Korean Celebrity

BTS နဲ့ ARMY တို့အတွက် အထူးခြားဆုံး (၅) နှစ်ပြည့်နေ့ဖြစ်တဲ့ နိုဝင်ဘာလ (၁၃) ရက်နေ့

BTS နဲ့ ARMY တို့ကြားက ပတ်သက်ဆက်နွယ်မှုစကားလေးဖြစ်တဲ့ “I Purple You” ကတော့ ARMY တွေအတွက် အထူးတီထွင်မှုတစ်ခုပါ။ V တစ်ယောက် စတင်တီထွင်အသုံးပြုလိုက်တဲ့ “I Purple You” (သို့) “Borahae” ဟာ နိုဝင်ဘာ (၁၃) ရက်နေ့မှာပဲ (၅) နှစ်ပြည့်သွားခဲ့ပါပြီ။

Taehyung က ဒီအထူးစာလုံးလေးတွေကို ၂၀၁၆ နိုဝင်ဘာ (၁၃) ရက်နေ့ BTS Muster concert မှာ ပရိသတ်တွေအတွက် မှာတမ်းခြွေရင်းပြောခဲ့တဲ့စကား‌လေးတွေပါ။ ARMY တွေအပေါ်ထားတဲ့ သူ့ရဲ့အချစ်တွေကို ဖော်ပြရာမှာသုံးခဲ့တာဖြစ်လို့ ထိုအချိန်စပြီး ခရမ်းရောင်ဟာ BTS နဲ့ ARMY တို့ရဲ့ ကိုယ်စားပြုအရောင်လေးဖြစ်လာခဲ့ပါတယ်။

V ရဲ့ “I Purple You” ဆိုတဲ့အသုံးလေးဟာ တကမ္ဘာလုံးကို့ပျံ့နှံ့သွားပြီး ထူးကဲစွာ BTS နဲ့ ARMY တို့ပဲ သီးသန့်သုံးကြတဲ့ စကားလုံးလေးဖြစ်လာခဲ့ပါတယ်။ BTS နဲ့ လက်တွဲလုပ်သမျှ brand တွေ၊ အသိအမှတ်ပြုအဖွဲ့အစည်းတွေကအစ “I Purple You” အမှတ်အသားနဲ့ ခရမ်းရောင်ကိုအသုံးပြုက ထုတ်လုပ်တဲ့အထိ BTS နဲ့ Fandom တစ်ခုလုံးအတွက် ကိုယ်စားပြုခဲ့ပါတယ်။

“Borahae” ဆိုတဲ့ အပြောလေးကလည်း ARMY တိုင်း သုံးတတ်ကြတဲ့စကားလုံးလေးတစ်ခုအဖြစ် ပိုင်ဆိုင်ထားကြတယ်။ ၂၀၂၁ နိုဝင်ဘာလ (၁၃) ရက်နေ့မှာတော့ ဒီစကားလုံးလေးတွေ ပေါ်ပေါက်လာခဲ့တာ ၅ နှစ်ပြည့်သွားခဲ့ပါတယ်။

ဒီလိုထူးမြတ်တဲ့နေ့အတွက် ကမ္ဘာအနှံ့က ARMY တွေဟာ လှူဒါန်းမှုတွေ ပြုလုပ်နေကြပြီး Social media မှာလည်း #5YearsWithPurpleLoVe and FOREVER SWEET WITH TAEHYUNG စကားလုံးဖြင့် Trending ဝင်အောင်ပြုလုပ်ကာ သီးသန့်ဖြစ်တည်မှုအတွက် ဂုဏ်ပြုနေကြပါတယ်။ BTS အဖွဲ့အတွက် အရေးပါဆုံး ARMY တို့အချင်းချင်း “I Purple You” လို့ပြောရင်း ဒီလိုထူးမြတ်တဲ့နေ့ကြိ အတူတကွ ပျော်ရွှင်စွာ ဖြတ်သန်းလိုက်ရအောင်နော်။

Source: Allkpop
Photos: Allkpop
Translated by Ivy