Korean Celebrity

Yujin ကို Diss ခဲ့တဲ့တာဟာ Mnet ဖက်က စေခိုင်းလို့သာ ပြောခဲ့ရတာကြောင်း Fu Yaning ဖွင့်ပြော

Mnet ကနေ ပြုလုပ်ကျင်းပခဲ့တဲ့ Girls Planet 999 ကတော့ CLC’s Yujin ကို ချိုင်းနားပြိုင်ပွဲဝင်ဖြစ်တဲ့ Fu Yaning က ပေါ်တင်ကြီး Diss ချရတဲ့အကြောင်းကြောင့်ပဲ လူသိရှင်ကြားဖြစ်ပြီး စတင်ကြည့်ရှုသူတွေ များခဲ့တယ်လို့ ဆိုရပါမယ်။ ဒါပေမဲ့ မကြာသေးခင်ကပဲ Fu Yaning ဟာ ဒီပြိုင်ပွဲမှာ ရန်စတဲ့စကားပြောခဲ့ရတာ သူမရဲ့ စိတ်ဆန္ဒကြောင့်မဟုတ်ဘဲ Mnet ဖက်က အစကတည်းက ဒီလိုပြောခိုင်းဖို့ စီစဉ်ထားတာဖြစ်ပြီး သူမက Diss ခဲ့သူဖြစ်ခဲ့ရကြောင်း ဖော်ထုတ်ပြောပြခဲ့ပါတယ်။

Mnet ဟာ ‘Girls Planet 999’ မှာပဲ ပြိုင်ပွဲဝင်နေတဲ့ Fu Yaning ကို စီနီယာ Idol ဖြစ်သူ CLC’s Yujin အား “စကားတစ်လုံးပြောပါ” ဆိုပြီး ခိုင်းစေခဲ့ပါတယ်။ ဒါကို Fu Yaning က Yujin ကို စေ့စေ့ကြည့်ရင်း “We go up! But you don’t” ဆိုပြီး ပြောချခဲ့တာပါ။

ဒီအကြောင်းကြောင့် netizen တွေက Mnet ကို ဝေဖန်ခဲ့သလို အထူးသဖြင့် Fu Yaning ကိုလည်း စီနီယာကို မလေးမစားပြောဆိုမှုကြောင့် တော်တော်လေး အပြစ်ပြောခဲ့ကြပါတယ်။ ပြီးခဲ့တဲ့အင်တာဗျူးမှာတော့ Fu Yaning က ဖြစ်ပျက်ခဲ့သမျှကို အကြောင်းစုံ ရှင်းပြပြောဆိုခဲ့ပါတယ်။

“ရှိုးပွဲရဲ့ ပွဲစီစဉ်သူက ကျွန်မကို အဲ့လိုမျိုးပြောခိုင်းခဲ့တာပါ။ “We Go Up” ဆိုပြီး Yujin ကို တည့်ကြည့်ပြီး ပြောခိုင်းခဲ့တာကြောင့် ပြောခဲ့ရတာပါ။ Mnet ဖက်က အစောကြီးကတည်းက ဇာတ်ညွှန်းချထားပြီးသားကြီး” လို့ ဖွင့်ပြောခဲ့ပါတော့တယ်။

ပြိုင်ပွဲစဉ်တလျှောက် Yujin နဲ့ Fu Yaning ကတော့ အပေးအယူရှိပြီး ကောင်းမွန်တဲ့ဆက်ဆံရေးလေးကို အတိုင်းသားမြင်ခဲ့ရပါတယ်။ Mnet ကတော့ ထုံးစံအတိုင်း ပြိုင်ပွဲဝင်တွေကို အသုံးချခဲ့တာပါပဲ။ ဒီလိုလှည့်ကွက်ကြောင့်ပွဲ ရှိုးကတော့ လူကြည့်နှုန်း တော်တော်တိုးခဲ့ပါတော့တယ်။

 

Source: Allkpop
Photos: Allkpop
Translated by Ivy