Korean Celebrity

Eunwoo နဲ့ တွဲဖက်သရုပ်ဆောင်ဖူးတဲ့မင်းသမီးကိုယ်တိုင် ချီးကျူးခဲ့ရတဲ့ အွန်ဝူးရဲ့စိတ်ထားလေး

Rookie Historian Goo Hae Ryung ဆိုတဲ့ ရှေးဟောင်းဇာတ်လမ်းလေးကို ကိုရီးယားကားကြိုက်သူတိုင်း ကြည့်ဖူးကြပါလိမ့်မယ်။ Shin Se Kyung နဲ့ Cha EunWoo တို့က အဓိကပါဝင်သရုပ်ဆောင်ထားပြီး ကြည့်လို့လည်းကောင်းတဲ့ ဇာတ်လမ်းလေးပါပဲ။

ဝါရင့်မင်းသမီးဖြစ်တဲ့ Shin Sekyung ကဆိုရင် အဆိုတော်-သရုပ်‌ဆောင်ဖြစ်တဲ့ Cha Eunwoo နဲ့ပတ်သက်ပြီး သူမရဲ့ အထင်ကြီးမှုကို ချီးကျူးပြောဆိုခဲ့ပါတယ်။ Shin Se Kyung ကတော့ Cha Eunwoo နဲ့အတူ လပေါင်းများစွာအတူ တွဲဖက်ရိုက်ကူးခဲ့တာကြောင့် EunWoo နဲ့အနီးကပ်ဆက်ဆံခဲ့ရပြီး ကောင်လေးရဲ့ အကောင်းမြင်စိတ်နဲ့ နွေးထွေးတဲ့စိတ်ထားကို အံ့ဩခဲ့ရကြောင်း အင်တာဗျူးမှာ ပြောပြခဲ့ဖူးပါတယ်။

“EunWoo က schedule တွေ တအားကြပ်ပြီး အလုပ်အများကြီးလုပ်ရနေရရင်တောင် သူ့မှာနဂိုရှိတဲ့ စွမ်းအားက တောက်ပလင်းလက်တဲ့ပုံစံမျိုးပဲ။ သူ့ရဲ့အကောင်းမြင်တတ်တဲ့စိတ်ကဆိုရင် ကျွန်မတင်မကဘူး ရိုက်ကူးရေးတဖွဲ့လုံးကိုပါ လွှမ်းခြုံနွေးထွေးသွားစေတယ်။

ဇာတ်လမ်းတွဲနဲ့လိုက်ဖက်တဲ့ စိတ်ကူးစိတ်သန်းကောင်းကောင်းလေးတွေပါ ထွက်လာအောင် လုပ်နိုင်တဲ့ ကောင်လေးမျိုးပါပဲ” လို့ ချီးကျူးပြောဆိုခဲ့ဖူးတာပါ။ Cha Eunwoo ကတော့ ရုပ်ကလေးက နုဖတ်ချော‌မောနေတဲ့အပြင် စိတ်ထားလည်း အလွန်အင်မတန် နူးညံ့ပြီး ကောင်းမွန်တဲ့စွမ်းအားတွေကို ပေးစွမ်းနိုင်တဲ့သူပါပဲ။

အတူတွေ့ဖူးတဲ့သူတိုင်းကလည်း အွန်ဝူးရဲ့စိတ်ထားလေးကိုပါ တန်ဖိုးထားချီးကျူးကြပါတယ်။ Cha EunWoo ကတော့ တကယ်ကို အဖက်ဖက်က ပြီးပြည့်စုံအောင် ဘုရားသခင်ကိုယ်တိုင် ဖန်ဆင်းထားတဲ့ သက်ရှိနတ်သားလေးလို့ကို တင်စားရပါလိမ့်မယ်နော်။

Source: Koreaboo
Photos: Soompi
Translated by Ivy