Korean Celebrity

YouTube Channel ကနေ ဖြုတ်ချခံလိုက်ရတဲ့ EXO အဖွဲ့ဝင် Baekhyun ရဲ့ vlog များ

EXO အဖွဲ့ဝင် Baekhyun ဟာ ကိုယ်ပိုင် YouTube Channel ကို 2019 ခုနှစ်မှာ စတင်ဖွင့်ခဲ့တာဖြစ်ပြီး ခုချိန်မှာ subscriber က 3.68 million ရှိပါတယ်။ နှစ်နှစ်အတွင်းမှာ vlog က 14 video ဘဲရှိတာမို့ သိပ် မတင်ဖြစ် ခဲ့ဖူးလို့ ဆိုရမှာပါ။ ဒါပေမဲ့ Baekhyun ဟာ 2021 ခုနှစ် May လ စစ်မှုထမ်းစဝင်တဲ့အချိန်မှာတော့ ပရိတ်သတ်တွေအလွမ်းပြေ ကြည့်ရှုလို့ရအောင် တစ်လကို vlog တစ်ခုတင်နိုင်အောင် ကြိုးစားပါ့မယ်လို့ ကတိပေးခဲ့ပါတယ်။

တကယ်လည်း may လ ထဲက လစဉ်တင်ပေးလာလိုက်တာဟာ ခုဆို November လ တောင်ရောက်ပြီမို့ Vlog (7) ခုတောင်ရှိပါပြီ။ ဒါပေမဲ့ ဒီနေ့မနက်ခင်းမှာ ထို vlog တွေအကုန်လုံးကို YouTube channel ကနေ ဖြုတ်ချခံလိုက်ရပါတယ်။ အကြောင်းရင်းကိုတော့ SM Entertainment ဘက်ကနေ စာထုတ်ပြီး ခုလို ဖြေရှင်းခဲ့ပါတယ်။

“SM Entertainment က ဖြစ်ပါတယ်။ KoongTube က content တွေ ဖြုတ်ချတာနဲ့ ပက်သက်ပြီး အသိပေးချင်လို့ပါ။ Baekhyun စစ်ထဲက ပြန်ထွက်မလာမချင်း vlog တွေ မတင်ဖြစ်တော့ပါဖူး။ ပရိတ်သတ်တွေ Baekhyun အပေါ်ချစ်မြတ်နိုးကြတာနဲ့ ပက်သက်ပြီး ပြန်လည်ကျေးဇူးဆပ်တဲ့အနေနဲ့ လစဉ် video တစ်ပုဒ်စီတင်ခဲ့ပါတယ်။

စစ်ထဲမဝင်ခင် ကြိုတင်စီစဉ်ရိုက်ကူးထားတာတွေကို ဒီလို ပြန်တင်ထားဟာ စည်းမျဉ်းစည်းကမ်း ဥပဒေတွေနဲ့ ညိနေတာမျိုးတော့ မရှိပါဖူး။ သို့သော်လည်း မမျှော်လင့်ဘဲ ဖြစ်လာနိုင်တဲ့ နားလည်မှုလွဲမှားခြင်းတွေကို တားဆီးနိုင်ဖို့အတွက် ထို vlog တွေကို ဖြုတ်ချဖို့ ကျွန်တော်တို့ ဆုံးဖြတ်လိုက်ပါတယ်။ ပရိတ်သတ်တွေအနေနဲ့ နားလည်ပေးကြဖို့ မျှော်လင့်ပါတယ်”

တောင်ကိုရီးယားမှာ စစ်မှုထမ်းနေတဲ့သူတွေဟာ စစ်ထဲရောက်နေတုန်းမှာ စစ်တပ်ကလည်းလစာပေးတဲ့အတွက် တခြားလုပ်ငန်းတွေ လုပ်ကိုင်ပြီး ပိုက်ဆံရှာလို့မရပါဖူး။ ခုတင်တဲ့ video တွေဟာ Baekhyun စစ်ထဲမဝင်ခင် ရိုက်ထားတာမို့ ထို Law နဲ့ Baekhyun ဟာ ညိတော့မညိပါဖူး။ ဒါပေမဲ့လည်း YouTube က အမြတ်ငွေတွေ Baekhyun ထံ ဝင်နေတယ်ဆိုတဲ့ သဘောမျိုး သက်ရောက်သွားနိုင်တာမို့ SM က ကြိုကာလိုက်တာဖြစ်ပါတယ်။

“Baekhyun” ဘက်ကကြည့်ရင်လည်း သူဟာ million seller ဖြစ်သူမို့ငွေရေးကြေးရေးကို စိတ်ပူစရာမရှိပါဖူး။ ပရိတ်သတ်တွေနဲ့ အဆက်အသွယ်မပြတ်သွားစေချင်တဲ့ သဘောရိုးနဲ့သာ vlog တွေ တင်ခိုင်းခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ အဖက်ဖက်က သံသယတွေနဲ့ လွဲမှားခံနိုင်ခြေရှိတာမို့ ခုလိုဖြုတ်ချလိုက်တာဘဲ ကောင်းတယ်ဆိုရမှာပါ။ စစ်မှုမထမ်းခင် တင်ထားတဲ့ video တွေကတော့ ရှိနေသေးပါတယ် ပရိတ်သတ်ကြီးရေ။ အလွမ်းပြေပြန်ကြည့်လို့ရပါတယ်။

Source: Koreaboo
Written: Violet