Korean Celebrity

Dating လုပ်တာက သူတို့အတွက် မဖြစ်နိုင်ကြောင်း တွေးဆကာဖြေကြားခဲ့ဖူးတဲ့ Suga နဲ့ Jimin

အလုပ်တွေ၊ အချိန်ဇယားအပြည့်နဲ့ မအားလပ်အောင်ဖြစ်နေတဲ့ BTS အဖွဲ့ဝင်တွေကိုတော့ တခါက Dating လုပ်တာနဲ့ပတ်သက်ပြီး ELLE Girl Russia ကနေ အင်တာဗျူးခဲ့ဖူးပါတယ်။ ဒီအကြောင်းအရာကိုဖြေကြားခဲ့သူတွေကတော့ Suga နဲ့ Jimin ပါပဲ။ သူတို့ နှစ်ယောက်စလုံးက Dating လုပ်တယ်ဆိုတာဟာ ဖြစ်မလာနိုင်လောက်ဘူးဆိုပြီး သေချာပေါက်ပြောခဲ့တာလည်းဖြစ်ပါတယ်။

အလုပ်ကိုပဲအာရုံစိုက်ထားတဲ့ Suga က သူတို့မှာ ဒိတ်လုပ်ဖို့ အချိန်မရှိကြောင်းကို ပြောပြခဲ့ပါတယ်။ “မနက်ကို အစောကြီးထရပြီး တနေ့မှာ ၂၄ နာရီနီးပါး လေ့ကျင့်ရပါတယ်။ နေ့ရက်တိုင်းအဲ့အတိုင်းပါပဲ။ ကျွန်တော်တို့အဖွဲ့နေရာကိုရောက်မှာ စာနာနားလည်နိုင်မယ်လို့ထင်ပါတယ်။ ကျွန်တော်တို့မှာ တကယ်ကြီးကို အချိန်မရှိတာပါ။‌ မိုးလင်းခါနီးမှ အလုပ်ပြီးရင်တောင် လေ့ကျင့်ဖို့အတွက် မနက်အစောကြီးထရတာပါ” ဆိုပြီး ပြောပြခဲ့ပါတယ်။

Jimin ကလည်းပဲ အချိန်ဇယားအပြည့်နဲ့လှုပ်ရှားနေရတာဖြစ်လို့ တဖွဲ့လုံး ဒိတ်လုပ်ဖို့အချိန်ကို မရှိဘူးလို့ ဆိုပါတယ်။ “ကျွန်တော်တို့ တကယ်လို့များ ဒိတ်လုပ်ဖြစ်ရင်‌တောင် ပုံမှန်စုံတွဲတွေနဲ့ တော်တော်ကြီးကွဲထွက်နေမှာပါ။ ကျွန်တော်တို့တဖွဲ့လုံး ဘယ်သူနဲ့မှကို ဒိတ်မရလောက်ဘူးလို့ ထင်တာပဲ။

ကျွန်တော်တို့မှာ ကိုယ့်မိသားစုဝင်တွေကိုတောင် တွေ့ဖို့အချိန်မရှိပါဘူး။ BTS အဖွဲ့ဝင်တွေရဲ့ နေ့ရက်တွေဖြတ်သန်းရပုံက တခြားသူတွေနဲ့ အများကြီးကို ကွာခြားနေတာပါ။ တစ်‌ယောက်ယောက်နဲ့တွဲရင်တော့ တချိန်လုံးအဆက်အသွယ်ရှိနေတဲ့ အတွဲတွေလိုမျိုး ဖြစ်နေမှာမဟုတ်တာတော့ သေချာပါတယ်” လို့ပါ ထပ်ဖြည့်ပြောသွားခဲ့ပါတယ်။

လက်ရှိအချိန်အထိ BTS အဖွဲ့ဝင် (၇) ‌‌ယောက်စလုံးရဲ့ Dating သတင်းရယ်လို့ ထွက်လာတာမျိုးကို မရှိဖူးသေးပါဘူး။ ဘယ်သူကမှလည်း အချစ်ရေးကို ခေါင်းထဲထည့်ပြီး တွေးတောနေတာမျိုးမရှိဘဲ အနုပညာအလုပ်တွေကိုသာ အကောင်းဆုံးကြိုးစားရင်း အောင်မြင်မှုတွေကို ပတ်သိမ်းနေတာဖြစ်လို့ ARMY တွေကကို ဂုဏ်ယူနေရတာပါ။

Source: Koreaboo
Photos: Koreaboo
Translated by Ivy