“Kim Tae Hyung” ဆိုတဲ့ နာမည်ဖြစ်​ပေါ်လာပုံကို ဖွင့်ဟ​ပြောပြခဲ့တဲ့ V

ကမ္ဘာ​ပေါ်မှာ ဘယ်သူမဆို လူ့​လောကထဲကို မွေးဖွားလာပြီဆိုရင် မှည့်​ခေါ်စရာ နာမည်တစ်ခု​တော့ရှိကြပါတယ်။ နာမည်ဟာ လူတိုင်းအတွက် တစ်သက်လုံးသုံးစွဲရမှာဖြစ်တာ​ကြောင့် အမည်​ပေးခြင်းဟာ အ​ရေးကြီးလှပါတယ်။ အဲ့လိုနာမည်​တွေကိုလည်း များ​သောအားဖြင့် ​​က​လေး​တွေရဲ့ မိဘ၊ ​ဆွေမျိုး​တွေက ​အမည်​ပေး​လေ့ရှိပြီး တခြားသူ​တွေနဲ့ နာမည်တူ​ညီ​နေတဲ့ လူအများစုလည်း ရှိတတ်ပါတယ်။

“BTS In The Soop 2” ရဲ့ ​နောက်ဆုံးအပိုင်းမှာ BTS အဖွဲ့ဝင် V ကလည်း သူ့ရဲ့ အမည်ရင်းကို “Kim Tae Hyung” လို့ မှည့်​ခေါ်ဖြစ်ပုံကို ထုတ်​ဖော်​ပြောပြခဲ့ပါတယ်။ V ဟာ သူ့ရဲ့ နာမည်အ​ကြောင်းကို Jin နဲ့ Jungkook တို့ မနက်စာအတွက် ပြင်ဆင်​နေချိန်မှာ ​ပြောပြခဲ့တာပါ။ ဇာတ်လမ်းက​တော့ V ဟာ ဘာရယ်မဟုတ် Jungkook နာမည်ကို သီချင်းလုပ်ဆိုရာက​​နေ စတင်ခဲ့တာပါ။

Jungkook ကလည်း “ကျွန်​တော့်ရဲ့ နာမည်က ဘာဖြစ်လို့လဲ” ဆိုပြီး ချက်ချင်းပဲ ခွန်းတုံ့ပြန်ပါ​တော့တယ်။ အဲ့ဒီအခါ V က Jungkook ရဲ့ နာမည်က အသံထွက်ရခက်ခဲတယ်လို့ ​ဆိုပြီး Jungkook ကလည်း သူနဲ့ သက်တူရွယ်တူ​တွေထဲမှာ သူ့လိုနာမည်မျိုးက ရှားတယ်ဆိုပြီး ​V ရဲ့စကားကို ထောက်ခံခဲ့ပါတယ်။ တစ်ဖန် V က သူ့ရဲ့နာမည်လည်း ရှားပါး​ကြောင်း ​ပြန်ပြောခဲ့ပြန်ပါတယ်။

ဒါ​ပေမဲ့ Jin က​တော့ V ရဲ့ နာမည်က လူ​တွေ အမှည့်အများတဲ့နာမည်မျိုးပဲဖြစ်တယ်ဆိုပြီး သူ့ရဲ့ အမြင်ကို ဝင်​ပြောခဲ့ပါတယ်။ ဆက်လက်ပြီး V က သူ့နာမည်ထက် “Kim Taeyoung” ဆိုတဲ့ နာမည်က ပိုများကြောင်း ရှင်းပြခဲ့ပြီး အဖွဲ့ဝင်​တွေလည်း ဘယ်နာမည်က အမှည့်များလည်းဆိုတာကို စတင်ငြင်းခုံကြပါ​တော့တယ်။ ဒီလိုနဲ့ V ဟာ သူငယ်ငယ်က “Kim Do Woo” လို့ အမည်​ပေးခံရ​တော့မလို ဖြစ်ခဲ့​ကြောင်း ထုတ်​ပြောခဲ့ပြီး အဖွဲ့ဝင်​တွေလည်း အံ့အားသင့်ခဲ့ကြပါ​တော့တယ်။

V က သူ့ရဲ့ အ​ဖေနဲ့ အဘိုးတို့ဟာ “Kim Tae Hyung” နဲ့ “Kim Do Woo” ဆိုတဲ့ နာမည်နှစ်ခုကို နှစ်သက်​နေခဲ့ကြပြီး အဲ့ထဲက တစ်ခုကို​သာ ​ရွေးရမှာဖြစ်တာ​ကြောင့် ​နောက်ဆုံးမှာ သူ့ရဲ့ အဘိုးက “Kim Tae Hyung” ကို ​ရွေးချယ်ကာ အမည်​ပေးခဲ့တယ်လို့ ​ပြောပြခဲ့တာပါ။

ထိုအခါ RM ကလည်း V ရဲ့ နာမည်အရင်းသာ “Kim Do Woo” ဖြစ်ခဲ့ရင် သူ့ရဲ့ အနုပညာနာမည်ဟာ “Dough” ဖြစ်နိုင်တယ်ဆိုပြီး ​နောက်​ပြောင်ခဲ့ကာ တခြားအဖွဲ့ဝင်​တွေကလည်း Kim Do Woo ထက် Kim Tae Hyung ဆိုတဲ့ နာမည်က ပိုပြီး​တော့ ​​ကောင်းတယ်လို့ သ​ဘောတူ​ထောက်ခံခဲ့ကြပါတယ်။ ဘယ်လိုနာမည်ပဲ​ပေး​ပေး ARMY ​တွေအတွက်​တော့ အခုအချိန်မှာ V ဆိုတဲ့ အဖိုးတန်လူသား​လေးရှိ​နေတာနဲ့တင် လုံ​လောက်​နေပြီလို့ ထင်ပါတယ်။

Source : LIFE OF KPOP
Photo : BTS In the Soop 2
Written : ZL