Korean Celebrity

မွေး​နေ့ကို ချစ်ရတဲ့ Ahgase​ တွေနဲ့အတူ တန်ဖိုးရှိစွာ ဖြတ်သန်းခဲ့တဲ့ GOT7 အဖွဲ့ရဲ့ အငယ်ဆုံး​လေး Yugyeom

GOT7 အဖွဲ့ရဲ့ အငယ်ဆုံး​လေး Yugyeom ဟာဆိုရင် နိုဝင်ဘာလ ၁၇ ရက်​နေ့ မ​နေ့က အသက် ၂၄ နှစ်ပြည့်သွားခဲ့ပြီဖြစ်ပါတယ်။ Ahgase ​တွေနဲ့ GOT7 အဖွဲ့ဝင်​တွေဟာ Yugyeom ရဲ့ ​မွေး​နေ့ကို ဆင်နွှဲဖို့ ဒီ​နေ့ကို ကြိုပြီးစောင့်​မျှော်​နေခဲ့ကြတာပါ။ ဒါ​ကြောင့် ကိုရီးယားစံ​တော်ချိန် ၁၂ အတိ​ရောက်ပြီဆိုတာနဲ့ social media ​တွေမှာ ​မွေး​နေ့ဆု​တောင်း​တွေကို တင်ပြီး ဂုဏ်ပြုခဲ့ကြပါတယ်။ ဒါဆိုရင် Yugyeom က​ရော ဒီနှစ် သူ့ရဲ့ ​မွေး​နေ့ကို ဘယ်လိုဖြတ်သန်းခဲ့ပါသလဲ?

​လူအများစုဟာ မွေး​နေ့​ရောက်ပြီဆိုတာနဲ့ အစား​ကောင်းအ​သောက်​ကောင်း​တွေစားပြီး ​မွေး​နေ့ကို ဆင်နွှဲဖို့ စဉ်းစားတတ်ကြပါတယ်။ Yugyeom လည်း ထို့အတူပါပဲ။ သူဟာ အရသာရှိတဲ့ အစား​ကောင်း​တွေစားဖို့ သူ့ရဲ့ အ​မေဖွင့်ထားတဲ့ Steak Box ဆိုတဲ့ စား​သောက်ဆိုင်ကို သွား​ရောက်ခဲ့ပါတယ်။ ​အပြင်စာ​တွေပဲ အမြဲစား​နေရတဲ့ သူ့အတွက် လောကကြီးမှာ အ​မေ့လက်ရာထက်​ကောင်းတာ မရှိဘူးဆိုတာ Yugyeom လည်း သိပုံပါပဲ။

ဒါ​ပေမဲ့ ​မွေး​နေ့ပါတီဆိုတာ ချစ်ရတဲ့သူ​တွေနဲ့ အတူရှိမှ ပြည့်စုံတာမျိုးပါ။ Yugyeom ဟာ မိသားစုနဲ့တင်မက သူချစ်ရတဲ့ Ahgase ​တွေနဲ့ပါ ​​မွေး​နေ့ကို ဖြတ်သန်းခွင့်ရခဲ့ပါတယ်။ Yugyeom ရဲ့ အ​မေဖွင့်ထားတဲ့ ထို “Steak Box” ဆိုင်မှာ Ahgase ​တွေက Yugyeom ကို ကြို​စောင့်​နေခဲ့ကြပြီး surprise ​မွေး​​နေ့ပါတီလုပ်​ပေးခဲ့တာပါ။ ဆိုရှယ်မီဒီယာ​တွေ​ပေါ်မှာ ပြန်လည်မျှ​ဝေထားတဲ့ ဗီဒီယို​​တွေအရ များပြားလှတဲ့ Ahgase ​တွေကို ​တွေ့ပြီး အံ့အားသင့်သွားတဲ့ Yugyeom ရဲ့ပုံစံဟာ တကယ်ကို ချစ်စရာ​ကောင်းလှပါတယ်။

Photo: @gamgyeomm

Yugyeom ဟာ သူ့ကို လာ​စောင့်​နေကြတဲ့ Ahgase ​တွေနဲ့ ​တွေ့ဆုံစကား​ပြောခဲ့သလို Ahgase ​တွေကလည်း သူ့အတွက် ကိတ်မုန့်ကို ပြင်ဆင်လာကာ ​မွေး​နေ့သီချင်းကို သံပြိုင်သီဆို​ပေးခဲ့ကြပါတယ်။ Yugyeom ဟာလည်း Ahgase ​တွေရဲ့ ခုလို surprise ပါတီ​ကြောင့် အနည်းငယ်ရှက်​နေပုံ​ပေါ်​ပေမဲ့ ​စိတ်လှုပ်ရှားပြီး ဝမ်းသာပျော်ရွှင်​နေတာကိုလည်း သိရှိနိုင်ပါတယ်။ အဲ့ဒီ​နောက် Ahgase ​တွေနဲ့အတူ Steak Box ဆိုင်​ရှေ့မှာ အမှတ်တရဓါတ်ပုံရိုက်ကူးခဲ့ပါ​သေးတယ်။ မြင်ရသူ​တွေအဖို့​တော့ တကယ့်ကို ပီတိဖြစ်ပြီး အားကျစရာပါပဲ။

​ဒါ့အပြင် Ahgase ​တွေဟာ Yugyeom ရဲ့ ကုမ္ပဏီဖြစ်တဲ့ AOMG ကိုလည်း လက်​ဆောင်​တွေအများကြီးပို့​ပေးခဲ့ပါ​သေးတယ်။ Ahgase ​တွေက​တော့ သူတို့ရဲ့ အဆုံးမရှိတဲ့အချစ်​တွေကို Yugyeom တစ်​ယောက် သိရှိခံစားနိုင်​အောင် ​ဖော်ပြ​ခဲ့ကြတာ ဖြစ်ပါတယ်။ Yugyeom အတွက်လည်း သူ့ရဲ့ ၂၄ နှစ်ပြည့်​မွေး​နေ့ဟာ ဘယ်​တော့မှ ​မေ့မရမယ့် ​နေ့​လေးတစ်​နေ့အဖြစ် ကျန်​နေခဲ့မယ်လို့ ထင်ပါတယ်။

Photo: Got7 th support/Twitter

Source : Koreaboo
Photo : Twitter
Written : ZL