Korean Celebrity

ခံစားချက်မကောင်းတဲ့နေ့တွေမှာ Lisa လေး ဘယ်လိုမျိုးအားအင်မွေးပြီး ဖြတ်သန်းလေ့ရှိသလဲ

ကမ္ဘာကျော် Idol ဖြစ်တာကြောင့် အချိန်ဇယားအပြည့် အလုပ်လုပ်နေရပေမဲ့လည်း တခါတရံမှာ ဘာမှလုပ်ချင်ကိုင်ချင်စိတ်မရှိဘဲ ခံစားချက်မကောင်းဘဲ ယုံကြည်ချက်တွေပျောက်ဆုံးသလိုမျိုး ခံစားရတဲ့ Idol တွေ အများကြီးပါပဲ။ BLACKPINK’s Lisa ကလည်းပဲ စိတ်အဆင်မပြေတဲ့နေ့တွေရှိလာရင် ကုစားအားဖြည့်တဲ့အနေနဲ့ တက်ကြွလန်းဆန်းသွားအောင် လုပ်လေ့ရှိတဲ့အရာလေးရှိပါတယ်။

ဒီနည်းကတော့ သူမ အမြဲလိုလိုလုပ်နေကျဖြစ်တာကြောင့် စိတ်ပျော်ရွှင်ဖို့ ယုံကြည်စိတ်ချရတဲ့နည်းလို့တောင် ညွှန်းထားခဲ့ပါတယ်။ Audacy radio ရဲ့ အစီအစဉ်တင်ဆက်သူ Bru နဲ့အတူ Lisa က အင်တာဗျူးတစ်ခုကို ဖြေဆိုခဲ့ပါတယ်။ အဆိုပါအင်တာဗျူးမှာပဲ သူမရဲ့ စိတ်အခြေအနေတိုးတက်ကောင်းမွန်ဖို့နဲ့ ခက်ခဲပင်ပန်းတဲ့အချိန်တွေမှာ အကောင်းမြင်စိတ်ရှိအောင် ကြိုးစားနေထိုင်တဲ့အကြောင်းကို ပြောပြသွားခဲ့ပါတယ်။

အစီအစဉ်မှူးက စိတ်ပျက်လက်ပျက်ဖြစ်‌တဲ့နေ့မျိုးဆိုရင် ဘယ်လိုကုစားလေ့ရှိလဲဆိုပြီး Lisa ကို မေးခဲ့ပါတယ်။ ဒါကိုတော့ Lisa က “အဲ့လိုအချိန်တွေရောက်လာရင် အမေ့ဆီကို ဖုန်းဆက်လိုက်တာပဲ။ ပြီးရင် ခံစားနေရတာတွေကို ရင်ဖွင့်ချလိုက်တာပဲ။ အမေနဲ့စကားပြောပြီးသွားတာနဲ့ ခံစားချက်က လန်းဆန်းတက်ကြွသွားသလိုပဲ။

ရင်ထဲကအလုံးကြီးကျသွားသလိုပေါ့။ အဆင်ပြေသွားရင် ‘Okay, အခုမှ အလုပ်လုပ်နိုင်တော့တယ်။ လုပ်ဖို့အဆင်ပြေသွားပြီ’ လို့ ပြောပြီး အားတွေရှိသွားရော” ဆိုပြီး ဖြေပေးခဲ့ပါတယ်။ အားလုံးသိကြတဲ့အတိုင်း Lisa ဟာ သူမရဲ့မိသားစုနဲ့ အလွန်ရင်းနှီးနွေးထွေးပြီး Lisa အတွက်လည်း အကောင်းဆုံးမိတ်ဆွေတွေဆိုရင်တောင် မမှားပါဘူး။

ဘယ်သူမဆိုပါပဲ.. အဆင်မပြေမှုတွေရှိလာတဲ့အခါ ကိုယ့်မိဘကို ရင်ဖွင့်လိုက်ရင် အလုံးစုံအဆင်ပြေသွားသလိုမျိုးခံစားရပြီး ရှေ့ဆက်ဖို့ အားရှိကြရပါတယ်။ Lisa လေးလိုပဲ အကယ်၍ ကိုယ့်ဆီမှာများ စိတ်အဆင်မပြေဖြစ်လာရင် မျိုသိပ်ပြီးခံစားမနေဘဲ ကိုယ့်ရဲ့မိသားစုတွေကို ရင်ဖွင့်ချလိုက်ပါနော်။

Source: Koreaboo
Photos: Koreaboo
Translated by Ivy