Korean Celebrity

မိခင်ဖြစ်သူ​တွေရဲ့ ​ချော​မောလှပမှုကို အ​မွေဆက်ခံထားတဲ့ မိန်းက​လေး K-Pop Idol များ

နိုဝင်ဘာလ ၉ ရက်​နေ့တုန်းက Elle Korea မဂ္ဂဇင်းဟာ “မိခင်ဖြစ်သူ​တွေလိုပဲ လှပ​ချော​မောတဲ့ မိန်းက​လေး idol များ” ဆိုတဲ့ ​ခေါင်းစဉ်နဲ့ ​ဆောင်းပါးတစ်​စောင် ဖြန့်ချီခဲ့ပါတယ်။ Elle Korea က ​ရွေးချယ်ခဲ့တဲ့ အဲ့ဒီ မိန်းက​လေး idol ​တွေက ဘယ်သူ​တွေလဲဆိုတာကို​တော့ ​အောက်မှာ ဆက်ပြီး ဖတ်ရှုကြည့်လိုက်ပါဦး​နော်

  1. BLACKPINK အဖွဲ့ဝင် Jennie

ပထမဆုံးတစ်ဦးက​တော့ BLACKPINK အဖွဲ့ဝင် Jennie ဖြစ်ပါတယ်။ Jennie နဲ့ သူမရဲ့အ​မေဟာ ရုပ်ချင်းဆင်ရုံမက ဖက်ရှင်အမြင်ချင်းလည်းတူကြတယ်လို့ Elle Korea က ​ဖော်ပြထားပါတယ်။ Jennie ရဲ့ အ​မေဟာ ရိုးရှင်းပြီး ​ဗြောင်အဝတ်အစား​တွေကို ဝတ်ဆင်တတ်​ပေမဲ့ သူမရဲ့ ထူးခြားတဲ့ တွဲစပ်မှု​တွေက လူ​တွေရဲ့ အမြင်အာရုံကို ဖမ်းစားနိုင်​လေ့ရှိတယ်လို့ ဆိုပါတယ်။

Jennie ရဲ့ Instagram မှာ တင်ထားတဲ့ပုံအရဆိုရင် ဒီစကားဟာ အမှန်ဆိုတာကို သက်​သေပြလို့​နေပါတယ်။ ဒီလို ထူးခြားတဲ့ ဖက်ရှင်အမြင်နဲ့ လှပတဲ့ ရြပ်ရည်တို့​ကြောင့် Jennie ရဲ့ အ​မေဟာ ယခင်က ​မော်ဒယ်တစ်ဦးဖြစ်တယ်လို့လည်း သတင်း​တွေထွက်​ပေါ်ခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်က Chanel Paris Fashion Week show မှာ Jennie ဝတ်ဆင်ခဲ့တဲ့ မိုးပြာ​ရောင် ကုတ်အင်္ကျီအောက်က အတွင်းခံ အင်္ကျီဟာ သူမအ​မေရဲ့ အင်္ကျီဖြစ်တယ်လို့လည်း တချို့က ဆိုပါတယ်။

  1. Girl’s Day အဖွဲ့ဝင် Hyeri

မိခင်ဖြစ်သူရဲ့ အလှအပကို အ​မွေဆက်ခံထားတဲ့ ​နောက်ထပ် idol က​တော့ Girl’s Day အဖွဲ့ဝင် Hyeri ဖြစ်ပါတယ်။ K-Pop ပရိသတ်မဟုတ်တဲ့သူ​တွေက​​တော့ သူမကို “Reply 1988” ထဲက Deok Soon ဇာတ်​ကောင်နဲ့ စတင်သိကျွမ်းခဲ့ကြပါလိမ့်မယ်။ Hyeri ဟာ သူမရဲ့ အ​မေကို အရမ်းချစ်သူဖြစ်ပြီး YouTube နဲ့ Instagram လို ဆိုရှယ်မီဒီယာ​တွေမှာလည်း ​ချော​မောလှပတဲ့ သူမရဲ့ အ​မေပုံကို မျှ​ဝေ​လေ့ရှိပါတယ်။ သူမဟာ အ​မေဖြစ်သူဆီက အလှအပတင်သာမကပဲ စိတ်ထား​ကောင်းမှုကိုလည်း အ​မွေဆက်ခံခဲ့တာဖြစ်ပါတယ်။

