Korean Celebrity

အ​မေဖြစ်သူရဲ့ အကြိုက်ဆုံးမင်းသား Lee Jung Jae နဲ့အတူ နိုင်ငံတကာရုပ်ရှင်ပွဲ​တော်ကြီးမှာ ​​​ဓါတ်ဖမ်းခဲ့တဲ့ Jennie

“Squid Game” ဇာတ်လမ်းတွဲနဲ့ ကမ္ဘာ​ကျော်စတားတစ်ဦးဖြစ်လာတဲ့ မင်းသား Lee Jung Jae ဟာ နိုဝင်ဘာလ ၁၄ ရက်​နေ့မှာ သူ့ရဲ့ Instagram က​နေ ၂၀၂၁ ခုနှစ် LACMA Art+ Film Gala က ပုံတစ်ချို့ကို ဘာ caption မှ မပါပဲ မျှ​ဝေခဲ့ပါတယ်။ အဲ့ဒီပွဲကို နိုဝင်ဘာလ ၆ ရက်​နေ့က ပြုလုပ်ခဲ့တာဖြစ်​ပေမဲ့ မင်းသား Lee Jung Jae ဟာ ထို​နေ့က Leonardo DiCaprio, Elle Fanning နဲ့ Eva Chow တို့လို အခြားကမ္ဘာ​ကျော်အနုပညာရှင်​တွေနဲ့ ​ရိုက်ကူးခဲ့တဲ့ ဓါတ်ပုံ​တွေကို ယခင်ရက်​​တွေက​​နေ အခုချိန်ထိ တဖြည်းဖြည်း ထုတ်​ဖော်ပြသ​နေဆဲပါပဲ။

အဲ့ဒီထဲကမှ ဓါတ်ပုံတစ်ပုံက​တော့ BLACKPINK အဖွဲ့ဝင် Jennie နဲ့ ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ BLACKPINK အဖွဲ့ဝင် Jennie ကလည်း အဲ့ဒီပွဲကို သူမရဲ့ မိတ်​ဆွေဖြစ်တဲ့ ​”Squid Game” မင်းသမီး Jung Ho Yeon နဲ့အတူ တက်​​​​ရောက်ခဲ့တာပါ။ ဒါ​ကြောင့် Lee Jung Jae နဲ့ Jennie တို့ဟာ ​ထိုပွဲမှာ ​တွေ့ဆုံမိခဲ့ပြီး ဒီတန်ဖိုးရှိတဲ့ အခိုက်အတန့်​လေးကို Lee Jung Jae က ဓါတ်ပုံအ​နေနဲ့ မှတ်တမ်းတင်ထားခဲ့ပါတယ်။

တချို့​တွေရဲ့ အမြင်မှာ​တော့ သူတို့ ၂ ဦးလုံးဟာ အနုပညာရှင်​တွေဆို​ပေမဲ့ လှုပ်ရှား​နေတဲ့ နယ်ပယ်ချင်းမတူတာ​ကြောင့် အဆက်အစပ်မရှိဘူးလို့ ထင်ရနိုင်ပါတယ်။ ဒါ​ပေမဲ့ Jennie ရဲ့ အ​​မေဖြစ်သူဟာ မင်းသား Lee Jung Jae ရဲ့ ပရိသတ်အကြီးစားဖြစ်တယ်လို့ သူမက JTBC ရုပ်သံလိုင်းရဲ့ “Knowing Bros” အစီအစဉ်မှာ ထုတ်​ပြောခဲ့ဖူးပါတယ်။

Jennie ရဲ့ အ​မေဟာ “Sandglass” ဇာတ်ကားကို ကြည့်ရှုပြီး Lee Jung Jae ကို အရမ်းနှစ်သက်သွားခဲ့တာ​ကြောင့် သား​လေး​​မွေးရင် ထိုဇာတ်​ကောင်နာမည်ဖြစ်တဲ့ “Jae Hee” လို့​တောင် ​အမည်​ပေးဖို့ ရည်ရွယ်ထားခဲ့ပါတယ်။ ဒါ​ပေမဲ့ သမီး​လေး​​မွေးဖွားခဲ့တာ​ကြောင့် Jae Hee နဲ့ နာမည်ချင်းဆင်တူတဲ့ Jennie ဆိုပြီး အမည်​ပေးခဲ့တာဖြစ်​ကြောင်း Jennie က ရှင်းပြခဲ့ဖူးပါတယ်။

တစ်ဖက်မှာ မင်းသား Lee Jung Jae ကလည်း BLACKPINK အဖွဲ့ရဲ့ မှတ်တမ်းရုပ်ရှင် “BLACKPINK: Light Up the Sky” ကို ကြည့်ပြီး​နောက် BLACKPINK အဖွဲ့ရဲ့ ပရိသတ်ဖြစ်လာခဲ့​ကြောင်း အင်တာဗျူးတစ်ခုမှာ​ပြောကြားခဲ့ဖူးပါတယ်။ အခုလို မင်းသား Lee Jung Jae နဲ့ Jennie တို့ ​ပျော်​ပျော်ရွှင်ရွှင် ရယ်​မော​နေတဲ့ ဓါတ်ပုံကို ​တွေ့ရင် Jennie ရဲ့ အ​မေဖြစ်သူလည်း ​သေချာ​ပေါက် ဝမ်းသာပီတိဖြစ်​နေလိမ့်မယ်လို့ ထင်ပါတယ်။

Source : Soompi
Photo : from_jjlee (Instagram)
Written : ZL