Korean Celebrity

ကလပ် မှာလုပ်နေတဲ့ Dj snake ရဲ့ ပွဲကိုသွားပြီးပျော်ရွှင်မြူးထူးခုန်ပေါက်နေတဲ့ Lisa

Lisa, Ozuna, Megan Thee Stallion , Dj sanke တို့ လေးယောက်ပေါင်းပြီး SG ဆိုတဲ့ သီချင်းကို အရင်လက ထုတ်ခဲ့ပါတယ်။ MV လည်း ထွက်ရှိခဲ့ပြီး MV ထဲမှာ Lisa က လွဲလို့ ကျန် ၃ ယောက်က အတူတူရိုက်ကူးခဲ့ပါတယ်။ Lisa က Korea မှာ ဖြစ်နေတဲ့အတွက် အတူပူးပေါင်းမရိုက်ကူးနိုင်ခဲ့တာ ဖြစ်ပါတယ်။

DJ snake ကတော့ Lisa နဲ့ ဆုံချင်နေပြီး အတူမရိုက်နိုင်တာ နှမျောမိတယ်လို့ဆိုပါတယ်။ ဒါပေမဲ့ ဒီလအစောပိုင်းမှာ Lisa ဟာ Seoul ကနေ LA ကို ဘယ်သူမှမသိအောင် တိတ်တိတ်လေးထွက်ခွါသွားခဲ့ပြီး fri တွေနဲ့ နယ်စုံလျှောက်သွားကာပျော်နေခဲ့ပါတယ်။ အထူးသဖြင့် DJ snake နဲ့ လည်း တွေ့ဆုံခဲ့ပါသေးတယ်။

ဒီနေ့ ညနေပိုင်းဆို Las Vegus က Zouk Nightclub မှာလုပ်နေတဲ့ Dj snake ရဲ့ပွဲကို Lisa က သွားလည်ခဲ့ပြီး စင်နားမှာ ကနေပါတယ်။ Dj snake ကလည်း Lisa ရဲ့ money သီချင်းကိုဖွင့်ပေးခဲ့သလို SG သီချင်းကိုလည်း ရှယ်ဖွင့်ခဲ့ပါတယ်။ Club ထဲမှာ လူတော်တော်များပြီး Lisa ကို တွေ့လိုက်သူတွေကတော့ video ပါ ရိုက်ထားကြပါတယ်။

ထို video တွေဟာ social media တွေမှာ ပျံ့နှံ့နေပါပြီ။ Video တိုင်းမှာ Lisa က ပြုံးပျော်ပြီးကနေတာကိုတွေ့ရပါတယ်။ Lisa ကို သေချာဖိတ်ခဲ့ပြီး ခုလိုပျော်အောင်လုပ်ပေးတဲ့ Dj snake ကိုတော့ Blink တွေက ကျေးဇူးတင်နေကြပါတယ်။

Source : Twitter
Written: Violet