Korean Celebrity

အနုပညာလောကထဲကနေ 7 လ လောက် ပျောက်နေခဲ့ရာမှ ဇာတ်ကားပြန်ရိုက်​တော့မဲ့ မင်းသမီး Seo Ye Ji

“It’s ok to not to be ok” ဇာတ်ကားနဲ့ တဟုန်ထိုး အောင်မြင်လာတဲ့ မင်းသမီး Seo Ye ji ဟာ ထို ဇာတ်ကားလွှင့်အပြီး ထွက်ပေါ်လာတဲ့ scandal တွေကြောင့် အနုပညာလောကနေ 7 လ လောက် ပျောက်ကွယ်ခဲ့ပါတယ်။ မင်းသမီးဟာ ဆုပေးပွဲတွေ ဘာတွေတောင် မသွားဘဲ တိတ်ဆိတ်နေခဲ့တာပါ။

ဒါပေမဲ့ ဒီလ November လ 24 ရက်နေ့ကစပြီး မင်းသမီးဟာ ‘Eve’s Scandal’ drama ဆိုတဲ့ Drama ကို စရိုက်တော့မှာဖြစ်ကြောင်း tvN သတင်းဌာနအရ သိရပါတယ်။ ထိုဇာတ်ကားမှာ Seo Yi Ji နဲ့အတူ မင်းသားမင်းသမီး Lee Sang Yeop, Park Byung Eun, Yoo Sun တို့က တွဲဖက် သရုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

“Eve’s Scandal” ဟာ romance drama အမျိုးအစားဖြစ်ပြီး ဇာတ်ကြောင်းက တစ်နိုင်ငံလုံးကို shock ရစေခဲ့တဲ့ 2 trillion won လျော်ရမဲ့ လင်မယားကွာရှင်းအမှု အကြောင်းပါ။ Seo Ye Ji ဟာ Lee Ra EL ဆိုတဲ့ ခေါင်းဆောင်မင်းသမီးနေရာကနေ သရုပ်ဆောင်မှာဖြစ်ပါတယ်။

Ler Ra EL ဟာ ထက်မြက်တဲ့ဖခင်နဲ့ လှပတဲ့မိခင်တို့က မွေးလာလို့ ငယ်စဉ်ကလိမ္မာရေးခြားရှိခဲ့ပေမဲ့ မိသားစုကံကြမ္မာဆိုးတွေဝင်လာပြီးတဲ့နောက်မှာ ဆတ်ဆတ်ထိမခံပြီး ထက်မြက်တဲ့ကောင်မလေး အဖြစ်ပြောင်းလဲသွားပါတယ်။ မင်းသား Lee Sang Yeop ကတော့ လူအခွင့်အရေးကို လေးစားတဲ့ ရှေ့နေ Seo Eun Pyung အဖြစ် သရုပ်ဆောင်မှာ ဖြစ်ပါတယ်။

Seo Eun Pyung ဟာ Lee Ra EL ကို ချစ်မိသွားပြီး သူမအတွက်ဆို အရာရာကိုစွန့်လွှတ်နိုင်တဲ့ အထိ ဖြစ်လာပါတယ်။ တဘက်မှာတော့ Lee Ra EL က ကွာရှင်းမှုနဲ့ တရားရင်ဆိုင်နေရပါတယ်။ သူတို့နှစ်ယောက်ကြား ဘယ်လိုတွေဆက်ဖြစ်ပြီး Ro ကြမလဲဆိုတာ ပရိတ်ကြီးတို့ ကြည့်ရှုကြရမှာပါ။

ဒီဇာတ်ကားကို နောက်နှစ် 2022 ခုနှစ် နှစ်ဝက်လောက်ကျရင် ထုတ်လွှင့်သွားမယ် လို့ သိရပါတယ်။ Seo Yi Ji ရဲ့ ထက်ထက်မြက်မြက်နဲ့ ဘွင်းဘွင်းရှင်းရှင်းပြောတတ်တဲ့ ပုံစံကို ပြန်မြင်ရတော့မှာမို့ Seo Yi Ji ပရိတ်သတ်တွေ ကျေနပ်ကြမယ်လို့ ထင်ပါတယ်။

Source: Allkpop , Soompi
Photo Credit: Allkpop
Written: Violet