Korean Celebrity

ကမ္ဘာကျော်ငွေကြယ်ပွင့်တစ်ဦးဖြစ်တဲ့ Paris Hiton ရဲ့ Wedding Party ကို တက်ခဲ့ကြတဲ့ Chaennie

ကမ္ဘာကျော် ငွေကြယ်ပွင့်တစ်ဦးဖြစ်တဲ့ Paris Hiton ဟာ သူ့ရဲ့ငယ်သူငယ်ချင်း Carter Reum နဲ့ November လ 11 ရက်နေ့မှာ လက်ထပ်ခဲ့ကြပါတယ်။ ငွေကြေးချမ်းသာသူတွေမို့ မင်္ဂလာပွဲကို ခမ်းခမ်းနားနားကျင်းပခဲ့ကြပါတယ်။ ဒါတင်မကသေးပါဖူး။ မင်္ဂလာပွဲပြီး နောက်တစ်ရက်မှာ အားလုံးပျော်လို့ရအောင် After party ထပ်လုပ်ခဲ့ပါတယ်။

LA မှာရှိတဲ့ Santa Monica Pier မှာ Hiton က စားဖွယ်သောက်ဖွယ်မျိုးစုံနဲ့ တည်ခင်းဧည့်ခံခဲ့တာဖြစ်ပြီး ရှယ်ကဲလို့ရအောင် Dj သမားတွေ ဖျော်ဖြေသမားတွေကိုပါ ခေါ်ယူထားပါတယ်။ ဒါ့အပြင် Party ကြီး အသက်ဝင်သွားအောင် Game မျိုးစုံ စီစဉ်ပေးထားတဲ့အပြင် ချားရဟတ်တခုပါ ထားရှိပေးထားပါတယ်။

Wedding ကိုရော Party ကိုရော ကမ္ဘာကျော် Celebrity တွေအများကြီး တက်ရောက်ချီးမြင့်ခဲ့ပြီး BLACKPINK အဖွဲ့ဝင် Jennie နဲ့ Rosé တောင် တက်ခဲ့ပါသေးတယ်။ Jennie နဲ့ Rosé ဟာ လွန်ခဲ့တဲ့ရက်တွေထဲက ကိုယ့်ကိစ္စနဲ့ကိုယ် တသီးတခြားစီ LA ရောက်နေပေမဲ့ ဒီပွဲကျမှ နှစ်ဦးသား တူတူတက်ခဲ့တာဖြစ်ပါတယ်။

Wedding တက်တဲ့ပုံတော့ မတွေ့ရသေးပေမဲ့ Party မှာ တူတူရဟတ်စီးနေတဲ့ ပုံတွေတော့ social network တွေမှာ ထွက်ရှိလာခဲ့ပါတယ်။ ကောင်မလေးတွေက ပျော်နေတာမို့ ပုံတွေမြင်ရတဲ့ blink တွေက ဝမ်းသာနေကြပါတယ်။ LA ရောက်တိုင်း date ကြတဲ့ Chaennie ပါဘဲ။

Source: Allkpop
Written: Violet
Photo credit: Paris hilton IG acc