Korean Celebrity

ဘဲလေးကဖို့ ရပ်နားခဲ့ရတဲ့ အကြောင်းအရင်းအစစ်အမှန်ကို ဖွင့်ပြောခဲ့ပြီဖြစ်တဲ့ Mina

TWICE အဖွဲ့ဝင် Mina ဟာ Idol တစ်ဦးဖြစ်မလာခင်က ဘဲလေးအကပညာရှင်တစ်ဦးဖြစ်ပါတယ်။ ဘဲလေးအကကို ၁၁ နှစ်ကျော်ကြာအောင် လေ့လာသင်ယူခဲ့သူဖြစ်လို့ သူမရဲ့ ဒီဝါသနာကို စွန့်လွှတ်ခဲ့ရတဲ့အကြောင်းအရင်းကို ပရိသတ်တွေက အမျိုးမျိုးထင်ကြေးပေးခဲ့ကြပါတယ်။ ဒီထဲက အပြောများကြတာကတော့ K-pop idol ဖြစ်လာဖို့ ဘဲလေးအကကို စွန့်လွှတ်ခဲ့တယ်ဆိုတဲ့အချက်ပါပဲ။

ဒါပေမဲ့ Mina ကတော့ တကယ့်အကြောင်းအရင်းအစစ်အမှန်ကို ‌ဖွင့်ထုတ်ပြောပြခဲ့ပါပြီ။ November 15 ရက်နေ့မှာတော့ 1theK ရဲ့ “IDDP” အစီအစဉ်မှာ TWICE အဖွဲ့ဝင်တွေဟာ သူမတို့နဲ့ပတ်သက်ပြီး သတင်း‌ထွက်နေတဲ့ အချက်အလက်တွေကို ဟုတ်မဟုတ် ပြောပြခဲ့ပါတယ်။ Mina ကတော့ ဘဲလေးအကကို စွန့်လွှတ်ခဲ့တဲ့အကြောင်းကို ‌ဖွင့်ပြောခဲ့တာဖြစ်ပါတယ်။

“ကျွန်မက trainee တစ်ဦးဖြစ်မလာခင် ဘဲလေးအကကို အချိန်အကြာကြီး သင်ယူလေ့ကျင့်ခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်မက စွန့်လွှတ်ခဲ့တယ်ပေါ့နော်။ အဓိက အကြောင်းအရင်းက trainee တစ်ဦးဖြစ်လာခဲ့လို့မဟုတ်ဘဲ တခြားအကတွေကို သင်ယူချင်ခဲ့လို့ပါ။ မိဘတွေနဲ့အတိုက်အခံဖြစ်ပြီးတော့ကို ဘဲလေးအကကို စွန့်လွှတ်ခဲ့တာပါ။

ကျွန်မက အချိန်အကြာကြီးသင်ယူခဲ့တော့ မိဘတွေက “ဒီအတိုင်းကြီး စွန့်လွှတ်ပစ်လိုက်တာဟာ ကုန်လွန်ခဲ့တဲ့အချိန်တွေကို ဖြုန်းပစ်လိုက်သလိုပဲ” ဆိုပြီး ဆူကြတာပေါ့နော်။ ကျွန်မကလည်း ‘ဒါဆိုရင် သေတဲ့အထိ ဘဲလေးပဲ ကနေရမှာလား?’ လို့ ပြောရင်း တော်တော်လေး အချေအတင်ဖြစ်ခဲ့ကြတာ။ အစပိုင်းက အဖေကော၊ အမေကော ကျွန်မရဲ့ နှုတ်ထွက်မယ့် ဆုံးဖြတ်ချက်ကို တော်တော်ကြီး ကန့်ကွက်ခဲ့ကြပါတယ်” လို့ ဖြစ်ကြောင်းကုန်စင်ကို ပြောပြခဲ့ပါတော့တယ်။

Mina ကတော့ သူမရဲ့ ဆုံးဖြတ်ချက်အတွက် နောင်တရပုံ လုံးဝမပေါ်ခဲ့ပါဘူး။ TWICE အဖွဲ့ဝင်တစ်ဦးဖြစ်လာဖို့အတွက် ကံပါလာလို့သာ ဘဲလေးအကကို စွန့်လွှတ်ခဲ့ရတာ‌ဖြစ်ကြောင်း ကျေနပ်စွာပြောနေခဲ့တဲ့ Mina ရဲ့ ပြတ်သားတဲ့စိတ်ဓာတ်နဲ့ ဖြစ်ချင်တဲ့အရာအတွက် အရာရာကို စွန့်လွှတ်ပြီး အောင်မြင်အောင်လုပ်နိုင်တဲ့ ဇွဲကို တကယ်အားကျအတုယူနေမိပါပြီ။

Source: Kpopstarz
Photos: Kpopping
Translated by Ivy