Korean Celebrity

Album မထွက်ခင် ပရိတ်သတ်တွေနဲ့ တပျော်တပါးတွေ့ဆုံစကားပြောဖို့ အထူး Live လွှင့်မဲ့ EXO အဖွဲ့ဝင် Kai

EXO အဖွဲ့ဝင် Kai ရဲ့ ဒုတိယမြောက် album “Peaches” ဟာ ထွက်ရှိဖို့ ရက်အနည်းငယ်ဘဲ လိုပါတော့တယ်နော် ပရိတ်သတ်ကြီးရေ။ “Peaches” သီချင်းဟာ medium-tempo R&B အမျိုးအစား သီချင်းဖြစ်ပြီး စွဲမက်စေမဲ့ တီးလုံးတွေလည်းပါသလို ပြင်းရှတဲ့ 808 bass သံ တွေလည်း ပါမယ်လို့ သိရပါတယ်။

ဒါ့အပြင် b-side track တွေကလည်း အရမ်းမိုက်မှာပါတဲ့။ MV ကလည်း သေချာအချိန်ယူ ပြင်ထားတာမို့ စွဲမက်စရာပါဘဲ။ အဆိုပါ MV ဟာ November လ 30 ရက်နေ့ ညနေ ၆ နာရီ မှာ ထွက်ရှိမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ album မထွက်ခင် ၁ နာရီအလို ညနေ (၅) နာရီမှာ Kai က Special countdown live လွှင့်အုံးမှာပါတဲ့။

ထို live မှာ album ရဲ့ အကြောင်းအရာတွေ ၊ သီချင်းတွေအပြင် ကကွက်ဖန်တီးမှုအကြောင်းတွေပါ ပြောပြမယ်လို့ သိရပါတယ်။ ဒါ့အပြင် December လမှာ လုပ်မဲ့ သူ့ရဲ့ Solo concert အကြောင်း တစေ့တစောင်း ကိုလည်း ပြောပြအုံးမှာပါ။ ဒါကြောင့် November လ 30 ရက်နေ့ရောက်ရင် V live မှာ စောင့်ကြည့်ကြပါစို့ ပရိတ်သတ်ကြီးတို့ရေ…

Source: Koreaboo
Written: Violet