Korean Celebrity

Yebo တော်ချင်မိလောက်တဲ့အထိ ဖခင်ကောင်းဖြစ်ဖို့ သင့်တော်လွန်းတဲ့ Kpop male idol များ

The Return of Superman , Oh My Baby အစရှိတဲ့ variety program တွေကြောင့် Kpop idol တွေနဲ့ ကလေးလေးတွေကြားက interaction ကို ပရိတ်သတ်ကြီးတို့ ခဏခဏ မြင်ကြရမှာပါ။ ကလေးဆိုတာ လိမ်မပြောတတတ်ဘဲ ဖြူစင်ရိုးသားပြီး အရှိကိုအရှိအတိုင်းပြောတဲ့သူတွေပါ။

ကလေးကပ်တဲ့သူဆို သဘောပေါက်လိုက်ပါတော့။ ထိုလူက တကယ့်ကို နှစ်လိုဖွယ်ကောင်းပြီး သဘောကောင်းလွန်းလို့သာ ကလေးတွေက ချစ်တာ ဖြစ်ပါတယ်။ ခုဖော်ပြမဲ့ idol တွေကတော့ ကလေးလေးတွေနဲ့ တည့်ပြီး ကလေးထိန်းတော်တဲ့ idol တွေဖြစ်ပါတယ်။ သူတို့ကလေးထိန်းပုံတွေကိုကြည့်ပြီး ယောကျာ်းတော်ပစ်ချင်စိတ်ပါ ပေါက်သွားပါလိမ့်မယ်။

  1. EXO’s Kai

EXO အဖွဲ့ဝင် Kai ဟာ ကလေးအရမ်းချစ်တတ်တယ်ဆိုတာ variety program တွေမှာရော၊ သူ့ Instagram ရော ကြည့်ပြီး ဆုံးဖြတ်လို့ရပါတယ်။ The Return of Superman ရော Oh My Baby အစီအစဉ်ရော သွားဖူးပြီး ထိုအစီအစဉ်တွေမှာပါတဲ့ ကလေးတွေအကုန်လုံးက Kai ကို ချစ်ကြပါတယ်။ ဒါ့အပြင် I live alone အစီအစဉ်ထဲမှာလည်း သူ့ရဲ့တနေ့တာကို သူ့တူလေးတွေနဲ့ ဘယ်လို ကုန်ဆုံးဖြစ်ကြောင်း ထည့်ရိုက်ကူးခဲ့ဖူးပါတယ်။

  1. NCT’s Taeyong

NCT Youtube series ထဲက Johnny’s Communication Center ဆိုတဲ့အပိုင်းမှာ Taeyong ဟာ နောက်ဆယ်နှစ်လောက်ကျရင် ကလေးလေး (၃)ယောက်လောက် လို ချင်ကြောင်း ဖွင့်ဟခဲ့ပါတယ်။ Taeyong ဟာ သူ့တူလေးတွေကို အရမ်းချစ်ပြီး သူ့အကိုရင်းကို အားကျတဲ့အတွက် ခုလိုပြောပြခဲ့တာဖြစ်ပါတယ်။

  1. PENTAGON’s Yuto

Weekly Idol အစီအစဉ်တစ်ခုမှာ Yuto က သူ့ရဲ့ တူလေးနဲ့ မကြာခဏကစားဖြစ်ပြီး ထိုကဲ့သိုလုပ်ရတာ အရမ်းပျော်တယ်လို့ ပြောပြခဲ့ပါတယ်။
အစီအစဉ်က MC က Ageo လုပ်ခိုင်းတဲ့အခါ TV monitor ဘက်လှည့်ကြည့်ပြီး “ဒါ ဦးလေး ပိုက်ဆံဘယ်လိုရှာရသလဲ ဆိုတာဘဲ တူလေးရေ” လို့ လှည့်ပြောရင်း ageo လုပ်ပြခဲ့ပါတယ်။

  1. SHINee’s Minho

SHINee အဖွဲ့ဝင် Minho ဟာ နှစ်လိုဖွယ်ကောင်းတဲ့သူပါ။ အထူးသဖြင့် ကလေးလေးတွေနဲ့ ပျော်မြူးနေတဲ့အချိန်ဆို Minho ကို ကြည့်ရတာ တကယ်ကြည်နူးစရာလေးပါ။

  1. THE BOYZ’s Sangyeon

TTHE BOYZ ရဲ့ Leader ဖြစ်သူ Sangyeon ကလည်း ကလေးအရမ်းချစ်တတ်ပါတယ်။ တခါက fan တွေအတွက်လွှင့်ပေးတဲ့ live တစ်ခုမှာ သူ့တူလေးနဲ့ ဘယ်လိုကစားဖြစ်ကြောင်း ရိုက်ပြခဲ့ပါတယ်။

  1. BIGBANG’s G-Dragon

Return of Superman အစီအစဉ်ကို ခဏခဏ သွားတဲ့ နောက်ထပ် idol တစ်ယောက်ကတော့ G-dragon ပါ။ တခြား idol တွေလောက် ကလေးလေးတွေကို သည်းသည်းလှုပ် မချစ်ပြပေမဲ့ GD ကလည်း သူ့နည်းနဲ့သူ ကလေးထိန်းတတ်ပါတယ်။

  1. MONSTA X’s Shownu

Shownu က လည်း ကလေးထိန်းတော်သူ တစ်ယောက်ဆိုတာ “MONSTA X-Ray” Reality show အစီအစဉ်မှာ သက်သေပြခဲ့ပါတယ်။ နေ့ကလေးထိန်း center ကို member တွေအကုန်လုံးသွားပြီး ကလေးထိန်းခဲ့ရပေမဲ့ Shownu ကတော့ ကလေးတွေနဲ့ ပိုအဆင်ပြေဆုံး ဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် ဒီနှစ်ထဲမှာ The Return of Superman အစီအစဉ်ကို Jooheon, Minhyuk နဲ့ အတူ ကလေးသွားထိန်းခဲ့ပါသေးတယ်။

  1. Wanna One’s Kang Daniel

Kang Daniel လည်း The Return of Superman အစီအစဉ်ကို တခြား member တွေနဲ့ အတူသွားဖူးပါတယ်။ Daniel ထိန်းရတဲ့ ကလေးလေးက Daniel ကို ဘယ်လောက်တောင် သဘောကျနေသလဲဆိုရင် အနမ်းလေးတပွင့်ပါ ပေးခဲ့ပါတယ်။

Source: Koreaboo
Written: Violet