Korean Celebrity

ဒယ်ဟန်မှာ ကောင်မလေးရှိနေပြီဖြစ်ကြောင်း ပြောချခဲ့တဲ့ အလတ်ကောင် လူရိုးလေး မင်းဂု

‘The Song Triplets’ လို့ နာမည်ကြီးတဲ့ ဆောင်အီဂွတ် (ဂျူမှုံ)ရဲ့ အမြွှာ (၃) ယောက် Daehan, Minguk နဲ့ Manse တို့ကတော့ ‘The Return of Superman’ အစီအစဉ် (၈) နှစ်ပြည့်မှာ အထူးအနေနဲ့ ပါဝင်ဂုဏ်ပြုခဲ့ပါတယ်။ ငယ်ငယ်လေးတုန်းက ပါဝင်ရိုက်ကူးခဲ့တဲ့ အစီအစဉ်ဖြစ်တာကြောင့် အမြွှာ (၃) ယောက်က ရိုက်ကူးရေးနဲ့ အသားကျနေကြတာပါ။

အဆိုပါ ဗီဒီယို message ကို‌တော့ အငယ်ဆုံးလေး မန်းဆယ်က “Hi.. အသက် (၁၀) နှစ်အရွယ် ဆောင်မန်းဆယ် ဖြစ်ပါတယ်” လို့ အစချီကာ နှုတ်ဆက်ခဲ့ပါတယ်။ အစီအစဉ်ရိုက်ကူးရေးသမားတွေက ဒီရက်ပိုင်း (၃) ယောက်သား ဘာတွေလုပ်ပြီး ဖြတ်သန်းနေကြသလဲ? ဆိုပြီး မေးခဲ့ကြပါတယ်။

ချက်ချင်းဆိုသလို အလတ်ကောင် မင်ဂုက ဒယ်ဟန်ကို တိုးတိုးလေးကပ်ပြီး “ဒယ်ဟန်ရေ.. မင်းမှာ ကောင်မလေးရှိနေတယ်လို့ ကြည့်ရှုသူတွေကို ပြောကြမလား?” လို့ မေးခဲ့ပါတယ်။ ဒါကိုတော့ အကြီးဆုံး ဒယ်ဟန်က မကြားချင်ယောင်ဆောင်ပြီး “ကျွန်တော်ကတော့ အကုန်အဆင်ပြေပါတယ်။ ကျောင်းသွားပြီး လုပ်စရာရှိတာ လုပ်ရတာပေါ့။

ထူးထူးခြားခြားတော့ မရှိပါဘူး” လို့ စကားလမ်းကြောင်းပြောင်ရင်း‌ ဖြေခဲ့ပါတော့တယ်။ မင်းဂုကတော့ “ကျွန်တော်ကတော့ သူငယ်ချင်းတွေနဲ့ ကစားကွင်းမှာတွေ့ကြဖို့ ကတိပေးခဲ့ပေမဲ့ ကတိမတည်နိုင်ခဲ့ဘူး။ တစ်ခါလည်းမဟုတ်ဘူး.. ၂ ခါ ၃ ခါလောက်ရှိပြီ။ COVID-19 ကပ်ရောဂါကြောင့် ဘာမှလုပ်လို့မရပါဘူး။

ဒီကိုရိုနာဗိုင်းရပ်စ်ကြီး အမြန်ဆုံးပျောက်ကွယ်သွားဖို့ တကယ်ကို ဆုတောင်းနေပါတယ်” ဆိုပြီး သူ့အကြောင်းလေး ပြောခဲ့ပါတယ်။ အငယ်ဆုံး၊ အသွက်ဆုံး မန်းဆယ်ကတော့ “ကောင်းပြီ… ခုရက်ပိုင်း ကျွန်တော်ကတော့ ‘The Return of Superman’ မှာ ပြန်လည်ပါဝင်ရိုက်ကူးရမလားလို့ တွေးမိနေတာပါပဲ” လို့ လူကြီးဆန်ဆန် ဖြေခဲ့ပါတော့တယ်။

မန်းဆယ်ရဲ့အဖြေကိုကြားတော့ ဘေးနားမှာရှိနေတဲ့ ဆောင်အီဂွတ်က “မရဘူးလေ.. ဒီအစဉ်အစီမှာ ထပ်ပါဖို့က အသက်ကြီးသွားပြီ.. ရိုက်လို့မရတော့ဘူး” ဆိုပြီး ရယ်ရင်း ပြန်ပြောခဲ့ပါတော့တယ်။ ဂျူမှုံရဲ့ သား (၃) ယောက်ကတော့ တကယ့်ကို ချစ်စရာတွေပါပဲ။

အကြီးဆုံးဒယ်ဟန်ရဲ့ ကောင်မ‌လေးအကြောင်းကို တိုးတိုးတိတ်တိတ်ပြောခဲ့ပေမဲ့ ကြည့်ရှုသူတွေအားလုံး သိသွားတဲ့အဖြစ်ရယ်.. အစီအစဉ်မှာ ပြန်ပါချင်တဲ့ မန်းဆယ်ရယ်.. တော်တော်‌လေးကို ချစ်စရာကောင်းနေတော့တာပါ။ မျက်စိရှေ့မှာတင် အရွယ်ရောက်လာခဲ့တဲ့ ဒီ (၃) မြွှာပူးကိုတော့ လူကြီး၊လူငယ်မရွေး ချစ်ကြပါတယ်နော်။

Source: SBSstar
Photos: SBSstar
Translated by Ivy