Korean Celebrity

2021 ခုနှစ် MAMA ဆု​ပေးပွဲကြီးရဲ့ စင်မြင့်ထက်မှာ မြင်​တွေ့ရဖို့ ​သေချာသွားပြီဖြစ်တဲ့ Wannaone နဲ့ Street Woman Fighter

နိုဝင်ဘာလ ၁၅ ရက်​နေ့မှာ Mnet ရဲ့ ထုတ်ပြန်​ကြေငြာချက်အရ Wanna One နဲ့ Street Woman Fighter ပြိုင်ပွဲဝင် အကအဖွဲ့​တွေဟာ ၂၀၂၁ ခုနှစ် Mnet Asian Music Awards ပွဲကို တက်​ရောက်သွားမှာဖြစ်ပြီး အထူး​ဖျော်​ဖြေမှု​တွေကို တင်ဆက်ပြသသွားမှာဖြစ်တယ်လို့ သိရှိရပါတယ်။

Mnet က “အဖွဲ့လိုက် လှုပ်ရှားမှု​တွေ ပြုလုပ်စဉ် ပြည်တွင်း​ရော ပြည်ပမှာပါ စံချိန်​တွေအမျိုးမျိုးတင်ပြီး K-Pop ကို ကမ္ဘာကြီးက ပိုသိလာ​အောင် ကူညီခဲ့တဲ့ Wanna One အဖွဲ့နဲ့ K-Dance ကို ကမ္ဘာက ပို​သိ​အောင် အ​ရေးကြီးတဲ့ အခန်းကဏ္ဍက ပါဝင်​ဆောင်ရွက်ခဲ့တဲ့ Street Woman Fighter အကအဖွဲ့​တွေဟာ ၂၀၂၁ MAMA မှာ ပါဝင်ဖို့ကို အတည်ပြုလိုက်ပါပြီ။

သူတို့ဟာ ပရိသတ်​တွေ ရင်ခုန်စိတ်လှုပ်ရှား​စေမယ့် ​အမိုက်စား ဖျော်​ဖြေမှု​တွေကို ပြင်ဆင်​နေပါပြီ” လို့ ​ပြောကြားထားတာပါ။ Mnet ဟာ Wannaone အဖွဲ့ဝင် ၁၁ ​ယောက်လုံးကို​တော့ ပြန်လည်မစုစည်းနိုင်ခဲ့ပါဘူး။ အဖွဲ့ဝင် Lai Kuan Lin က တရုတ်နိုင်ငံမှာ ရှိ​နေတာ​ကြောင့် ကျန်တဲ့ အဖွဲ့ဝင် ၁၀ ​ယောက်ကသာ ဒီအထူး​ဖျော်​ဖြေမှုမှာ ပါဝင်သွားမှာဖြစ်ပါတယ်။ ဒီ​ဖျော်​ဖြေမှုဟာ ၂၀၁၉ ခုနှစ် ဇန်နဝါရီလမှာ အဖွဲ့ဖျက်သိမ်းပြီး​နောက် ၂ နှစ်နဲ့ ၁၁ လကြာမှ ပထမဆုံး စင်မြင့်ထက်မှာ ပြန်လည်​မြင်​တွေ့ရမယ့် ​ဖျော်​ဖြေမှုဖြစ်ပါတယ်။

Mnet ရဲ့ မိခင်ကုမ္ပဏီဖြစ်တဲ့ CJ ENM က ဒီ​ MAMA ဖျော်​ဖြေမှုအပြင် Wannaone အဖွဲ့လိုက် album နဲ့ concert ​တွေပါ ပြုလုပ်ဖို့အထိ ရည်ရွယ်ထား​ပေမဲ့ အဖွဲ့ဝင် Hwang Minhyun ရဲ့ ​အေဂျင်စီဖြစ်တဲ့ Pledis Entertainment နဲ့ Ong Seong Woo ရဲ့ ​အေဂျင်စီဖြစ်တဲ့ Fantagio Entertainment တို့က ဒီအနုပညာရှင် ၂ ဦးမှာ အခြားအလုပ်​တွေရှိ​နေ​သေးတာကြောင့် လက်မခံခဲ့ဘူးလို့လည်း သိရပါတယ်။

တစ်ဖက်မှာ ဒီ ၂၀၂၁ ခုနှစ် MAMA ပွဲကို Street Woman Fighter အကအဖွဲ့ ဘယ်နှဖွဲ့က တက်​ရောက်ပြီး ​ဖျော်​ဖြေသွားမလဲဆိုတာကို​တော့ Mnet က ထုတ်​​ဖော်​ပြောကြားထားခြင်းမရှိပါဘူး။ ဒါ​ပေမဲ့ အဖွဲ့အားလုံးပါဝင်ပြီး သမိုင်းဝင် ​ဖျော်​ဖြေမှုတစ်ခု ​ပေါ်ထွက်လာလိမ့်မယ်လို့ ​မျှော်လင့်ရပါတယ်။ ၂၀၂၁ ခုနှစ် Mnet Asian Music Awards ပွဲကို​တော့ လာမယ့် ဒီဇင်ဘာလ ၁၁ ရက်​နေ့ ကိုရီးယားစံ​တော်ချိန် ည​နေ ၆ နာရီမှာ ‘Make Some Noise’ ဆိုတဲ့ theme နဲ့ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။

Source : Allkpop, Koreaboo
Photo : Twitter, Mnet
Written : ZL