Korean Celebrity

Bona ရဲ့ Drama အသစ်အတွက် သူငယ်ချင်း​​ကောင်းပီသစွာ အား​ပေးမှုကို ပြသခဲ့တဲ့ Jisoo

BLACKPINK အဖွဲ့ဝင် Jisoo နဲ့ WJSN အဖွဲ့ဝင် Bona တို့ဟာ ​သူငယ်ချင်း​ကောင်း​တွေဖြစ်တယ်ဆိုတာကို ​တော်​တော်များများသိကြမှာပါ။ ဒီအချစ်ဆုံးသူငယ်ချင်း ၂ ​ယောက်ဟာ သူတို့ကြားက ခိုင်မြဲတဲ့ friendship ​လေးကို မကြာ​သေးခင်က ထပ်မံထုတ်​ဖော်ပြသခဲ့ပါတယ်။ Jisoo ဟာ Bona ရဲ့ drama အသစ်ရိုက်ကွင်းကို churros truck ပို့​ပေးခဲ့ပြီး ရိုက်ကွင်းကိုလည်း သွား​ရောက်လည်ပတ်ကာ သူမရဲ့ အား​ပေးမှုကို ပြသခဲ့ပါတယ်။

ဒါ​ကြောင့် Bona ဟာ နိုဝင်ဘာလ ၂၂ ရက်​နေ့က ထို churros truck ​ရှေ့မှာ Jisoo အတူတွဲရိုက်ထားတဲ့ ဓါတ်ပုံကို သူမရဲ့ Instagram မှာ ပြန်လည်မျှ​ဝေခဲ့ပါတယ်။ Bona ဟာ လက်ရှိမှာ မင်းသား Nam Joo Hyuk နဲ့ မင်းသမီး Kim Tae Ri တို့ အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ “Twenty-Five Twenty-One” ဆိုတဲ့ drama ကို ရိုက်ကူး​​နေတာဖြစ်ပါတယ်။

ထိုဇာတ်လမ်းတွဲမှာ Bona က မင်းသမီး Kim Tae Ri ရဲ့ ဇာတ်​ကောင်ဖြစ်တဲ့ Na Hee Do ရဲ့ ပြိုင်ဖက် fencing အားကစား ​ရွှေတံဆိပ်ဆုရှင် Go Yoo Rim အဖြစ် သရုပ်​ဆောင်သွားမှာဖြစ်ပါတယ်။ Churros truck ရဲ့ banner မှာဆိုရင် Jisoo က Bona ရဲ့ ပုံ​လေး​တွေနဲ့အတူ “ဒီ​နေ့​တော့ Go Yoo Rim က အားလုံးကို ​ကျွေးပါမယ်။

သရုပ်​ဆောင်​တွေ၊ ရိုက်ကူး​ရေးဝန်ထမ်း​တွေ အကုန်လုံး churros စားပြီး အားတင်းထားကြပါ” ဆိုတဲ့ စာသားရယ် “‘Twenty-Five Twenty-One’ ရဲ့ သရုပ်​ဆောင်​တွေ၊ ဝန်ထမ်း​တွေအားလုံး ကျန်းကျန်းမာမာ၊ ​ပျော်​ပျော်ရွှင်ရွှင်နဲ့ အားတင်းထားကြပါ” ဆိုတဲ့ စာသား​တွေကို ပြင်ဆင်​လာခဲ့ပါတယ်။

Churros ထည့်တဲ့ခွက်မှာလည်း Jisoo နဲ့ Bona တို့ရဲ့ ၂ ​ယောက်တွဲပုံ​လေးကို ချစ်စဖွယ် မြင်​တွေ့ရပြီး “အမြဲတမ်း ​စောင့်ကြည့်​နေတယ်​နော် အားတင်းထား” ဆိုပြီး ​ရေးသားထားပါတယ်။ Bona က​လည်း သူမရဲ့ post မှာ Jisoo ကို tag တွဲပြီး “နတ်သမီး​လေး ​​ရောက်လာခဲ့တယ်။ အများကြီးမြတ်နိုးပြီး နှစ်သက်ပြီး​တော့ ချစ်တယ်” ဆိုပြီး ​ရေးသားထားတာကို ​တွေ့ရပါတယ်။

Jisoo ကလည်း မျက်လုံး emoji ​​လေးရယ် အသဲပုံ emoji ​လေးရယ်နဲ့ post ​အောက်မှာ comment ပြန်​ပေးခဲ့ပါတယ်။ ဒီ idol-actress ၂ ​ယောက်ရဲ့ ခိုင်မြဲတဲ့ friendship ​လေးက​တော့ တကယ်ကို ချစ်စရာပါပဲ။ Jisoo ရဲ့ “Snowdrop” drama ​ရော Bona ရဲ့ “Twenty-Five Twenty-One” ကို​ရော ​စောင့်​မျှော်အား​ပေး​နေပါမယ်​နော်။

Source : Soompi
Photo : bn_95819 (Instagram)
Written : ZL