Korean Celebrity

Jennie နဲ့ ပထမဆုံးတွေ့ဆုံမှုအပေါ် “Squid Game” သရုပ်ဆောင် Anupam Tripathi ရဲ့ ခံစားချက်

BLACKPINK’s Jennie မှာက မြောက်မြားလှစွာသော ပရိသတ်တွေရှိပါတယ်။ ဒီထဲမှာ‌တော့ Squid Game ထဲက Ali အဖြစ် သရုပ်ဆောင်တဲ့ Anupam Tripathi ကလည်း အပါအဝင်ပါပဲ။ Anupam Tripathi ဟာ Netflix’s Squid Game ထဲက တကိုယ်ကောင်းမဆန်ဘဲ သစ္စာရှိတဲ့ Ali အဖြစ် သရုပ်ဆောင်ရင်း နာမည်ကြီးလာပြီး ချစ်ခင်အားပေးတဲ့ပရိသတ်တွေကို ရရှိပိုင်ဆိုင်ထားသူပါ။

ဇာတ်လမ်းထဲကလိုပဲ Anupam ဟာ သဘောကောင်းပြီး ဖော်ရွေပျူငှာသူတစ်ယောက်ပါ။ ထူးခြားချက်ကတော့ BLINK တစ်ဦးဖြစ်နေတာပါပဲ။ Melon Station အပိုင်း ၁၆၃ မှာတုန်းက Anupam Tripathi ဟာ ရိုက်ကွင်းမှာ Jennie နဲ့ တွေ့ဆုံမှုအကြောင်းကို ကျေနပ်စွာပြောပြခဲ့ပါတယ်။

BLINK တစ်ဦးဖြစ်တာကြောင့် Jennie ကို လူချင်းကိုယ်တိုင်တွေ့လိုက်ရတာဟာ သူ့အတွက် အဖိုးတန်ကြောင်းကို ပြောပြလာခဲ့ပါတယ်။ “Jennie က ရိုက်ကွင်းကို လာ‌လည်တော့ ကျွန်တော် တွေ့ဆုံခွင့်ရခဲ့ပါတယ်။ သရုပ်ဆောင်တစ်ယောက်နဲ့ တွေ့ဆုံတဲ့အခါ ဖြစ်လာတဲ့ခံစားချက်မျိုးမဟုတ်ဘဲ တော်တော်လေး ကွဲပြားခြားနားနေခဲ့ပါတယ်။

ကျွန်တော့် Jennie ရဲ့ လက်မှတ်ကို‌တောင် ရခဲ့သေးတယ်။ တော်တော်ကြီးကိုပျော်နေခဲ့တာပဲ။ Rockstar ကြီးတစ်ယောက်ကို တွေ့ရလို ပျော်သလိုမျိုး ပျော်နေခဲ့တာပါ” ဆိုပြီး ပွဲမှာ ပြောပြခဲ့ပါတော့တယ်။ Jennie နဲ့ Jung Ho Yeon ကတော့ တကယ့် သူငယ်ချင်းအရင်းကြီးတွေဖြစ်တာကြောင့် ရိုက်ကွင်းအထိ သွားရောက်အားပေးခဲ့တာပါ။

၂၀၂၀ ခုနှစ် ဇူလိုင်လမှာတော့ Squid Game စတင်ရိုက်ကူးခဲ့ပြီး သူမရဲ့သူငယ်ချင်းဖြစ်သူ Jung Ho Yeon ကို အားပေးတဲ့အနေနဲ့ Food Truck ပါ ပို့ပေးခဲ့ပါသေးတယ်။ “သရုပ်ဆောင်များ၊ ထုတ်လုပ်ရေးအဖွဲ့သားများ၊ ဝန်ထမ်းများအားလုံး~ Saebyeok-unnie ကို အများကြီး ဂရုစိုက်ပေးပါဦးနော်” လို့ ရေးပြီးတော့ကို Support ခဲ့တာဖြစ်ပါတယ်။ Jung Ho Yeon ကြောင့်ပဲ Jennie နဲ့ တွေ့ဆုံခွင့်ရခဲ့တဲ့ Ali က‌တော့ Successful Fanboy ‌လေး ဖြစ်လာခဲ့ပါတော့တယ်။

Source: Koreaboo
Photos: Koreaboo
Translated by Ivy