Korean Celebrity

New York ကို သွားတဲ့လမ်းမှာ သူမတူတဲ့ ဖက်ရှင်အမြင်ကို ချပြခဲ့တဲ့ aespa

၂၀၂၁ ခုနှစ်မှာ တစ်ဟုန်ထိုး နာမည်​ကျော်ကြားလာတဲ့ တက်သစ်စ K-Pop မိန်းက​​လေးအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ aespa ဟာ ၉၅ ကြိမ်​မြောက် “Macy’s Thanksgiving Day Parade” မှာ ပါဝင်​ဖျော်​ဖြေသွားမယ်လို့ နိုဝင်ဘာလ အစပိုင်းတုန်းက အတည်ပြုခဲ့ပါတယ်။ ဒါ​ကြောင့် ဒီက​​နေ့ နိုဝင်ဘာလ ၂၁ ရက်​နေ့မှာ​တော့ aespa အဖွဲ့ဟာ New York မြို့ကို ထွက်ခွာဖို့ ​လေဆိပ်ကို ​ရောက်ရှိလာတာကို မြင်​တွေ့ခဲ့ရပါတယ်။

aespa အဖွဲ့ဝင်​တွေဟာ ​လွတ်လပ်​ပေါ့ပါးပြီး စတိုင်ကျတဲ့ အဝတ်အစား​တွေကို ဝတ်ဆင်ထားကြပြီး အရမ်းကြီး ပြင်ဆင်မထားတာကိုလည်း ​တွေ့ရပါတယ်။ သူတို့ဟာ ​လေဆိပ်ကို ​ရောက်ရှိ​နေကြတဲ့ ပရိသတ်​တွေနဲ့ သတင်း​ထောက်​တွေကို လက်ပြနှုတ်ဆက်ပြီး finger heart ​တွေ လုပ်ကာ ပို့စ်​ပေး ဓါတ်ပုံအရိုက်ခံခဲ့ကြပါတယ်။ aespa အဖွဲ့ဟာ Givenchy brand ရဲ့ ambassador ​တွေဖြစ်တာ​ကြောင့် အဖွဲ့ဝင်​​တွေဟာ Givenchy က ထုတ်လုပ်တဲ့ အဝတ်အစား​၊ အသုံးအ​ဆောင်​တွေ ဆင်ယင်လာကြတာကိုလည်း ​တွေ့ရပါတယ်။

အရင်ဆုံး Giselle က​ hoodie ပွပွရယ် ကိုယ်ကြပ်​ဘောင်းဘီရယ်ကို ဝတ်ဆင်ထားပြီး hip ဖြစ်တဲ့ ခေါင်းစွပ်ဦးထုပ်ကို ဝတ်ဆင်ထားပါတယ်။ အငယ်ဆုံး​လေး NingNing ကို​တော့ ဂါဝန်အတိုကိုမှ ဂျာကင်အင်္ကျီထပ်ဝတ်ထားပြီး all black ဖြစ်​နေတာကို မြင်​တွေ့ရမှာပါ။ Karina က​တော့ one piece ဆွယ်တာအပွကို ဝတ်ဆင်ထားတာ​ကြောင့် သူမရဲ့ ပိန်သွယ်တဲ့ ခန္ဓါကိုယ်ရယ် ​ဖြောင့်စင်း​နေတဲ့ အနက်​​ရောင်ဆံနွယ်​လေး​​တွေနဲ့ လိုက်ဖက်​နေကာ မိန်းက​လေးဆန်လို့​နေပါတယ်။

Winter က​တော့ hiphop စတိုင် Givenchy ဂျာကင်နဲ့ ​ဘောင်းဘီ​အပွတို့ကို ဝတ်ဆင်ထားကာ စတိုင်ကျ​နေခဲ့ပါတယ်။ ထူးခြားတာတစ်ခုက​တော့ Karina ကလွဲရင် ကျန်တဲ့ အဖွဲ့ဝင် ၃ ​ယောက်ရဲ့ အဝတ်အစား​တွေက အနက်​​ရောင်​တွေဖြစ်​နေတာပါပဲ။ aespa အဖွဲ့ဝင်​တွေဟာ ကိုဗစ်​ရောဂါ​ကြောင့် ပွဲဦးစထွက်တည်းက​နေ ယခုအချိန်မှ အ​မေရိကန်နိုင်ငံမှာ ပထမဆုံး လူကိုယ်တိုင်သွား​ရောက်​ဖျော်​ဖြေရမှာဖြစ်ပါတယ်။

aespa ဟာ “Macy’s Thanksgiving Day Parade” မှာ ​ဖျော်​ဖြေခွင့်ရတဲ့ ပထမဆုံး K-Pop မိန်းက​လေးအဖွဲ့လည်းဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်တုန်းက သူတို့နဲ့ ကုမ္ပဏီတူ ​ယောကျ်ား​လေးအဖွဲ့ဖြစ်တဲ့ NCT 127 က ထိုပွဲမှာ ​ဖျော်​ဖြေခွင့်ရတဲ့ ပထမဆုံး K-Pop အဖွဲ့ဖြစ်ခဲ့ပါတယ်။ “Macy’s Thanksgiving Day Parade” ကို လာမယ့် နိုဝင်ဘာလ ၂၅ ရက်​နေ့မှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။

Source : Koreaboo
Photo : Naver
Written : ZL