Korean Celebrity

အနာဂတ်ကို စဉ်းစားရင်း တွေးကြောက်မိတာကြောင့် ရေချိုးခန်းထဲမှာ ငိုခဲ့ဖူးတဲ့ Suga

Suga ကိုတော့ အပေါ်ယံကြည့်ပြီးသုံးသပ်ရင် BTS အဖွဲ့ရဲ့ အအေးဆုံး၊ အချေဆုံးအဖွဲ့ဝင်တစ်ယောက်အဖြစ် သတ်မှတ်မိကြမှာပါ။ “savage” ဖြစ်တတ်တဲ့ စရိုက်လေးနဲ့ ပွင့်လင်းစွာပြောဆိုတတ်တာကြောင့် တဖွဲ့လုံးနဲ့ ARMY တွေက Suga ကို သိပ်ချစ်ကြပါတယ်။ အတွင်းစိတ်ထဲအထိ ထိုးဖောက်ဝင်ရောက်ခံစားကြည့်ရင်တော့ Suga ဟာ နွေးထွေးပြီး BTS အဖွဲ့ဝင်တွေကို အရိပ်တကြည့်ကြည့်နဲ့ ဘယ်လောက်ဂရုစိုက်တတ်သလဲဆိုတာကို မြင်ရမှာပါ။

တခါကတော့ မိသားစုလိုဖြစ်နေတဲ့ BTS အဖွဲ့အကြောင်းကိုတွေးရင်း အနာဂတ်မှာ ဘာဖြစ်မယ်မှန်းမသိတာကြောင့် ‌တွေးပြီးငိုခဲ့ကြောင်း ပြောပြခဲ့ဖူးပါတယ်။ ၂၀၁၇ လောက်ကစတင်ပြီး အရှိန်အဟုန်ပြင်းပြင်းနဲ့ အောင်မြင်မှုတွေရလာခဲ့ခါမှာသာ Suga က ဒီအကြောင်းကို ဖွင့်ပြောခဲ့တာပါ။

အဲ့တုန်းက BTS အနေနဲ့ performance at the AMAs မှာ ဖျော်ဖြေပြီးတဲ့အချိန်လို့ဆိုပါတယ်။ “ကျွန်တော်လေ ရေချိုးခန်းထဲမှာ ထိုင်ငိုခဲ့ဖူးတယ်။ BTS အနေနဲ့ အောင်မြင်ခဲ့တဲ့အရာတွေဟာ ကျွန်တော်တွေးထင်ထားတာတွေ၊ ဖြစ်လာနိုင်တယ်လို့ မျှော်လင့်ထားတာတွေထက် ပိုများနေတာကြောင့် ရင်ထဲမှာ တအားကြီးကို ခံစားသွားခဲ့ရတာ။

ချက်ချင်းဆိုသလို BTS အဖွဲ့လိုက် ရရှိလာမယ့် ဖိအားတွေကိုလည်း တွေးမိသွားတော့တာပဲ။ ဒါနဲ့ပဲ အဖွဲ့ရဲ့အနာဂတ်မှာ ဘာတွေဖြစ်လာမလဲဆိုတာ မသိနိုင်ဘူး။ တအားကို ကူညီရာမဲ့ခဲ့ပြီး မသေချာမှုတွေဖြစ်လာမှာကို တွေးကြောက်ပြီး ထိုင်ငိုမိခဲ့တာပါ” လို့ ဖွင့်ပြောခဲ့ရှာပါတယ်။

အနုပညာအလုပ်ကလည်း ထင်မထားတဲ့အချိန်မှာ စန်းထပြီး ချက်ချင်းအောင်မြင်လာနိုင်တာကြောင့် မသေချာလှတဲ့ လျှောက်လမ်းကြီးတစ်ခုပါ။ ဒါကြောင့်လည်း Suga က BTS အဖွဲ့ရဲ့အနာဂတ်ကိုတွေးတောမိရင်း ငိုမိခဲ့တာဖြစ်ပါလိမ့်မယ်။ ယခုအချိန်မှာတော့ နှစ်တွေအများကြီးကြာတာတောင် BTS အဖွဲ့ရဲ့ ဂီတအပေါ်လေးစားပြီး မြတ်နိုးတဲ့စိတ်ကြောင့် အောင်မြင်မှုထိပ်ဆုံးမှာ နေရာယူထားဆဲပဲဖြစ်ပါတော့တယ်။

Source: Koreaboo
Photos: BigHit Music
Translated by Ivy