Korean Celebrity

အရေးကြီးတဲ့နေ့မတိုင်ခင် တညအလိုမှာ အမြဲစားတတ်တဲ့အရာတစ်ခုအား Jisoo ပြောပြခဲ့

BLACKPINK အဖွဲ့ဝင် Jisoo ကတော့ မိန်းမဆန်ဆန်နဲ့ လှပသိမ်မွေ့သူလေးဖြစ်တာကြောင့် အများတကာထဲမှာ ထင်ရှားနေတတ်သူလေးပါ။ တခါတလေ သူမရဲ့အပြောအဆိုလေးတွေ၊ သူမတူတဲ့ ထူးထူးခြားခြားလုပ်တတ်‌တာလေးတွေကြောင့် ချစ်စရာကောင်းလွန်းနေတတ်ပြန်ပါတယ်။  JTBC ရဲ့ ‘Ask Us Anything’ မှာတုန်းကလည်း Jisoo ဟာ သူမရဲ့ ထူးခြားတဲ့အကျင့်လေးတစ်ခုကို ပြောပြခဲ့ဖူးပြီး တခြားဘယ်သူမှလိုက်လုပ်လေ့မရှိတာကြောင့် အံ့ဩသွားကြရပါသေးတယ်။

Jisoo ဟာ သူမအတွက် အရေးကြီးတဲ့နေ့တွေဆိုရင် ထိုနေ့မတိုင်ခင် ညမှာပဲ အမြဲတမ်းစားသောက်လေ့ရှိတဲ့အရာတစ်ခုရှိပြီး ဒါကလည်း အကျင့်လိုလေးဖြစ်တာပါတဲ့။ Jisoo က “အရေးကြီးတဲ့နေ့တွေဆိုရင် အဲ့နေ့မတိုင်ခင် တညအလိုမှာ အသင့်စားခေါက်ဆွဲခြောက်ထုပ်ကို ပြုတ်စားလေ့ရှိတယ်။  နောက်နေ့မနက်ကျရင် မျက်နှာက ကြည့်လိုက်တာနဲ့ ဖောင်းဖောင်းလေးဖြစ်နေတာပေါ့။

မျက်နှာက ဖောင်းနေရင် ပိုပြီးချစ်စရာကောင်းတယ်လို့ ကိုယ့်ဘာသာလည်းထင်မိလို့ အဲ့လိုလုပ်တာဟာ မလုပ်ဘဲမနေနိုင်တဲ့အကျင့်လေးလိုဖြစ်နေတာပါ” ဆိုပြီး ပြောပြခဲ့တာဖြစ်ပါတယ်။ BLACKPINK အဖွဲ့ဝင်တွေကလည်း Jisoo ကို ထောက်ခံခဲ့ကြပြီး တကယ်လည်း အရေးကြီးတဲ့နေ့တွေမတိုင်ခင်မှာ Jisoo က စားချင်တာစားနေတတ်တာကို အားကျကြောင်း ပြောပြခဲ့ကြပါတယ်။

Jennie ကဆိုရင် “ကျွန်မကျတော့လည်း ရေလေးသောက်တာတောင် မျက်နှာက ဖောင်းနေတတ်လွန်းလို့” ဆိုပြီး ဟာသနှောကာပြောခဲ့ပြန်ပါသေးတယ်။ တခြား idol တွေကတော့ ခေါက်ဆွဲပြုတ်စားရင် မျင်နှာဖောတတ်လို့ ရှောင်ကြပေမဲ့ Sooyaa လေးကတော့ စားချင်တာစားပြီး အဆင်တွေပြေနေတော့တာပါပဲ။

Source: Kstarlive
Photos: Kpopping
Translated by Ivy