Korean Celebrity

သူ့ကို နှစ်ရှည်လများအားပေးလာတဲ့ Fan အတွက် ဂုဏ်ပြုစာရေးပေးခဲ့တဲ့ Oh sehun

November လ ၁၁ ရက်နေ့မှာ ‘Curry: I Am A Person Who Makes Curry” ဆိုတဲ့ Essay စာအုပ်ထွက်ရှိခဲ့ပါတယ်။ စာရေးသူဆရာမကတော့ Kim Min Ji ဖြစ်ပြီး သူမဟာ Seongbuk-dong မှာတည်ရှိတဲ့ Korea နာမည်ကြီး Curry ဆိုင်ရဲ့ ပိုင်ရှင် ဖြစ်ပါတယ်။ထိုစာအုပ်ထဲမှာ သူမရဲ့ နာမည်ကြီး curry ဟင်း ချက်နည်းကို ဘယ်လို idea နဲ့ ရလာခဲ့သလဲဆိုတာ ရေးထားပါတယ်။

သူမဟာ Mangwon-dong မှာ chef အရင် စ လုပ်ခဲ့ပြီး ထိုစျေးတန်းမှာ ထောင်ထားတဲ့ menu board တွေပေါ်မှာ သူမရဲ့ curry ဟင်းက လူစိတ်ဝင်စားဆုံး menu ဖြစ်ခဲ့တယ်လို့ဆိုပါတယ်။ Menu နာမည်က ‘ViVi Curry’ ဖြစ်ပြီး ထမင်းကို Vivi ပုံစံ ပုံဖော်ထားပြီး အပေါ်က curry ဆမ်းထားပါတယ်။

ViVi ဆိုတာက အားလုံးသိတဲ့အတိုင်း EXO အဖွဲ့ဝင် Sehun ရဲ့ အချစ်တော်ခွေးလေးပါ။ စာဖိုမှူး Kim min ji ဟာ Sehun ရဲ့ အမာခံပရိတ်သတ်ဖြစ်တာကြောင့် ဒီဟင်းကို တီထွင်ခဲ့တာ ဖြစ်ပါတယ်။ ခုတော့ ဒီဟင်းပွဲနဲ့ နာမည်ကြီးသွားပြီး ဆိုင်ကောင်းကောင်း ထူထောင်နိုင်ခဲ့တဲ့အပြင် သုမရဲ့ အတ္ထုပတ္တိစာအုပ်ကိုပါ ထုတ်ဝေခဲ့ပါတယ်။

Sehun က လည်း သိရှိသွားပြီး စာအုပ်အဖုံးရဲ့ မိတ်ဆက်စာအတွက် ခုလိုရေးပေးခဲ့ပါတယ်။ “ဒီစာအုပ်ကို ထုတ်ဝေတော့မယ်လို့ စ ကြားကြားချင်းက ကျွန်တော်ရီမိခဲ့တယ်။စာအုပ်နာမည်က “ViVi Curry” ဆိုတော့ ဒီထဲမှာ ဘာများပါမှာ မို့လို့လည်းပေါ့။ ဒါပေမဲ့ စာအုပ်ရဲ့ နောက်ဆုံး စာမျက်နှာထိ ဖတ်ပြီးသွားတဲ့အခါ ကျွန်တော်ချက်ချင်း စိတ်ပြောင်းသွားတယ်။ စာကြောင်း တစ်ကြောင်းစီတိုင်းက တကယ်ရင်ထဲထိသွားတယ်။

ကျွန်တော်ရဲ့ fan ဖြစ်တဲ့သူက ကျွန်တော့်ကို inspired ယူပြီး ခုလို အောင်မြင်သွားတာဆိုတော့ သူ့အတွက် ဂုဏ်ယူဝမ်းမြောက်မိပါတယ်။ တနေ့တော့ Vivi ကို ပါခေါ်သွားပြီး အာ့ curry ဟင်းကို စားကြည့်မယ်ဗျာ။ Vivi ကတော့ curry မစားနိုင်ဖူးဆိုပေမဲ့ သူ့အတွက် ပန်းသီးလေး တစ်လုံးတော့ ကျွေးမယ်ထင်တာဘဲ။ ViVi က ကောင်းလိုက်တာ။

ကျွန်တော့်ထက် Vivi ကို ပိုကြိုက်နေတဲ့ fan နဲ့ လာတွေ့နေတယ်” kim min ju ကတော့ တကယ်ကံကောင်းလိုက်တာနော်။ ကိုယ့်လုပ်ငန်း ကိုယ့်ဝါသနာ အောင်မြင်တဲ့အပြင် ကိုယ့်အရည်အချင်းကို ကိုယ့် idol ကလည်း အသိအမှတ်ပြုပေးသေးတယ်။ တကယ့်တော်တဲ့ EXO L တွေပါဘဲ။

Source: Allkpop
Written : Violet