Korean Celebrity

ရင်ထဲစို့နင့်သွားအောင် ပြုစားနိုင်မယ့် Solo OST တစ်ပုဒ်ကို သီဆိုပေးထားတဲ့ Cha Eun Woo

ASTRO’s Cha Eun Woo ကတော့ ပြေ‌ပြစ်ချောမောတဲ့ရုပ်ရည်ကြောင့် သရုပ်ဆောင်နယ်ပယ်ထဲမှာ နေရာတစ်ခုရရှိထားသူပါ။ Idol တစ်ဦးအဖြစ် ပွဲဦးထွက်ခဲ့တာဖြစ်လို့ ချိုမြိန်ကြည်မြတဲ့အသံပိုင်ရှင်တစ်ဦးဖြစ်တာကို အားလုံးသိထားပြီးသားပါပဲ။ အဖွဲ့လိုက်သီချင်းတွေထွက်ရှိပေးရမှာ EunWoo ဟာ နာမည်ကြီးစီးရီးဖြစ်တဲ့ ‘Under the Oak Tree’ အတွက် တကိုယ်တော် OST သီချင်းကို သီဆိုပေးသွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ပေးခဲ့ပါတယ်။

ဒီ OST သီချင်းလေးကိုတော့ November 30 ရက်နေ့မှာ စတင်ထုတ်လွှင့်ပေးမှာဖြစ်ပြီး Cha Eun Woo ကိုယ်တိုင် လက်စွမ်းပြမယ့် တေးတပုဒ်ဖြစ်လာပါတော့မယ်။ သီချင်း‌လေးရဲ့နာမည်က “Don’t Cry, My Love” ဖြစ်ပြီး တမြေ့မြေ့နဲ့ခံစားစေနိုင်မယ့် ballad အမျိုးအစား သီချင်းလေးလို့ ဖော်ပြထားပါတယ်။ သိမ်မွေ့နက်နဲတဲ့ စန္ဒရားသံလေးနဲ့အစချီထားပြီး orchestra တီးလုံးများဖြင့် လေးနက်သွားအောင်ဖန်တီးထားတာဖြစ်လို့ နဂိုအဆွေးဓာတ်ခံရှိသူတွေအဖို့ နား‌ဆင်လိုက်တိုင်း ထိရှိသွားစေနိုင်မယ်လို့ထင်ပါတယ်။

သေချာပြင်ဆင်ထားတဲ့ OST သီချင်းဖြစ်တာကြောင့် ‘Under the Oak Tree’ ရဲ့ Theme song အဖြစ် အသုံးပြုသွားမှာလည်းဖြစ်ပါတယ်။ Cha Eun Woo ကတော့ ‘Island’ ဇာတ်လမ်းတွဲနဲ့ ပရိသတ်တွေရှေ့မှောက်ကို ပြန်လည်ရောက်ရှိလာဖို့ အကုန်ပြင်ဆင်နေတာဖြစ်ပြီး ကြားထဲမှာ ဒီ OST သီချင်းလေးနဲ့ပဲ အလွမ်းဖြေထားကြပါဦးနော်။

Source: Allkpop
Photos: Allkpop
Translated by Ivy