Korean Celebrity

အဆို၊အကအပြင် BTS’ Jin ကိုယ်တိုင် ဆရာကြီးဖြစ်နေတဲ့ အရာ (၄) ခု

ဥစ္စာပေါရုပ်ချော အရာရာပြီးပြည့်စုံနေတဲ့ လူသားလေး Jin က‌တော့ အဆို၊ အက ဂီတအလုပ်တွေအပြင် ကျန်တဲ့နေရာ (၄) ခုမှာ တကယ့်ဆရာကြီးပါပဲတဲ့။ ဘယ်နေရာတွေမှာ Jin က ဆရာကြီးတဆူဖြစ်နေမယ်လို့ထင်ပါသလဲ? အဖြေကို ကြည့်လိုက်ရအောင်။

• ကားမောင်းခြင်း

Jim ကတော့ ကားမောင်းတာ တကယ်ကို တော်‌တာပါနော်။ ကားဆုတ်တာ၊ ကားနေရာချတာတွေက စစချင်းမောင်းသူတွေအတွက် သိပ်ပြီးမလွယ်ပေမဲ့ Jin အတွက်ကတော့ အေးဆေးပါပဲ။ လူအများပြောလေ့ရှိတဲ့ ဆိုရိုးတစ်ခုရှိပါတယ်။ ကားမောင်းတဲ့အခါ လူတွေရဲ့ တကယ့်စရိုက်တွေ ပေါ်လာတတ်ပါတယ်တဲ့။ Jin ကတော့ စိတ်တိုတာမျိုး‌တောင်မရှိဘဲ တည်ငြိမ်အေးဆေးနေတာဖြစ်လို့ ဆရာကြီးကတော့ ဆရာကြီးပါပဲ။

• ချက်ပြုတ်ခြင်း

ပရိသတ်တွေကတော့ Jin ဟာ အချက်အပြုတ်တော်တာကို ကောင်းကောင်းကြီးသိကြပြီးသားပါ။ အိမ်ချက်ဟင်းတွေက စပြီး အကုန်လုံးကို ရှယ်ချက်တတ်တဲ့ ကောင်လေးတစ်‌ယောက်ပါပဲ။ ဟင်းကိုသာ ဖွယ်ဖွယ်ရာရာဖြစ်မယ်ဆိုရင် ဟင်းအမယ်တွေဘယ်လောက်များပါစေ မငြီးမငြူကို ချက်တတ်ပါတယ်။ ချက်ပြုတ်ပြီးတဲ့အခါ သန့်ရှင်းအောင်လုပ်တတ်ဖို့ အမေက သင်ပေးထားတာကြောင့် ဟင်းချက်အပြီး၊ အကုန်လုံးလည်း ရှင်းလင်းအပြီးဖြစ်အောင် စီမံတတ်ပြန်ပါသေးတယ်။

• အားကစား

ရေကူး၊ ဒိုင်ဗင်ထိုး၊ ဂေါက်ရိုက်၊ ကြက်တောင်ရိုက်.. စသဖြင့် အကုန်လုံးကို လုပ်တတ်သူကတော့ Jin ပါပဲ။ ခန္ဓာကိုယ်က ပျော့ပျောင်းပေမဲ့ အားအင်အပြည့်ရှိတာကြောင့် ဘယ်အားကစားကိုမဆို အလွယ်လေး လုပ်နိုင်ပါတယ်။ရေလွှာလျှောစီးကိုလည်း ပထမဆုံးအကြိမ် စလုပ်တာတောင် အလွယ်တကူပဲ အခက်အခဲမရှိအောင်မြင်အောင်လုပ်နိုင်တဲ့ Jin ကတော့ တကယ်တော်ပါတယ်နော်။ ဒါပေမဲ့ စကိတ်ကိုတော့ ကောင်းကောင်းမစီးတတ်ဘူးလို့ Jin က ပြောဖူးပါတယ်။

• ဂိမ်းပြိုင်ဆော့ခြင်း

Jin ကတော့ သူများနဲ့အပြိုင်ဆော့ရတဲ့ ဂိမ်းတွေမှာလည်း ဆရာကြီးပါပဲ။ Board Games မှန်သမျှကို ကောင်းကောင်းကြီးဆော့တတ်ပြီး အထူးသဖြင့် လက်မြန်စွာဆော့ရတဲ့ Halli Galli ဂိမ်းမှာတော့ ပြိုင်ဖက်ကင်းပါပဲ။

Source: Kstarlive
Photos: Kstarlive
Translated by Ivy