Korean Celebrity

မင်းသမီးအဖြစ် မဟုတ်ဘဲ သာမန်မိန်းကလေးပဲဖြစ်ချင်လာကြောင်း ပြောခဲ့တဲ့ Song Hye Kyo

ထိပ်တန်းမင်းသမီးချော Song Hye Kyo ကတော့ တကိုယ်တော်မိန်းမသားအဖြစ် တောက်ပစွာရှေ့ဆက်နေတဲ့ ရဲရဲတောက်မင်းသမီးတစ်ဦးပါ။ အချစ်ရေးလည်း တည်ငြိမ်နေတာကြောင့် ဆောင်းဟေကိုရဲ့ ဘဝက အေးဆေးလွန်းလှပါတယ်။ BAZAAR မဂ္ဂဇင်းနဲ့အင်တာဗျူးမှာတော့ မင်းသမီးကို “မင်းသမီးတစ်ဦးသာဖြစ်မလာဘူးဆိုရင် ဘဝကြီးကို ဘယ်လိုဖြတ်သန်းနေလောက်မလဲ?” လို့ မေးမြန်းခဲ့ပါတယ်။

ဆောင်းဟေကိုက “ကျွန်မက သရုပ်ဆောင်ရတာကို သိပ်ကိုမြတ်နိုးပါတယ်။ သရုပ်ဆောင်ဘဝတလျှောက်လုံး မင်းသား၊မင်းသမီးပေါင်းများစွာနဲ့ တွေ့ဆုံရင်းနှီးခွင့်ရခဲ့ပါတယ်။ အနုပညာသက်တမ်းတလျှောက်လုံး ကောင်းမွန်တဲ့အချိန်တွေကို ပိုင်ဆိုင်စေခဲ့လို့လည်း ကျေးဇူးတင်မိတယ်။ ဒါပေမဲ့ တခါတရံမှာတော့ သရုပ်ဆောင်ဆောင်းဟေကို မဖြစ်ချင်ဘူးလို့ တကယ်ကို ဆန္ဒရှိဖူးတယ်။

သာမန်ကောင်မလေး ဆောင်းဟေကိုပဲ ဖြစ်ချင်ခဲ့တာပေါ့။ ဒါကြောင့်မို့လို့ ပိုပြီးအသက်ကြီးမလာခင် တခြားသူတွေ ဘာပြောပြော အာရုံမစိုက်တတ်တဲ့ အမျိုးသမီးတစ်ဦးဖြစ်လာချင်မိပါတယ်။ ကျွန်မက အသက် ၄၀ ထဲဝင်လာပြီဆိုပေမဲ့ ငယ်တုန်းကအသက်အပိုင်းအခြားနဲ့ ဘာမှမကွာဘူးလို့ ထင်ရတာပဲ။ ရုပ်ရည်ကတော့ မတူတော့ဘူးပေါ့နော်။ ဒါပေမဲ့ ကျွန်မကတော့ အရင်အတိုင်း ကျွန်မပါပဲ” ဆိုပြီး ဖြေကြားခဲ့ပါတော့တယ်။

Song Hye Kyo ကတော့ အခုချိန်မှာ SBS ဇာတ်လမ်းသစ်ဖြစ်တဲ့ ‘Now, We Are Breaking Up’ ဇာတ်လမ်းနဲ့ ပရိသတ်အားပေးမှုတွေ အများအပြားရရှိနေပါတယ်။ ဆယ်စုနှစ်ကျော်ကြာ ပရိသတ်တွေရဲ့ အားပေးမှုကိုရရှိထားသူလေး ဟေကိုကတော့ တခါတရံ အေးဆေးတဲ့ သာမန်မိန်းကလေးဘဝကို လိုချင်ပုံပါပဲနော်။

Source: SBSstar
Photos: Dazed
Translated by Ivy