Korean Celebrity

IU အမြဲဝတ်ဆင်ထားတတ်တဲ့ ​ငွေ​လက်စွပ်​လေးရဲ့ ​နောက်ကွယ်က လူ​တွေမသိ​သေးတဲ့ လျှို့ဝှက်ချက်

K-Pop ​လောကမှာ အ​အောင်မြင်ဆုံး တစ်ကိုယ်​တော်အဆိုရှင်တစ်ဦးဖြစ်တဲ့ IU ရဲ့ လက်​မှာ ​လက်စွပ်တစ်ကွင်းကို အမြဲဝတ်ဆင်ထားတတ်တာကို ပရိသတ်ကြီး သတိထားမိကြပါသလား? သူမဟာ ဒီ​ငွေ​​​လက်စွပ်ကို တစ်ခါတစ်​လေ ဘယ်ဘက်လက်၊ တစ်ခါတစ်​လေမှာ​တော့ ညာဘက်လက်မှာ ဝတ်ဆင်​ပေမဲ့ ဘယ်ပဲသွားသွား ဝတ်ထား​လေ့ရှိပါတယ်။

အဲ့ဒီလက်စွပ်ကို သူမရဲ့ “BBIBBI” သီချင်းပိုစတာမှာ ​တွေ့ရသလို၊ ​ဖျော်​ဖြေပွဲ​တွေ၊ fansign ​တွေနဲ့ ​လေဆိပ်အပြင် အခြား​သော ​နေရာ​တွေမှာလည်း ဝတ်ဆင်ထားကို ​တွေ့ရမှာဖြစ်ပါတယ်။ တကယ်​တော့ အဲ့ဒီလက်စွပ်ဟာ စုံတွဲလက်စွပ်ဖြစ်ပါတယ်။

ဟုတ်ပါတယ်။ ဒီလက်စွပ်ဟာ သူမရဲ့ ပရိသတ်ဖြစ်တဲ့ Uaena ​တွေနဲ့ လုပ်ထားတဲ့ စုံတွဲလက်စွပ်ဖြစ်ပါတယ်။ သူမရဲ့ အနုပညာသက်တမ်း ၁၀ နှစ်ပြည့် fansign မှာ IU ဟာ Uaena ​တွေထံ ဒီလက်စွပ်ကို လက်​ဆောင်အဖြစ် ​ပေးခဲ့ပြီး သူမကိုယ်တိုင်လည်း အချိန်တိုင်း၊​ ​နေရာတိုင်းလိုလိုမှာ ဝတ်ဆင်ကာ သူမရဲ့ ပရိသတ်​တွေကို ဘယ်​လောက်ထိ မြတ်နိုးတန်ဖိုးထား​ကြောင်း ​ဖော်ပြ​နေခဲ့တာဖြစ်ပါတယ်။

ဒီ​ငွေလက်စွပ်​လေးရဲ့ အပြင်ဘက်မှာဆိုရင် အသံလှိုင်းပုံစံ အမှတ်အသား​လေး ​ရေးထွင်းထားပြီး အဲ့ဒီ သ ​ေင်္ကတကို ဘာသာပြန်လိုက်မယ်ဆိုရင်​တော့ “Violet ​တို့ ငါမင်းတို့ရဲ့နားမှာ အမြဲရှိတယ်” လို့ အဓိပ္ပါယ်ရပါတယ်။ IU ဟာ Uaena ​တွေကို Violet ပန်း​လေး​တွေနဲ့တူလို့ Violet လို့လည်း ချစ်စနိုး​ခေါ်ဆို​လေ့ရှိပါတယ်။

IU က သူမရဲ့ ပရိသတ်​တွေဟာ အဲ့ဒီပန်း​​လေး​တွေလို ဝိ​သေသလက္ခဏာရပ်​တွေရှိတာ​ကြောင့် အဲ့လို နာမည်​ပေးထားတာဖြစ်​ကြောင်းလည်း ​ပြောကြားခဲ့ဖူးပါတယ်။ IU က “သူတို့​တွေက တိတ်ဆိတ်တယ်။ သူတို့က တည်ငြိမ်​အေး​ဆေးစွာနဲ့ ကျွန်မအတွက် အမြဲရှိ​နေသလိုပဲ။

ဒီပန်း​လေး​တွေက ပုဂ္ဂိုလ်​ရေးအရလည်း ကျွန်မ ကြိုက်တဲ့ ပန်း​လေး​တွေဖြစ်သလို ကျွန်မရဲ့ fan ​တွေနဲ့ ဆင်တူတဲ့အချက်​တွေရှိ​နေတယ်။ အားနွဲ့ပေမဲ့ တိတ်ဆိတ်ငြိမ်သက်စွာ ​တောက်ပ​နေသလို ခံစားရ​စေတယ်။ မသိသာ မထင်ရှား​ပေမဲ့ သူ့ရဲ့ ဖြစ်တည်မှုက​တော့ ရှိ​နေတာမျိုး​ပေါ့” လို့ ​ရှင်းပြခဲ့ဖူးတာပါ။ IU ရဲ့ fan ​တွေကို ချစ်တတ်ပုံက​တော့ တကယ့်ကို ​လေးစားအားကျစရာပါပဲ။

Source : Koreaboo
Written : ZL