ဖြစ်ပေမဲ့ အေဂျင်စီဖက်ကတော့ မသေချာသေးကြောင်း ငြင်းချက်ထုတ်ခဲ့တာပါ။ အကယ်၍စစ်မှုထမ်းဖို့ ဟုတ်မှန်တယ်ဆိုပါက နာမည်ကြီးနေချိန်မှာပဲ ခေတ္တအနားယူရမယ့်သဘောပဲ ဖြစ်ပါတယ်။

Source: Soompi
Photos: Naver
Translated by Ivy