Korean Celebrity

BTS အဖွဲ့ရဲ့ ​ခေါင်း​ဆောင်အ​နေနဲ့ RM ဂုဏ်အယူရဆုံးအချိန်က ဘယ်အချိန်များဖြစ်မလဲ

BTS အဖွဲ့ရဲ့ ​​ခေါင်း​ဆောင်ဖြစ်တဲ့ RM တစ်​ယောက် ယခင်က အဖွဲ့​ခေါင်း​ဆောင်ဖြစ်ရတဲ့ ခံစားချက်နဲ့ ပတ်သက်ပြီး ​​ပြောကြားခဲ့ဖူးတဲ့ အင်တာဗျူးတစ်ခုဟာ မကြာ​သေးခင်က အွန်လိုင်းမှာ ပြန်ပြီး လူ​ပြောများ​နေခဲ့ပါတယ်။ အဲ့ဒီအင်တာဗျူးမှာ RM ဟာ “BTS အဖွဲ့ရဲ့ ​ခေါင်း​​ဆောင်ဖြစ်ရတာနဲ့ ပတ်သက်ပြီး ဂုဏ်အယူမိဆုံးအချိန်က ဘယ်အချိန်လဲ” ဆိုတဲ့ ​မေးခွန်းကို အ​မေးခံခဲ့ရပါတယ်။ အဲ့ဒီအခါ RM က “တစ်ခါတစ်​လေ ​ခေါင်း​ဆောင်ဆိုတဲ့ ကျွန်​တော့်ရာထူးက ဘာအဓိပ္ပါယ်လဲဆိုတာကို သိချင်မိတယ်။

ဘာလို့လဲဆို​​တော့ ဒီအရာက တစ်စုံတစ်​ယောက်က ကျွန်​တော့်​ပေါ်မှာ ကပ်သွားတဲ့ တံဆိပ်တစ်ခုလို့ပဲ ယုံကြည်​နေမိတယ်။ ရှင်းရှင်း​ပြောရရင် တစ်​ယောက်​ယောက်ကလာပြီး ‘မင်းက ​ခေါင်း​ဆောင်လုပ်ရမယ် ဟုတ်ပြီလား’ လို့ လာ​ပြောသွားသလိုပဲ” လို့ သူ့ရဲ့အ​တွေးကို ပြန်လည်​ဖြေကြားခဲ့ပါတယ်။ ဆက်လက်ပြီး “​ခေါင်း​ဆောင်ဆိုတာ တကယ်တမ်း ဘာမှမဟုတ်ပါဘူး။ ဒါ​ကြောင့် အဲ့ဒါနဲ့ ပတ်သက်ပြီး ကျွန်​တော့်ကိုယ် ကျွ​န်​တော် ဖိအားမ​ပေးချင်သလို တာဝန်အရမ်းရှိသလိုလဲ မခံစားရဘူး။

ကျွန်​တော်က ​ခေါင်း​ဆောင်ဖြစ်တာနဲ့ပဲ အရာအားလုံးကို လွယ်လွယ်နဲ့ ​တာဝန်မခံချင်ဘူး။ တခြားသူ​တွေလိုပဲ ကျွန်​တော့်ဘဝကို ​ပျော်​အောင်​နေချင်တယ်။ အဲ့လိုအရာ​တွေ၊ အ​တွေး​တွေက​နေ လွတ်လပ်ချင်တယ်။ ကျွန်​တော့်ကို ​ခေါင်း​ဆောင်ရာထူး​ပေခဲ့တာလည်း အဲ့လိုအရာတွေကို ခံစားဖို့ မဟုတ်ဘူးလို့ ကျွန်​တော်ထင်တယ်” လို့ RM က ရှင်းပြခဲ့ပါတယ်။

ဒါ​ပေမဲ့လည်း ​ခေါင်း​​ဆောင်အ​နေနဲ့ ဂုဏ်ယူမိတဲ့ အခိုက်အတန့်​တွေလည်း ရှိတယ်လို့ သူက ​ပြောပြခဲ့ပါတယ်။ RM က “ကျွန်​တော် ဂုဏ်ယူမိတဲ့ အချိန်​က​တော့ ကျန်တဲ့အဖွဲ့ဝင်​တွေက “Nam Joon ​ကြောင့် ကျွန်​တော်တို့ ဒီ​နေရာကို ​ရောက်လာခဲ့တာပါ။ သူ့ရဲ့ ကြိုးစားအားထုတ်မှုမပါရင် ဒီ​လောက်ထိ ခရီး​ရောက်လာမှာ မဟုတ်ဘူး’ လို့ ​ပြောတဲ့အချိန်ပါပဲ။ ဒါ​ပေမဲ့ ဒါက ကျွန်​တော်ဟာ ​​ခေါင်း​ဆောင်မို့ ပိုပြီး ကြိုးစားတာမဟုတ်​ပေမဲ့ အ​သေးစိတ် အာရုံစိုက်ဖို့လိုတဲ့ အရာ​တွေ​တော့ရှိတယ်။ အဲ့ဒါကို သိ​ပေးတဲ့အတွက် သူတို့ကို ကျွန်​တော် ​ကျေးဇူးတင်တယ်” လို့ ဆိုပါတယ်။

​နောက်ဆုံးအ​နေနဲ့​ RM က “သူတို့က ကျွန်​တော် ​ခေါင်း​ဆောင်တစ်​ယောက်အ​နေနဲ့ လုပ်ခဲ့တာထက် ပိုပြီး အမွှန်းတင်ကြတယ်။ ဒါ​ကလည်း ကျွန်​​တော် သူတို့ရဲ့ ​​ခေါင်း​ဆောင်အ​နေနဲ့ ဆက်ရှိချင်ရတဲ့ အဓိကအ​ကြောင်းအရင်းပါပဲ” လို့ ​ပြောကြားခဲ့ပါတယ်။ RM ရဲ့ အ​ဖြေ​တွေထဲမှာဆိုရင် ​သူ့ရဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်ရှိပြီး နှိမ့်ချတတ်တဲ့ စိတ်ထားကို ​​တွေ့မြင်နိုင်ပါတယ်။

တခြားအဖွဲ့ဝင်​တွေကလည်း ကိုယ့်တာဝန်ကိုယ်ခွဲ​ဝေယူပြီး အလိုက်တသိနဲ့ ​နေတတ်လို့လည်း RM တစ်​ယောက် ​ခေါင်း​ဆောင်အ​နေနဲ့ တာဝန်အရမ်းမပိ​တာဖြစ်မယ်လို့ ထင်ပါတယ်။ ဒီလို ​ခေါင်း​ဆောင်​ကောင်းနဲ့ အသင်းသား​ကောင်း​တွေရဲ့ ဟန်ချက်ညီညီ ကြိုးစားအားထုတ်မှုနဲ့ တာဝန်ထမ်း​ဆောင်မှုတို့​ကြောင့်လည်း BTS ဟာ ယ​နေ့လို ​အောင်မြင်တဲ့ ကမ္ဘာ​ကျော် အဖွဲ့တစ်ဖွဲ့ဖြစ်လာတာဖြစ်ပါတယ်။

Source : SBS Star
Written : ZL