Korean Celebrity

နာမည်​ကျော် K-Pop စတားတွေ စုစည်းရာပွဲတစ်ပွဲဖြစ်ခဲ့တဲ့ Mino ရဲ့ “Mino : Maniac” concert

နိုဝင်ဘာလ ၁၉ ရက်​​နေ့မှာ WINNER အဖွွဲ့ဝင် Mino ဟာ “Mino : Maniac” လို့ အမည်​​ပေးထားတဲ့ သူ့ရဲ့ ပထမဆုံး တစ်ကိုယ်​တော် ​ဖျော်​ဖြေပွဲကို ဆိုးလ်မြို့၊ အိုလံပစ်ခန်းမမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ကိုဗစ်ကပ်​ရောဂါ​ကြောင့် offline concert ​တွေကို ၂ နှစ်နီးပါး တားမြစ်ထားခဲ့ရာမှ အခု​နောက်ပိုင်းမှာ တဖြည်းဖြည်းနဲ့ ပြန်လည်ပြုလုပ်လာကြပြီဖြစ်ပါတယ်။

ဒါ​ကြောင့် မိမိနှစ်သက်တဲ့ အနုပညာရှင်​တွေကို ​တွေ့ခွင့်ရမယ့် offline concert ​တွေဟာ ပရိသတ်​တွေကို စိတ်လှုပ်ရှား​ပျော်ရွှင်​​စေရုံသာမက နာမည်ကြီးကိုရီးယားအနုပညာရှင်​တွေကလည်း သူတို့ရဲ့ စီနီယာ၊ ဂျူနီယာ၊ လုပ်​ဖော်ကိုင်ဖက်​တွေကို အရင်လို concert ​တွေမှာ အား​ပေးဖို့ အခွင့်အ​ရေး ပြန်လည်ရရှိလာပြီဖြစ်ပါတယ်။ အဲ့ဒီ concert မှာ Mino က သူ့ကို လာ​ရောက်အား​ပေးတဲ့ ပရိသတ်​တွေကို အခုမှ ​ရေးစပ်ထားတဲ့ သီချင်းအသစ်စက်စက်နဲ့ ​ဖျော်​ဖြေပြီး လက်​ဆောင်​ပြန်ပေးခဲ့ပါတယ်။

Mino ရဲ့ ဒီ concert ကို သာမန်ပရိသတ်​တွေသာမက နာမည်ကြီး K-Pop စတား​တွေကလည်း လာ​ရောက်အား​ပေးခဲ့ကြပါတယ်။ အထူးသဖြင့် concert ကို လာ​ရောက်အား​ပေးခဲ့တဲ့ K-Pop Idol ​တွေထဲမှာ WINNER အဖွဲ့ဝင် Jinu, BLACKPINK အဖွဲ့ဝင် Jennie နဲ့ TWICE အဖွဲ့ဝင် Jeongyeon တို့က အာရုံစိုက်မှုကို အများဆုံး ရရှိခဲ့ပါတယ်။ သူတို့ ၃ ဦးဟာ အခြားပရိသတ်​​တွေကြားမှာ ​ဘေးချင်းကပ်ထိုင်​နေတာကို ပရိသတ်​တွေက အံ့အားသင့်ဖွယ် မြင်​တွေ့ခဲ့ကြရတာပါ။

သူတို့ဟာ ခေါင်း​လေးကို ငြိမ့်ရင်း ဂီတကို လိုက်ပါစီ​းမြောခဲ့ကြပြီး Jinu ဆိုရင် အဖွဲ့ရဲ့ lightstick ​တောင် ကိုင်ပြီး အား​ပေးခဲ့ပါ​သေးတယ်။ ပရိသတ်​တွေဟာ concert မှာ ​ပျော်ရွှင်စွာ အချိန်ကုန်ဆုံး​နေကြတဲ့ ဒီ Idol ၃ ​ယောက်ရဲ့ မ​မျှော်လင့်ထားတဲ့ interaction ​ကြောင့် အရမ်းကို ​ပျော်ရွှင်ခဲ့ကြပြီး social media ​တွေမှာ သူတို့ ၃ ဦးရဲ့ ပုံရိပ်​တွေကို ပြန်လည်မျှ​ဝေခဲ့ကြပါတယ်။ Jennie ကိုယ်တိုင်ကလည်း concert က ပုံ​တွေကို သူမရဲ့ Instagram မှာ တင်ခဲ့ပါ​သေးတယ်။

Jinu, Jennie နဲ့ Jeongyeon တို့အပြင် ​နောက်ထပ် WINNER အဖွဲ့ဝင် ၂ ဦးဖြစ်တဲ့ Seunghoon နဲ့ Seungyoon, WINNER အဖွဲ့ရဲ့ label တူ ဂျူနီယာ TREASURE နဲ့ iKON အဖွဲ့ဝင်​တွေကလည်း လာ​ရောက်အား​ပေးခဲ့ပါတယ်​။ ဒါ့အပြင် Mino ဟာ WINNER အဖွဲ့ဝင် Seungyoon နဲ့ iKON အဖွဲ့ဝင် Bobby တို့နဲ့အတူ စင်မြင့်ထက်မှာ ​ဖျော်​ဖြေခဲ့ပါ​သေးတယ်။

Mino ရဲ့ concert ကို K-Pop Idol ​တွေသာမက မင်းသား Ahn Jae Hyun နဲ့ ဟာသသရုပ်​ဆောင် Lee Soo Geun တို့ကလည်း လာရောက်အား​ပေးခဲ့တာကို ပရိသတ်​တွေက မြင်​တွေ့ခဲ့ကြရပါတယ်။ တစ်နည်းအားဖြင့် Mino ရဲ့ concert ဟာ မ​မျှော်လင့်ပဲ ကိုရီးယားရဲ့ နာမည်က​ေျာ် အနုပညာရှင်​တွေ စု​ဝေးရာ အထူးပွဲတစ်ပွဲဖြစ်သွားခဲ့တာပဲ ဖြစ်ပါတယ်။

Source : Koreaboo, Allkpop
Photo : Twitter
Written : ZL