Korean Celebrity

“The Return Of Superman” ကနေ နှုတ်ဆက်ထွက်ခွာသွားပြီဖြစ်တဲ့ William တို့ ညီအစ်ကို

Sam ရဲ့ သား ၂ ယောက်ဖြစ်တဲ့ William နဲ့ Bentley တို့ကတော့ KBS’s “The Return of Superman” ရဲ့ အသည်းကျော်လေးတွေပါ။ ဒါပေမဲ့လည်း November 19 ရက်နေ့မှာတော့ Sam Hammington နဲ့ သား ၂ ယောက်ဟာ အစီအစဉ်ကနေ နှုတ်ဆက်ထွက်ခွာတော့မှာဖြစ်ပြီး “The Return of Superman” အတွက် နောက်ဆုံးအပိုင်းကိုတောင် ရိုက်ကူးပြီးသွားပြီဖြစ်ကြောင်း သတင်းထွက်လာခဲ့ပါတယ်။

Hammington မိသားစုက ၂၀၁၆ ကတည်းကတိုင် ဒီအစီအစဉ်မှာ ပါဝင်လာခဲ့ဝာာဖြစ်ပါတယ်။ 2018 တုန်းကလည်း Sam Hammington ဟာ 2018 KBS Entertainment Awards က ချီးမြှင့်တဲ့ Top Excellence in Variety Award ဆုကို ရရှိခဲ့သလို 2019 KBS Entertainment Awards မှာလည်း “The Return of Superman” နဲ့ပဲ Daesang ဆုကို ရယူနိုင်ခဲ့တာပါ။

နှုတ်ထွက်မယ့်သတင်းကိုတော့ “The Return of Superman” ဖက်က ဟုတ်မှန်ကြောင်းအတည်ပြုခဲ့ပါတယ်။ “Sam တို့ သားအဖတွေဟာ သူတို့ရဲ့ နောက်ဆုံးအပိုင်းကို ဒီနေ့မှာပဲ ရိုက်ကူးခဲ့ပါတယ်။ ကျွန်တော်တို့အနေနဲ့ ဒီအပိုင်းကို ထုတ်လွှင့်ပြသဖို့ ရက်အတိအကျ မသတ်မှတ်ရသေးပါဘူး” ဆိုပြီး ဖော်ပြခဲ့ပါတယ်။

Instagram မှာလည်း Sam Hammington က “ပြီးခဲ့တဲ့ ၅ နှစ်တာကာလတလျှောက်လုံး အရာရာတိုင်းအတွက် ကျေး‌ဇူးအများကြီးတင်ရှိပါတယ်။ ဒီနေ့အတွက် ကျွန်တော့်ရဲ့ခံစားချက်ကို စကားလုံးနဲ့တောင် ဖော်ပြနိုင်စွမ်းမရှိတော့ပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ သားအဖတွေ ကောင်းမွန်တဲ့ အမှတ်တရကောင်းတွေကိုတော့ ဖန်တီးရရှိခဲ့ပါတယ်။

ဘယ်အရာမဆို အစရှိရင် အဆုံးသတ်ဆိုတာ ရှိမှာပါပဲလေ။ စိတ်မကောင်းစွာနဲ့ပဲ ဒီအချိန်ဟာ ကျွန်တော်တို့ ဖြတ်ကျော်ရမယ့်အချိန်‌မှန်ဖြစ်လာပါတယ်။ ကြည့်ရှုသူပရိသတ်ကြီးတို့ကြောင့်ပဲ အမှတ်တရကောင်းတွေကို ပိုင်ဆိုင်နိုင်ခဲ့တာပါ။ ကျေးဇူးတင်ပါတယ်။ အနာဂတ်မှာ ကျွန်တော်တို့သားအဖတွေကို ချစ်ခင်အားပေးနေမယ်လို့ မျှော်လင့်ပါတယ်။

ကျန်းမာပျော်ရွှင်ပါစေနော်။ We love you!” ဆိုပြီး ရေးတင်ခဲ့ပါသေးတယ်။ William တို့ ညီအစ်ကိုတွေကို နောက်ထပ်အပိုင်းသစ်တွေမှာ မတွေ့နိုင်တော့လို့ စိတ်မကောင်းဖြစ်ရပေမဲ့ အမြဲတမ်း ချစ်ခင်အားပေးနေဦးမှာပါ။

Source: Soompi
Photos: Soompi
Translated by Ivy