Korean Celebrity

ကမ္ဘာ့အဆင့်ထိ ဝင်ရောက်နိုင်ခဲ့တဲ့ ပထမဆုံးသော ကိုရီးယား OST အဖြစ် ဂုဏ်တင်နိုင်ခဲ့တဲ့ “Yours”

BTS အဖွဲ့ဝင် Jin ကတော့ အသစ်ထွက်ထားတဲ့ OST သီချင်းတစ်ပုဒ်တည်းနဲ့တင် အောင်မြင်မှုပေါင်းများစွာကို ရရှိနေပါတယ်။ “Jirisan” အတွက် “Yours” ဆိုတဲ့ OST သီချင်းကို သီဆိုပေးခဲ့ပြီး ဒီသီချင်းဟာလည်း ကမ္ဘာ့အဆင့်အထိကို ထိုးဖောက်ဝင်ရောက်ကာ နေရာယူနိုင်ခဲ့တာပါ။ နိုဝင်ဘာလ (၁၁) ရက်နေ့မှာဆိုရင် Jin ရဲ့ “Yours” သီချင်းဟာ Spotify’s Global Chart စာရင်းထဲမှာ ပါဝင်နိုင်ခဲ့ပြီး ဒီစာရင်းမှာ မှတ်တမ်းတင်ရင်းပါဝင်နိုင်ခဲ့တဲ့ ပထမဆုံးသော ကိုရီးယား OST သီချင်းဖြစ်လာခဲ့ပါပြီ။

Jin အတွက် အဖွင့်လှခဲ့ပြီး အောင်မြင်မှုတွေရရှိနေတဲ့ “Yours” OST ကတော့ စစထွက်တဲ့နေ့ကတည်းက ‌စံချိန်တင်လာခဲ့ရာ ကမ္ဘာ့သီချင်းပေါင်းများစွာ အပြိုင်အဆိုင်ရှိနေတဲ့ Spotify မှာ ရပ်တည်နိုင်ခဲ့တာ ကိုရီးယား OST တွေထဲ အကြီးမားဆုံးစွမ်းဆောင်နိုင်မှုပါပဲ။ November 11 ရက်နေ့မှာပဲ Spotify Korea နဲ့ World Music Awards ဖက်ကနေ “Yours” သီချင်းရဲ့ အဆင့်ဝင်ထားတဲ့မှတ်တမ်းကို အတည်ပြုခဲ့ပါတယ်။

ဒီ OST ဟာ Global Spotify chart ရဲ့ သီချင်းပေါင်းများစွာအနက် အဆင့် (၄၅) နေရာမှာ ရပ်တည်နေခဲ့ပါတယ်။ ဒီမှတ်တမ်းဟာ ကိုရီးယား OST တွေအနက် ပထမဆုံးအကြိမ်ဖြစ်တာကြောင့် အကြီးကျယ်ဆုံးအောင်မြင်မှုတွေကို ရရှိနေတဲ့ OST တစ်ပုဒ်အဖြစ် နာမည်တွင်သွားပါပြီ။

“Yours” သီချင်းဟာ ထွက်ရှိပြီး ၁၅ နာရီအတွင်းမှာပဲ Spotify မှာ ဝင်ရောက်နားဆင်မှုပေါင်း ၁.၄ သန်းကျော်ကို ပိုင်ဆိုင်ထားခဲ့တာပါ။ ကမ္ဘာ့ဈေးကွက်အကြီးဆုံးဖြစ်တဲ့ ဂျပန်နိုင်ငံမှာလည်း အဆိုပါစံချိန်ကို ရရှိခဲ့သလို ထွက်ရှိပြီးပထမရက်မှာ Streaming ပြုလုပ်မှုပေါင်း 1,692,766 ရရှိခဲ့ပြီး ဒုတိယနေ့မှာတော့ 1,739,640 ကို ရရှိခဲ့ပါတယ်။

ဒုတိယရက်ရဲ့ စံချိန်ဟာ Soloist တွေရဲ့ OST တွေအနက် နေ့စဉ် Streaming ပြုလုပ်မှုမှတ်တမ်းမှာ အမြင့်ဆုံးပါပဲ။ စုစုပေါင်းရရှိမှုဟာ 3,432,406 streams ရှိခဲ့တာကြောင့် ကြည့်ရှုနားဆင်မှု 3 million ကျော်ရရှိနိုင်ခဲ့တဲ့ အမြန်ဆုံးသော ကိုရီးယား Solo OST တစ်ပုဒ်ပါဖြစ်လာခဲ့ပါတယ်။ ကမ္ဘာ့ iTunes Chart တွေမှာလည်း မြောက်မြားလှစွာသော စံချိန်တွေတင်နေတဲ့ “Yours” ဟာ နောက်ထပ် ဘယ်လိုမျိုး Record တင်နိုင်ဦးမလဲဆိုတာ ဂုဏ်ယူစွာစောင့်ကြည့်အားပေးရပါမယ်နော်။

 

Source: Soompi
Photos: Soompi
Translated by Ivy