Korean Celebrity

Gucci ရဲ့ Global Ambassador ​အသစ်စက်စက်တွေ ဖြစ်လာကြတဲ့ Lee Jung Jae နဲ့ Shin Min Ah

ကိုရီးယားအနုပညာနယ်ပယ်ထဲက ထိပ်တန်းမင်းသားတစ်ဦးဖြစ်တဲ့ Lee Jung Jae ဟာ အီတလီ ဇိမ်ခံဖက်ရှင် brand Gucci ရဲ့ global ambassador ဖြစ်လာခဲ့ပြီဖြစ်ပါတယ်။ ဒီအ​ကြောင်းကို မင်းသား Lee Jung Jae ကိုယ်တိုင်က သူ့ရဲ့ Instagram မှာ ဓါတ်ပုံအချို့ကို တင်ပြီး ပရိသတ်​တွေကို အသိ​ပေးခဲ့ပါတယ်။

Lee Jung Jae ဟာ နိုဝင်ဘာလ ၆ ရက်​နေ့က ပြုလုပ်ခဲ့တဲ့ LACMA Art+ Film Gala မှာလည်း Gucci ရဲ့ ဥက္ကဌ Marco Bizzarri နဲ့ အတူတွဲပြီး မြင်​တွေ့ခဲ့ရပါတယ်။ တကယ်​​တော့ သူတို့ ၂ ဦးရဲ့ ​တွေ့ဆုံမှုဟာ ဒီလိုသတင်း​ကောင်းကြားရဖို့အတွက် ကြိုပြီး အရိပ်အမြွက်​ပေးခဲ့တာဖြစ်ပါတယ်။

တစ်ဖက်မှာ ​နောက်ထပ် ကိုရီးယားအနုပညာ​လောကရဲ့ ထိပ်တန်းအနုပညာရှင်တစ်ဦးဖြစ်တဲ့ မင်းသမီး Shin Min Ah ကလည်း ထို​နေ့မှာပဲ မင်းသား Lee Jung Jae နဲ့အတူ Gucci ရဲ့ global ambassador အဖြစ် ခန့်အပ်ခံခဲ့ရပါတယ်။

ဒီသတင်းနဲ့ ပတ်သက်ပြီး သူမရဲ့ ​အေဂျင်စီဖြစ်တဲ့ AM Entertainment က “အီတလီ ဇိမ်ခံဖက်ရှင် brand Gucci ရဲ့ global ambassador အဖြစ် ခန့်အပ်ခံရတဲ့ Min Ah.. ​ရှေ့​လျှောက် Min Ah နဲ့ Gucci တို့ရဲ့ ပူး​ပေါင်းလုပ်​ဆောင်ချက်​တွေကို ​စောင့်​မျှော်​ပေးကြပါ” လို့ ​​ပြောကြားခဲ့ပြီး Shin Min Ah ကိုယ်တိုင်ကလည်း သူမရဲ့ Instagram မှာ Gucci photoshoot က ဓါတ်ပုံအချို့ကို တင်ထားခဲ့ပါတယ်။

မင်းသား Lee Jung Jae ​ဟာ Netflix ရဲ့ “Squid Game” ဇာတ်ကား​ကြောင့် ယခုနှစ်ထဲမှာ ကမ္ဘာ​ကျော်ခဲ့ပြီး ​ယခင်ကထက် အောင်မြင်​ကျော်ကြားလာခဲ့ပါတယ်။ မင်းသမီး Shin Min Ah ကလည်း ၂၀၂၁ ခုနှစ်ထဲမှာ “Hometown Cha Cha Cha” ဇာတ်လမ်းတွဲနဲ့ ပရိသတ်​တွေရဲ့ အချစ်ကို ထပ်မံသိမ်းပိုက်နိုင်ခဲ့ပြီး ၂၀၂၁ ခုနှစ်မှာ ​ရေပန်းအစားဆုံး မင်းသမီးတစ်ဦးဖြစ်လာခဲ့ပါတယ်။

သူတို့နှစ်ဦးဟာ ၂၀၁၉ ခုနှစ်က ထွက်ရှိခဲ့တဲ့ “Chief of Staff” ဇာတ်လမ်းတွဲမှာ အတူတွဲဖက်သရုပ်​ဆောင်ခဲ့ဖူးပါ​သေးတယ်။ Gucci ဟာ Lee Jung Jae နဲ့ Shin Min Ah တို့အပြင် EXO အဖွဲ့ဝင် Kai, IU, Luhan, Xiao Zhan နဲ့ အခြားနာမည်ကြီး အာရှအနုပညာရှင်​တွေကိုလည်း ambassador အဖြစ် ခန့်အပ်ထားပါ​သေးတယ်။

Source : Koreaboo
Photo : from_jjlee, illusomina (IG)
Written : ZL