Korean Celebrity

2021 ခုနှစ်မှာ ထုတ်လွှင့်ပြသခဲ့တဲ့ ကုန်ကျစရိတ်အများဆုံး ကိုရီးယားဇာတ်လမ်းတွဲ (၄) ခု

ပရိသတ်​တွေ ​နေ့စဉ်​နေ့တိုင်း ကြည့်ရှု​နေကြတဲ့ ကိုရီးယားဇာတ်လမ်းတွဲတစ်ခုဖြစ်လာဖို့ကို မီလီယံဝမ်က​နေ ဘီလီယံဝမ်အထိ ကုန်ကျ​လေ့ရှိပါတယ်။ ဒီကုန်ကျစရိတ်​တွေဟာ ရိုက်ကွင်းအပြင်အဆင်၊ ဇာတ်လမ်းထဲမှာ ပါဝင်မယ့် သရုပ်​​ဆောင်၊ အသုံး​ဆောင်ပစ္စည်း၊ တည်းဖြတ်ထုတ်လုပ်မှု​တွေ​ပေါ်မှာ မူတည်ပါတယ်။ ယခုတစ်ခါမှာ​တော့ ၂၀၂၁ ခုနှစ်ထဲမှာ ထုတ်လွှင့်ပြသခဲ့တဲ့ ထုတ်လုပ်မှုကုန်ကျစရိတ်အများဆုံး ဇာတ်လမ်းတွဲ ၄ ခုကို ​ဖော်ပြ​ပေးချင်ပါတယ်။

1. Squid Game

ယခုနှစ်အတွင်း တစ်ကမ္ဘာလုံး ဟိုး​လေးတ​ကျော်​ကျော်ဖြစ်သွားခဲ့တဲ့ Netflix drama “Squid Game” က​တော့ အပိုင်း ၉ ခုအတွက် ဝမ် ၂၀ ဘီလီယံ​လောက် ကုန်ကျခဲ့ပါတယ်။ ထို့​ကြောင့် အပိုင်း ၁ ပိုင်းစာကို ၂.၂၂ ဘီလီယံ ကျသင့်ပြီး ယခုနှစ်အတွက် ကုန်ကျစရိတ်အကြီးဆုံး ကိုရီးယားဇာတ်လမ်းတွဲ​တွေထဲက တစ်ခုအဖြစ် ရပ်တည်​နေပါတယ်။ ဒီ​ကလည်း ရိုက်ကွင်းအပြင်အဆင်၊ အသုံးအ​ဆောင်​တွေနဲ့ များပြားလှတဲ့ သရုပ်​ဆောင်​တွေရဲ့ အနုပညာ​ကြေးတို့​ကြောင့် ဖြစ်ပါတယ်။

2. Jirisan

လက်ရှိ tvN က​နေ ပြသ​နေတဲ့ မင်းသမီး Jeon Ji Hyun နဲ့ မင်းသား Joo Ji Hoon တို့ရဲ့ “Jirisan” ဇာတ်လမ်းတွဲရဲ့ ကုန်ကျစရိတ်ကလည်း “Squid Game” ​လောက် နီးနီးပါပဲ။ ဇာတ်လမ်းတစ်ပိုင်းကို ပျမ်းမျှအားဖြင့် ဝမ် ၂ ဘီလီယံနဲ့ ၂.၂၂ ဘီလီယံကြား ကျသင့်ပြီး ၁၆ ပိုင်းစာဆိုရင် ဝမ် ၃၂ ဘီလီယံနဲ့ ၃၅ ဘီလီယံကြား ကုန်ကျပါတယ်။

“Jirisan” ဟာ မင်းသား Joo Ji Hoon နဲ့ မင်းသမီး Jeon Ji Hyun တို့လို ထိပ်တန်းအနုပညာရှင်​တွေပါဝင်တာ​ကြောင့် ​ပေးရတဲ့ အနုပညာရှင်​တွေမနည်းပါဘူး။ ဒါ့အပြင် အချို့ဇာတ်ဝင်ခန်း​တွေအတွက် တကယ့် ​Jiri ​တောင် အစစ်မှာ သွား​ရောက် ရိုက်ကူးဖို့ မဖြစ်နိုင်တာ​ကြောင့် computer graphic ​တွေအများကြီး အသုံးပြုရတဲ့အတွက် ဒီ​လောက်ထိ ကုန်ကျစရိတ်များပြား​နေတာဖြစ်ပါတယ်။

3. The Penthouse : War in Life

၂၀၂၁ ခုနှစ်မှာ ပြသခဲ့တဲ့ “The Penthouse” seasons 2 နဲ့ 3 က​တော့ ဝမ် ၃၀ ဘီလီယံနီးပါး ကုန်ကျခဲ့ပါတယ်။ Season 3 မှာဆိုရင် အပိုင်း ၁၄ ပိုင်း ပါဝင်ပြီး တစ်ပိုင်းကို ဝမ် ၂.၁၄ ဘီလီယံ​လောက် ရင်းနှီးမြှုပ်နှှံခဲ့တယ်လို့ ခန့်မှန်းရပါတယ်။ ဒီ​ငွေ​တွေကို ရိုက်ကွင်းအပြင်အဆင်​​​တွေ၊ ​စျေးကြီး အသုံးအ​ဆောင်​တွေ၊ သရုပ်​ဆောင်​တွေရဲ့ တန်ဖိုးကြီး အဝတ်အစား​တွေနဲ့ အနုပညာ​ကြေးအတွက် အဓိက အသုံးပြုခဲ့ရတာဖြစ်ပါတယ်။

4. Vincenzo

“Vincenzo” ဇာတ်လမ်းတွဲရဲ့ အပိုင်း ၁၆ ပိုင်းစာအတွက်​တော့ ကုန်ကျစရိတ်စုစု​ပေါင်း ဝမ် ၂၀ ဘီလီယံ​လောက်ရှိခဲ့ပါတယ်။ ကိုဗစ်ကပ်​​ရောဂါ​ကြောင့် ရိုက်ကူး​ရေးအဖွဲ့ဟာ အီတလီနိုင်ငံမှာ ရိုက်ကူးရမယ့် ဇာတ်ဝင်ခန်း​တွေကို သွား​ရောက်ရိုက်ကူးခြင်း မလုပ်နိုင်ခဲ့ပဲ တကယ် အီတလီ​နိုင်ငံမှာ ရိုက်ထားသလို ထင်ရ​အောင် computer effect ​တွေ သုံးခဲ့ရပြီး အဲ့အတွက် ပိုက်ဆံအများကြီး ကုန်ကျခဲ့ပါတယ်။ ​

နောက်ထပ်တစ်ချက်က​တော့ ကိုရီးယားမင်းသား​တွေထဲမှာ အနုပညာ​ကြေး အမြင့်ဆုံး မင်းသားတစ်ဦးဖြစ်တဲ့ Song Joong Ki က ဒီဇာတ်လမ်းတွဲမှာ ​ခေါင်း​ဆောင်မင်းသားအဖြစ် ပါဝင်သရုပ်​ဆောင်ခဲ့တာ​ကြောင့် ဖြစ်ပါတယ်။

Source : Kbizoom
Photo : Instagram
Written : ZL