Korean Celebrity

ပြိုင်ဘက် Kpop အဖွဲ့တွေရဲ့ မူလစံချိန်ကို ချိုးဖျက်ပြီး “Dynamite” နဲ့ ပွဲသိမ်းစံချိန်သစ်တင်လိုက်တဲ့ BTS

BTS နဲ့ BLACKPINK အဖွဲ့ (၂) ဖွဲ့က Kpop သမိုင်းရဲ့ စံချိန်ပေါင်းများစွာတင်ရှိထားတဲ့ အရှိန်အဝါကြီးမားတဲ့ Kpop အဖွဲ့တွေပါ။ Fandom (၂) ခုကလည်းပဲ ကိုယ့်ရဲ့အဖွဲ့တွေအတွက် ထိပ်ဆုံးမှာ‌ထားဖို့ဆိုရင် အသည်းအသန်ကြိုးစားကြတဲ့သူတွေချည်းပါပဲ။

မကြာသေးခင်က မှတ်တမ်းသစ်တွေအရ BTS အဖွဲ့ဟာ BLACKPINK အဖွဲ့ရဲ့ မူလမှတ်တမ်းကို ချိုးဖျက်လိုက်ပြီး Kpop အဖွဲ့တွေကြား ကြည့်ရှုသူ 1.3 Billion ရရှိခဲ့တဲ့ အမြန်ဆုံးအဖွဲ့ဖြစ်လာခဲ့ပါတယ်။ BTS အဖွဲ့ရဲ့ ကမ္ဘာဂီတမှာ အလွှမ်းမိုးနိုင်ဆုံးဖြစ်ခဲ့တဲ့ “Dynamite” သီချင်းဟာ November 19 ရက်နေ့မှာပဲ YouTube မှာ ဝင်ရောက်ကြည့်ရှုနားဆင်သူပေါင်း 1.3 billion ကျော်သွားခဲ့ပြီဖြစ်ပါတယ်။

၂၀၂၀ ဩဂုတ် ၂၁ တုန်းကမှ ထွက်ရှိထားတဲ့သီချင်းဖြစ်ပြီး ဒီစံချိန်ကိုရရှိဖို့ ၁ နှစ်၊ ၂ လ နဲ့ ၂၉ ရက်ပဲ ကြာမြင့်ခဲ့ပါတယ်။ ဒီမှတ်တမ်းကိုရရှိခဲ့တဲ့ အမြန်ဆုံးသီချင်းက BLACKPINK ရဲ့ “Kill This Love” သီချင်းဖြစ်ပြီး ၂ နှစ်၊ ၁ လနဲ့ ၁၇ ရက်ကြာမြင့်ခဲ့ပါတယ်။

ထက်ဝက်နီးပါး ပိုမိုမြန်ဆန်စွာနဲ့ မှတ်တမ်းသစ်ရေးထိုးနိုင်ခဲ့တဲ့ “Dynamite” ကတော့ အမြန်ဆုံးစံချိန်တင်သီချင်းဖြစ်လာပြီဖြစ်ပြီး BTS အဖွဲ့အတွက်တော့ 1.3 billion views ရရှိတဲ့ တတိယမြောက်သီချင်းဖြစ်လာခဲ့ပါတယ်။ “DNA”, “Boy With Luv” အပြင် “Dynamite” သီချင်းတို့ဟာ ရှေ့ဆက်ပြီး မှတ်တမ်းရေးထိုးနေသလို စံချိန်တင်ဖို့အမီလိုက်နေတဲ့ သီချင်းကောင်းတွေလည်း ရှိနေပါသေးတယ်။

BTS အဖွဲ့အတွက် “Dynamite” သီချင်းနဲ့ စံချိန်ချိုးနိုင်အောင်ကြိုးပမ်းပေးခဲ့တဲ့ ARMY တွေကိုလည်း ဂုဏ်ပြုလိုက်ပါတယ်။ ရှေ့ဆက်ပြီးလည်း အအောင်မြင်ဆုံး Kpop အဖွဲ့နဲ့ အင်အားအကြီးဆုံး Fandom ဆိုတဲ့ဂုဏ်ပုဒ်ကို ဆက်လက်ထိန်းသိမ်းထားနိုင်ဖို့ ကြိုးစားကြရပါမယ်နော်။

Source: Soompi
Photos: Soompi
Translated by Ivy