Korean Celebrity

‘Moon Lovers’ ထဲမှာ IU နဲ့ သရုပ်ဆောင်ခဲ့ရတဲ့အကြောင်းကို ပြောပြဖူးတဲ့ Baekhyun

၂၀၂၀ နှစ်လယ်လောက်တုန်းက Baekhyun ဟာ SBS Power FM ဖြစ်တဲ့ ‘Cultwo Show’ ကို သူ့ရဲ့ ဒုတိယမြောက်အယ်လ်ဘမ် ‘Delight’ အတွက် Promotion လုပ်ဖို့ သွားခဲ့ဖူးပါတယ်။ အစီအစဉ်တလျှောက်လုံး အမေးအဖြေတွေလုပ်ခဲ့ကြရင်း ‘Moon Lovers: Scarlet Heart Ryeo’ အကြောင်းကို ရောက်သွားပြီး ဝမ်အွန်းမင်းသားအဖြစ် သရုပ်ဆောင်တုန်းက အမှတ်တရတွေကို ပြန်ပြောခဲ့ပါတယ်။

ဇာတ်လမ်းထဲမှာတော့ ဝမ်အွန်းမင်းသားနဲ့ ဟယ်ဆူး (IU) တို့ရဲ့ နှောင်ချိန်ချကြတဲ့အခန်းကတော့ တသက်မမေ့နိုင်ပါဘူးနော်။ Baekhyun ကလည်းပဲ IU နဲ့အမှတ်တရတွေကို အခုလိုပဲပြောပြခဲ့ဖူးပါတယ်။ “ဇာတ်လမ်းထဲမှာ ကျွန်တော့်ကာရိုက်တာက အငယ်ဆုံးမဟုတ်ပေမဲ့ တော်တော်လေးကလေးဆန်တယ်။ ကြည့်ရင်းနဲ့ မင်းသားတွေထဲ အငယ်ဆုံးလို့တောင် ထင်ရတယ်။

ပြီးတော့ တော်ဝင်မင်းသား ဝမ်အွန်းနဲ့ ဟယ်ဆူးရဲ့အကြောင်းပေါ့နော်။ ဝမ်အွန်းက ဟယ်ဆူးကိုကြိုက်ပေမဲ့ အငြင်းခံရတဲ့ စော်ငြင်းကောင်လေးဆိုတော့ ဇာတ်လမ်းရိုက်ရင်း တော်တော်ပျော်ခဲ့ရတယ်။ ဝမ်အွန်းဇာတ်ကောင်က တကယ်ကို ပျော်ဖို့အကောင်းဆုံးပါပဲ” လို့ ပြောပြခဲ့ပါတယ်။ အနာဂတ်မှာ သရုပ်ဆောင်မယ့်အကြောင်းကိုမေးတော့ Baekhyun က “ကျွန်တော့်အနေနဲ့ သရုပ်ဆောင်ဖို့အတွက် အချိန်အများကြီးယူပြီး လေ့လာသင့်တယ်လို့ တွေးမိပါတယ်။

အသက် (၃၀) ကျော်သွားရင်တော့ သရုပ်ဆောင်နိုင်ကောင်းပါရဲ့” လို့ ပြန်ဖြေသွားခဲ့ပါတယ်။ Baekhyun ကတော့ သရုပ်ဆောင်တဲ့အခါ အသက်ပါလွန်းတာကိုတော့ Moon Lovers ကားနဲ့တင် အားလုံးမျက်မြင်ပါပဲ။ စစ်မှုထမ်းတာဝန်ထမ်းဆောင်ပြီးရင်တော့ အနာဂတ်မှာ သရုပ်‌ဆောင်မင်းသားအဖြစ် မြင်ချင်လှပါပြီနော်။

Source: SBSpowerFM
Photos: SBS
Translated by Ivy