Korean Celebrity

ကမ္ဘာ့အဆင့်ကြီးကျယ်ခမ်းနားတဲ့ GNA ဆု​ပေးပွဲမှာ အမြင့်ဆုံးဆိုတဲ့ ဆု​ကြီး​တွေကိုသာ သိမ်းပိုက်ခဲ့တဲ့ Global Artist (၃) ဦး

2021 Global Nubia Awards (GNAs) ကို နိုဝင်ဘာလ (၁၃) ရက်နေ့တုန်းက ခမ်းနားစွာကျင်းပပြုလုပ်ခဲ့ပြီး ဆုရရှိသူများကို ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ကမ္ဘာအဆင့် ဆုပေးပွဲ ဖြစ်တာကြောင့် နိုင်ငံတကာမှ ပြောင်မြောက်ထူးချွန်တဲ့အနုပညာရှင်ပေါင်းများစွာဟာ စကာတင်စာရင်းဝင်ခဲ့ကြပါတယ်။

“Global Actor Of The Year 2021” ဆုအတွက် စကာတင်ဝင်ခဲ့ကြတဲ့ အမျိုးသားဆုရှင်တွေထဲမှာ Vin Diesel, Can Yaman, Alexander Skarskgard, Regé-Jean Page, Lee Min Ho, Omar Sy, Xiao Zhan, Wang Yibo စသဖြင့် သရုပ်ဆောင်ပေါင်းများစွာပါဝင်ခဲ့ပါတယ်။

၂၀၂၁ ခုနှစ်အတွက် “Global Actor Of The Year” ဆုကို ရရှိသွားသူကတော့ တရုတ်နိုင်ငံသား ထိပ်တန်းကြယ်ပွင့်တစ်ဦးဖြစ်သူ Xiao Zhan ပါပဲ။ ရှောင်းကျန့်ဟာ အမေရိကန်၊ တရုတ်၊ ထိုင်ဝမ်၊ ဗီယက်နမ်၊ မြန်မာ၊ ဘရာဇီး၊ အာဂျင်တီးနား၊ တောင်အာဖရိက၊ ဂျာမနီ စတဲ့နိုင်ငံတွေရဲ့ မဲရလဒ်မှာ ထိပ်ဆုံးကနေ အမြင့်ဆုံးဦးဆောင်နိုင်ခဲ့ပြီး နိုင်ငံပေါင်း (၉၁) နိုင်ငံရဲ့ စုစုပေါင်းရလဒ်အရ ထိုဆုကို သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။

Kpop ခေတ်ရေစီးကြောင်းဟာ တကမ္ဘာလုံးကို တိုက်စားလာတာနဲ့အမျှ ဆုပေးပွဲတွေမှာ Kpop နဲ့ ပက်သက်တဲ့ ဆုတွေပေးဖို့ အကြောင်းဖန်လာခဲ့ပါတယ်။ ဒီ GNA ဆုပေးပွဲကြီးကလည်း တကမ္ဘာလုံးဆိုင်ရာ Queen of Kpop ဆုနဲ့ King of Kpop ဆု တွေပေးဖို့ လျာထားခဲ့ပါတယ်။

ခု 2021 ခုနှစ်ရဲ့ Female K-pop Idol Of The The Year Award (Queen Of K-pop) ဆုကိုတော့ BLACKPINK အဖွဲ့ဝင် Lisa မှ ရရှိခဲ့ပြီး Lisa က Tzuyu, Jennie, Rose, IU, Hwasa, CL, IRENE အစရှိတဲ့ တခြား kpop idol တွေထဲကမှ အရွေးခံခဲ့ရတာဖြစ်ပါတယ်။ Lisa အတွက် Thailand, Japan, Indonesia, the United States, Brazil, South Korea, Singapore အစရှိတဲ့ နိုင်ငံပေါင်း 83 နိုင်ငံက
Vote ခဲ့ကြောင်းလည်း သိရပါတယ်။

2021 ခုနှစ်ရဲ့ Male K-pop Idol Of The The Year Award (King Of K-pop) ကိုတော့ BTS အဖွဲ့ဝင် V မှရရှိခဲ့ပြီး Jimin, Jackson Wang, Sehun, Cha Eun Woo, Suga, Taemin, Jungkook အစရှိတဲ့ များစွာသော male idol တွေထဲကမှ V က ဒီဆုကို ထိုက်တန်စွာရရှိခဲ့တာဖြစ်ပါတယ်။ ဒီဆုရဖို့ V ကို ကမ္ဘာတဝှမ်းမှာရှိတဲ့ နိုင်ငံပေါင်း (103) နိုင်ငံက ပရိတ်သတ်တွေ vote ခဲ့ကြောင်း သိရပါတယ်။ အကြီးကျယ်ဆုံးသော ပွဲကြီးမှာ ထိပ်တန်းဆုတွေကို သိမ်းပိုက်နိုင်ခဲ့တဲ့ ကမ္ဘာ့အဆင့်အနုပညာရှင် (3) ယောက်လုံးကို ဂုဏ်ပြုလိုက်ပါတယ်နော်။

Source: Global Nubia Awards
Photo Credit: Global Nubia Awards
Written: Violet