Korean Celebrity

2021 AMA မှာ သမိုင်းအသစ်ရေးထိုးနိုင်ခဲ့ပြီး အာရှဂုဏ်​ဆောင်​အနုပညာရှင်တွေဖြစ်လာတဲ့ BTS

ကမ္ဘာ​ပေါ်မှာ အကြီးကျယ်အခမ်းနားဆုံး ဂီတဆု​ပေးပွဲကြီးတစ်ခုဖြစ်တဲ့ ၂၀၂၁ ခုနှစ် American Music Awards (AMA) ပွဲကို ​လော့အိဂျလိစ်မြို့မှာရှိတဲ့ Microsoft Theater မှာ နိုဝင်ဘာလ ၂၁ ရက်​နေ့က ကျင်းပပြုလုပ်ခဲ့ပါတယ်။ BTS အဖွဲ့ဟာ ဒီပွဲမှာ Favorite Pop Duo or Group, Favorite Pop Song နဲ့ Artist of the Year ဆု​တွေအတွက် ဇကာတင်ဝင်ထားခဲ့တာဖြစ်ပြီး ပွဲကို လူကိုယ်တိုင်တက်​ရောက်ခဲ့ပါတယ်။

​ဒါ့အပြင် ထိုဇကာတင်ဝင်ထားတဲ့ ဆု ၃ ​ဆုလုံးကို ထိုက်တန်စွာ ဆွတ်ခူးရရှိခဲ့ပါတယ်။ BTS အ​နေနဲ့ ‘Favorite Pop Group’ ဆုကို ရရှိတာဟာ ဒီနှစ်နဲ့ဆိုရင် ၃ နှစ်ဆက်တိုက်ရှိပြီလည်းဖြစ်ပါတယ်။ ‘Favorite Pop Song’ ဆုကို​တော့ ပြီးခဲ့တဲ့ ​မေလက ထွက်ရှိခဲ့ပြီး chart ​တွေကို သိမ်းပိုက်ခဲ့တဲ့ ဒုတိယ​မြောက် english single ‘Butter’ နဲ့ ရရှိခဲ့တာဖြစ်ပါတယ်။

BTS ဟာ AMA ရဲ့ အဓိကဆုကြီးတစ်ဆု ‘Artist of the Year’ ဆုကိုလည်း ယခုနှစ်မှာ ပထမဆုံးအကြိမ်အဖြစ် အိမ်ပြန်သယ်နိုင်ခဲ့ပါတယ်။ ဒီဆုအတွက် Ariana Grande, Drake, Olivia Rodrigo, Taylor Swift နဲ့ The Weeknd တို့လို ကမ္ဘာ​ကျော်အနုပညာရှင်​တွေကို ​ကျော်ဖြတ်ပြီး သိမ်းပိုက်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ဒါတင်မက​သေးပဲ BTS အဖွဲ့ဟာ American Music Awards ရဲ့ ‘Artist of the Year’ ကိုရရှိတဲ့ ပထမဆုံးနဲ့ တစ်ဦးတည်း​သော အာရှအနုပညာရှင်​အဖြစ် မှတ်တမ်းတင်နိုင်ခဲ့ပြီဖြစ်ပါတယ်။ BTS ဟာ အခုဆိုရင် ကိုရီးယားနိုင်ငံတင်မကပဲ အာရှတိုက်တစ်ခုလုံးရဲ့ ဂုဏ်​ဆောင်အနုပညာရှင်​တွေဆိုတာကို သက်​သေပြနိုင်ခဲ့ပါပြီ။ သူတို့ရဲ့ စွမ်း​ဆောင်ရည်က​တော့ တကယ်ကို အဆုံးအစမရှိပါဘူး။

သူတို့ဟာ တစ်ကမ္ဘာလုံးက စောင့်ကြည့်​နေတဲ့ အဲ့ဒီ AMA ဆု​ပေးပွဲရဲ့ စင်မြင့်ထက်မှာ Coldplay နဲ့အတူ “My Universe” သီချင်းကို ​ဖျော်​ဖြေခဲ့သလို “Butter” သီချင်းကိုလည်း ​ဖျော်​ဖြေတင်ဆက်ခဲ့ပါ​သေးတယ်။ ဒါ့အပြင် ဆု​ပေးပွဲအခမ်းအနားမှာ တခြား​သော ဆယ်လီ​တွေ အနုပညာရှင်​တွေနဲ့လည်း ရင်းရင်းနှီးနှီး ​တွေ့ဆုံနှုတ်ဆက်ကာ ဓါတ်ပုံ​တွေတွဲရိုက်ခဲ့တာကိုလည်း ​တွေ့ရပါတယ်။

ဆုလက်ခံရယူတဲ့အချိန်မှာ​ရော ပွဲပြီးဆုံးပြီး​နောက်မှာ​​ရော အဖွဲ့ဝင်​တွေဟာ ARMY ​တွေကို အ​လေးအနက် ​ကျေးဇူးတင်စကားဆိုခဲ့ပြီး ဆုရရှိတဲ့အတွက် Vlive က​နေ တိုက်ရိုက်ထုတ်လွှင့်ကာ ARMY ​တွေနဲ့အတူ ကိတ်ခွဲရင်း ဂုဏ်ပြုပါတီဆင်နွှဲခဲ့ပါတယ်။

Source : Soompi
Photo : BTSdailyinfo (Twitter)
Written : ZL