Korean Celebrity

“Return Of Superman” ကို ဝီဘန်ညီအစ်ကိုရဲ့ Viedo လေးနဲ့အတူ နှုတ်ဆက်ခဲ့တဲ့ ဖေဖေဆမ်

November 21 ရက်နေ့ ညပိုင်းအချိန်လောက်မှာပဲ Sam Hammington ဟာ သူ့ရဲ့ Instagram ကနေတဆင့် သားအဖ (၃) ယောက်စလုံးကို အမြဲအားပေးချစ်ခင်ပေးကြတဲ့ပရိသတ်တွေအား ကျေးဇူးတင်ရှိကြောင်း စာလေးနဲ့တကွ ဗီဒီယိုလေးပါ တင်ပေးခဲ့ပါတယ်။ ၂၀၁၆ ကတည်းက “The Return of Superman” ထဲမှာ ပါဝင်လာခဲ့တဲ့ ဖေဖေ Sam, သား ၂ ယောက်ဖြစ်တဲ့ William နဲ့ Bentley တို့ဟာ အစီအစဉ်ကနေ နှုတ်ဆက်ထွက်ခွာမယ့်အကြောင်း အသိပေးခဲ့ပါတယ်။

အမြဲတမ်း ဝီဝီနဲ့ဘန်ဘန် ညီအစ်ကို ၂ ယောက်ကို ချစ်ခင်ပေးကြတဲ့ပရိသတ်တွေအတွက် ဖေဖေဆမ်ဟာ စာလေးတစ်စောင်ရေးတင်ခဲ့ပါတယ်။ “ပြီးခဲ့တဲ့ရက်ပိုင်းတွေက ကျွန်တော်ရဲ့ခံစားချက်တွေဟာ ရိုလာကိုစတာစီးနေရသလိုပဲ.. အတက်အကျ၊ အပြောင်းအလဲတွေ သိပ်မြန်နေခဲ့ပါတယ်။ နှုတ်ဆက်ထွက်ခွာမယ့်သတင်းကို ကမ္ဘာအနှံ့ကပရိသတ်တွေရဲ့ တုန့်ပြန်မှုက တကယ်ကို ရင်ထဲထိသွားခဲ့ပါတယ်။

အစီအစဉ်ကနေ ထွက်ခွာမယ့်အကြောင်း ရုတ်တရက်အသိပေးလိုက်ရတဲ့အတွက် တောင်းပန်ချင်သလို ထာဝရအားပေးနေကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။ ဒီအချိန်ဟာ ကျွန်တော်တို့သားအဖ (၃) ယောက်အတွက် နှုတ်ဆက်ထွက်ခွာပြီ ရှေ့ဆက်ဖို့ အသင့်တော်ဆုံးအချိန်လို့ ထင်မြင်ခံစားမိပါတယ်။

မကြာခင်မှာ အားလုံးနဲ့လည်းပြန်လည်ဆုံတွေ့ချင်ပါတယ်။ နှလုံးသားရဲ့အနက်ရှိုင်းဆုံးကနေကို ကျေးဇူးတင်တာပါ။ P.S. ဒါဟာ ထာဝရ နှုတ်ဆက်ခွဲခွာခြင်းမဟုတ်ပါဘူး။ မကြာခင်ပြန်တွေမယ်နော်!” ဆိုပြီး ရေးတင်ခဲ့တာဖြစ်ပါတယ်။

ဒါတင်မကသေးဘဲ Return of Superman အစီအစဉ်တလျောက်လုံးက ဝီဝီနဲ့ဘန်ဘန်တို့ရဲ့အမှတ်တရအခိုက်အတန့်တွေကို Viedo လေးလုပ်ပြီးပါ တင်ပေးခဲ့ပါတယ်။ ဖေဖေဆမ်ပြောသလိုပဲ ထာဝရနှုတ်ဆက်သွားတာမဟုတ်လို့ လွမ်းရင်းနဲ့ပဲ ပြန်ဆုံမယ့်အချိန်ကို စောင့်နေကြရပါတော့မယ်။

Source: Soompi
Photos: Instagram
Translated by Ivy