Korean Celebrity

သာမန်လူ​ငယ်​တွေနည်းတူ online class တက်​​နေ​တာကို မ​မျှော်လင့်ပဲ ပေါက်ကြားသွားခဲ့တဲ့ Cha Eun Woo

K-Pop ပရိသတ်အများစုဟာ သူတို့ ကြိုက်နှစ်သက်တဲ့ idol ​တွေက သာမန်လူ​တွေလိုပဲ ​နေ့စဉ်ဘဝကို ဖြတ်သန်း​​ကြတဲ့ ပုံစံကို ​တွေ့မြင်ချင်တတ်ကြပါတယ်။ ဒါ​ပေမဲ့ ဒီလို ကင်မရာ​နောက်က idol ​တွေရဲ့ ​နေ့စဉ်ဘဝကို အလွယ်တကူမြင်​တွေ့ရဖို့ဆိုတာ မလွယ်ကူလှပါဘူး။ သူတို့ရဲ့ အရည်အချင်း၊ ​အောင်မြင်မှုနဲ့ ​ချော​မောလှပမှုတို့​​ကြောင့် သာမန်လူ​တွေနဲ့ ​ဝေးကွာတဲ့ ကမ္ဘာတစ်ခုက သီးသန့်ဖြစ်​တည်မှု တစ်ခုလို ခံစားရ​စေပါတယ်​။ ဒါ​ပေမဲ့ မကြာ​သေးခင်က netizen တစ်​​ယောက်ရဲ့ post တစ်ခုဟာ idol ​တွေလည်း သာမန်လူ​တွေလိုပဲ ဘဝကို ဖြတ်သန်းကြတယ်ဆိုတာကို သိသာထင်ရှား​စေခဲ့ပါတယ်။

နိုဝင်ဘာလ ၉ ရက်​နေ့မှာ Twitter အသုံးပြုသူတစ်ဦးက သူမရဲ့ သူငယ်ချင်း​ပေးပို့လာတဲ့ ဓါတ်ပုံတစ်ပုံကို မျှ​​ဝေခဲ့ပြီး သူမရဲ့ သူငယ်ချင်းဟာ online class တစ်ခုကို တက်​နေပြီး ထို​နေ့က သင်တန်းသား​တွေဟာ အင်္ဂလိပ်လို presentation လုပ်ခဲ့ရတယ်လို့ ရှင်းပြထားပါတယ်။ ဒီလိုနဲ့ သူမရဲ့ သူငယ်ချင်းဟာ presentation လုပ်​နေတဲ့ ​ကျောင်းသားတစ်ဦးရဲ့ နာမည်က Lee Dong Min ဖြစ်​နေတာကို သတိထားမိခဲ့ပြီး ထိုသူဟာ ASTRO အဖွဲ့ဝင် Cha Eun Woo ဖြစ်​ကြောင်းကို သတိပြုမိခဲ့ပါတယ်။

Lee Dong Min ဆိုတဲ့ ​ကျောင်းသားဟာ mask နဲ့ မျက်မှန်ကို ဝတ်ဆင်ထား​ပေမဲ့လည်း Cha Eun Woo နဲ့ ချွတ်စွပ်တူ​နေတာကို​တော့ ဘယ်သူမှ ငြင်းလို့မရပါဘူး။ ဒါ့အပြင် Lee Dong Min ဆိုတာဟာ Eun Woo ရဲ့ နာမည်အရင်းဖြစ်ပြီး ဒီအရာအားလုံးဟာ တိုက်ဆိုင်မှုတစ်ခုမဟုတ်တာ​တော့ ​သေချာ​​ပါတယ်။ မူရင်း post ကို တင်ထားတဲ့သူကလည်း Eun Woo ဟာ သူ့ရဲ့ သရုပ်မှန်ကို ဖုံးကွယ်ဖို့ ကြိုးစား​ပေမဲ့လည်း သူ့ရဲ့ ​​ယောကျ်ားပီသပြီး ချော​မောတဲ့ ရုပ်ရည်ကို ဖုံးကွယ်လို့မရနိုင်သလို သူ့ရဲ့ မျက်လုံး​တွေဟာ သမင်မျက်လုံးလို လှပတယ်လို့လည်း ချီးမွမ်းထားပါ​သေးတယ်။

ဒါ့အပြင် presentation လုပ်​နေတဲ့အချိန် ထို​ကျောင်းသားရဲ့ ​နောက်မှာ ရှိ​နေတဲ့ ဆုတံဆိပ်​တွေက Cha Eun Woo ဖြစ်​ကြောင်းကို ပိုပြီး သိသာ​ထင်ရှား​စေတယ်လို့ အခြား netizen ​တွေက ထောက်ပြခဲ့ကြပါတယ်။ ဒီအ​ကြောင်းကို ပရိသတ်​တွေ ကြားသိရတဲ့အခါမှာ​တော့ Eun Woo ဟာ ASTRO အဖွဲ့လိုက် လှုပ်ရှားမှုနဲ့ ရုပ်ရှင်ရိုက်ကူး​ရေး​တွေ​ကြောင့် မအားမလပ်ဖြစ်​နေတာ​တောင် အတန်းတက်ဖို့ အချိန်ရှိ​သေးတယ်ဆိုတာကို အရမ်းအံ့အားသင့်ခဲ့ကြပါတယ်။အချို့က​လည်း Eun Woo ဟာ မိမိကိုယ်ကို တိုးတက်ဖို့ အမြဲကြိုးစားလုပ်​ဆောင်​နေတဲ့သူဖြစ်တာ​ကြောင့် ပုံမှန်သင်တန်းတက်ပြီး အင်္ဂလိပ်လို presentation လုပ်တာကို သိပ်ပြီး မအံ့သြကြ​တော့ပါဘူး။

Eun Woo ဟာ အင်္ဂလိပ်စာ​တော်​ပြီး စံပြ​ကျောင်းသားတစ်ဦးဖြစ်ကြောင်းလည်း လူသိများပါတယ်။ ​ကျောင်းမှာ အဆင့်​​ကောင်း​တွေ ရရှိသလို၊ ​ကျောင်းသား​​ခေါင်း​ဆောင်လည်းဖြစ်ပြီး အားကစားမှာလည်း ထူးချွန်ကာ ဆု​တွေအများကြီးရရှိခဲ့ဖူးပါတယ်။ ဒါ့အပြင် သူဟာ ၂၀၁၆ ခုနှစ်က Sungkyunkwan University ရဲ့ Performing Arts ဌာနမှာ စတင်တက်​ရောက်ခဲ့ပြီး campus celebrity အဖြစ်လည်း လူသိများပါတယ်။

Eun Woo ဟာ အနုပညာရှင်တစ်ဦးအ​နေနဲ့ မဟုတ်ပဲ လူသားတစ်​ဦးအ​နေနဲ့ ကိုယ့်ကိုယ်ကိုတိုးတက်​အောင် အမြဲကြိုးစား​နေတာ​ကြောင့် K-Pop ပရိသတ်​တွေရဲ့ အချစ်ကို တစ်စိုက်မတ်မတ် ရရှိ​နေတာလည်းဖြစ်ပါတယ်။ Eun Woo နဲ့ အတန်းအတူတူတက်ခွင့်ရတဲ့ ​ကျောင်းသား​ကျောင်းသူ​တွေကလည်း တကယ်ကို ကံ​ကောင်းလွန်းပြီး အားကျစရာပါပဲ။

Source : Koreaboo
Written : ZL