၂၀၁၉ ခုနှစ်မှာ Hyeri ဟာ UNICEF Honors Club ရဲ့ အသက်အငယ်ဆုံး အဖွဲ့ဝင်ဖြစ်လာခဲ့သလို သူမဟာ အ​မေဖြစ်သူဆီက ပရဟိတစိတ်ဓါတ်ကို ​လေ့လာသင်ယူခဲ့တယ်လို့ ​ပြောပြခဲ့ဖူးပါတယ်။ သူမ idol အ​နေနဲ့ မ​အောင်မြင်လာခင်မှာ သူမရဲ့ အ​မေဟာ စက်ရုံအလုပ်သမားအ​နေနဲ့ ဆယ်စုနှစ်တစ်ခုစာ​လောက် လုပ်ကိုင်ပြီး ​ကျွေး​မွေး​​စောင့်​ရှောက်ခဲ့ရပါတယ်။ ဒါ​ကြောင့် ဒီအရာတွေကို မြင်​တွေ့ခဲ့ရတဲ့ Hyeri ဟာ ​ကျေးဇူးသိတတ်ပြီး ​အလှူအတန်းရက်​​ရောတဲ့သူတစ်​ယောက်အဖြစ် ကြီးပြင်းလာခဲ့တာဖြစ်ပါတယ်။

  1. Jeon So Mi

K-Pop ပရိသတ်​တော်​တော်များများက​တော့ “Descendants of the Sun” drama မှာ ပါဝင်သရုပ်​​ဆောင်ခဲ့တဲ့ Jeon So Mi ရဲ့ အ​ဖေဖြစ်သူ Dutch-Canadian နိုင်ငံသား Matthew Douma ကို ရင်းနှီးပြီးသားဖြစ်မှာပါ။ မကြာ​သေးခင်က ထွက်ရှိခဲ့တဲ့ So Mi ရဲ့ ​”XOXO” MV မှာဆိုရင်လည်း သူမရဲ့ အ​ဖေဟာ cameo အ​နေနဲ့ ပါဝင်ခဲ့ပါ​သေးတယ်။ So Mi ကို ဖခင်နဲ့ဖြစ်သူနဲ့ ပိုပြီး​တွေ့ရ​လေ့ရှိ​ပေမဲ့ ဆိုရှယ်မီဒီယာကတစ်ဆင့် သူမရဲ့ မိခင်အတွက် အချစ်​တွေကို​လည်း ထုတ်​ဖော်ပြသခဲ့ပါ​သေးတယ်။

Jeon So Mi နဲ့ သူမရဲ့ အ​မေတို့ တွဲရိုက်ထားတဲ့ပုံမှာဆိုရင် သူတို့ ၂ ဦးရဲ့ မျက်လုံး၊ မျက်ခုံး၊ နှုတ်ခမ်းနဲ့ အပြုံးတို့ဟာ အ​တော်​လေးဆင်တူတာကို ​တွေ့နိုင်ပါတယ်။ So Mi ရဲ့ အ​မေဖြစ်သူဟာ အရွယ်တင်လှပလွန်းလို့ တကယ့်အသက်အရွယ်ကို​တောင် ခန့်မှန်းလို့ မရ​လောက်​အောင်ပါပဲ။ ဒါ့အပြင် So Mi နဲ့ သူမရဲ့အ​မေတို့ဟာ ဆက်ဆံ​ရေးအလွန်​ကောင်းပြီး တစ်ဦးကိုတစ်ဦး အရမ်းချစ်ကြပါတယ်။

တစ်ခါကဆိုရင် So Mi ရဲ့အ​မေဟာ သူမစားဖို့ သစ်သီး​​တွေကို ခွဲပြီး ​ရေခဲ​​သေတ္တာကို ထည့်ကာ “အ​မေက သမီးရဲ့ အ​မေဖြစ်​​နေလို့ တကယ်​ဝမ်းသာပျော်ရွှင်ရပါတယ်။ ချစ်တယ်” ဆိုတဲ့ စာလေးကို ချန်ထားခဲ့တဲ့အ​ကြောင်း So Mi က သူမရဲ့ Instagram Story မှာ တင်ခဲ့​သေးပါတယ်။

Source : Kpopstarz
Photo : Facebook, Twitter
Written : ZL