Korean Celebrity

BTS ရဲ့ Nomination နဲ့ ပတ်သက်ပြီး တစ်ကမ္ဘာလုံးကို စိတ်ပျက်​စေခဲ့တဲ့ 2022 ခုနှစ် Grammy ဆု​ပေးပွဲ

နိုဝင်ဘာလ ၂၃ ရက်​နေ့က Recording Academy အဖွဲ့အစည်းက​နေ ၂၀၂၂ ခုနှစ် Grammy ဆု​ပေးပွဲအတွက် ဇကာတင်ဝင်တဲ့ အနုပညာရှင်​တွေရဲ့ စာရင်းကို ကဏ္ဍအလိုက် ထုတ်​ဖော်​​ကြေငြာ​ခဲ့ပြီး BTS အဖွဲ့ဟာလည်း ဇကာတင်ဝင်တဲ့ အနုပညာရှင်​တွေထဲက တစ်ဦးအဖြစ် ပါဝင်လာခဲ့ပါတယ်။ BTS အဖွဲ့ဟာ ယခုနှစ်မှာ အရမ်းကို ​အောင်မြင်​ကျော်ကြားခဲ့တဲ့ “Butter” သီချင်းနဲ့ “Best Pop Duo/Group Performance” ဆုအတွက် ဇကာတင်ဝင်ခဲ့တာဖြစ်ပြီး ယခင်နှစ်ကလည်း “Dynamite” သီချင်းနဲ့ ဒီဆုအတွက် ဇကာတင်ဝင်ခဲ့ဖူး​ပေမဲ့ ဆုနဲ့ လွဲ​ချော်ခဲ့ရပါတယ်။

ယခုနှစ်မှာ​တော့ BTS ဟာ ဒီဆုအတွက် Tony Bennett နဲ့ Lady Gaga (“I Get a Kick Out of You”), Justin Bieber နဲ့ benny blanco (“Lonely”) Coldplay (“Higher Power”), Doja Cat နဲ့ SZA (“Kiss Me More”) စတဲ့ အနုပညာရှင်​တွေနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

ဒီလို ဇကာတင်ဝင်တဲ့ အနုပညာရှင်စာရင်းကို ​ကြေငြာပြီး​​ပြီးချင်းမှာ​ပဲ “#Scammys” နဲ့ “BTS already won” စတဲ့ hashtag ​တွေဟာ Twitter မှာ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ trend ဖြစ်လာခဲ့ပါတယ်။ အ​ကြောင်းအရင်းက​တော့ ကမ္ဘာအဝန်းမှာရှိတဲ့ ARMY ​တွေဟာ “The Best Pop Duo/Group Performance” ဆုအတွက်ပဲ ဇကာတင်ဝင်တယ်ဆိုတာကိုလက်မခံနိုင်ပဲ မမျှတဘူးလို့ ယူဆတာ​ကြောင့်ပါပဲ။

ယခုနှစ်ဟာ BTS အဖွဲ့အတွက် အ​အောင်မြင်ဆုံး နှစ်တစ်နှစ်လို့ဆိုနိုင်ပြီး မကြာ​သေးခင်ကမှ AMA မှာလည်း “Artist of the Year” ဆုကြီးကို ဆွတ်ခူးနိုင်ခဲ့တာ​ကြောင့် ARMY တွေအပြင် ကမ္ဘာ​ကျော်မီဒီယာ​တွေနဲ့ ဂီတပညာရှင်​တွေကပါ BTS ဟာ ၂၀၂၂ ခုနှစ် Grammy မှာ တခြားဆုကြီး​တွေအတွက်ပါ ဇကာတင်ဝင်မယ်လို့ ယုံကြည်ထားခဲ့ကြပါတယ်။

BTS ရဲ့ “Butter” ဟာ ​album ​ရောင်းအားမှာ​ရော Billboard လို US music chart ​တွေမှာပါ စံချိန်​တွေချိုးနိုင်ခဲ့တဲ့ အထိ​​အောင်မြင်ခဲ့​ပေမဲ့ ဝမ်းနည်းဖို့​ကောင်းစွာပဲ “Song of the year”, “Album of the year” နဲ့ “Record of the Year” တို့လို ဆုကြီး​တွေအတွက် ဇကာတင်မဝင်ခဲ့ပါဘူး။

ဒါ​ကြောင့် BTS ပရိသတ်​တွေဟာ ဆိုရှယ်မီဒီယာ​တွေမှာ Grammy ဆု​ပေးပွဲနဲ့ ပတ်သက်လို့ သူတို့ရဲ့ စိတ်ပျက်​ဒေါသထွက်မှုကို ​ဖော်ပြခဲ့ကြပြီး ဇကာတင်စာရင်းဟာ မှားယွင်း​နေတယ်ဆိုတာကို ဝန်ခံဖို့ ​တောင်းဆို​နေကြပါတယ်။ အများစုက​တော့ LA မှာ ပြုလုပ်မယ့် BTS concert ၄ ပွဲလုံးရဲ့ လက်မှတ်​တွေက ​ရောင်းကုန်သွားတဲ့အတွက် BTS ဟာ တစ်ကမ္ဘာလုံးကို လွှမ်းမိုးထားနိုင်တယ်ဆိုတာကို သက်​သေပြနိုင်ခဲ့ပြီဖြစ်တာ​ကြောင့် Grammy ဆုဆိုတာ မလိုအပ်ဘူးဆိုပြီး သူတို့ရဲ့ အမြင်ကို ချပြခဲ့ကြပါတယ်။

ပရိသတ်​တွေတင်မက ကမ္ဘာ့သတင်းမီဒီယာ​တွေကလည်း ဒီကိစ္စအ​ပေါ် ဝေဖန်သုံးသပ်ပြီး ​သတင်းဆောင်းပါး​တွေ​ရေးခဲ့ကြပါတယ်။ Forbes ကဆိုရင် “Grammy က အသိအမှတ်ပြုခံရရ၊ မရရ BTS က​​တော့ ဂီတ​တွေဖန်တီးပြီး tour ​တွေလုပ်​နေဦးမှာဖြစ်သလို ပရိသတ်​တွေကလည်း သူတို့ကို အား​ပေး​နေဦးမှာ ဖြစ်ပါတယ်။

Recording Academy က တစ်ချိန်ချိန်မှာ​တော့ ဒီ K-Pop group ကို အသိအမှတ်ပြုလာမှာပါ။ ဒါ​ပေမဲ့ အဲ့မတိုင်ခင်မှာ BTS က စံချိန်သစ်​တွေတင်ရင်း Grammy က​တော့ လူ​တွေရဲ့ ယုံကြည်မှုကို ဆက်ပြီး ဆုံးရှုံး​နေဦးမှာဖြစ်ပါတယ်။

တကယ်တမ်းမှာ ဘယ်သူက ဘယ်သူကို လိုအပ်​နေတာလဲ”ဆိုပြီး ​ရေးသားထားပါတယ်။ Grammy ဆု​ပေးပွဲဟာ ယခင်တည်းက လာဘ်စားတယ်ဆိုတဲ့ ​ကောလဟာလ​တွေလည်း ရှိခဲ့ဖူးပါတယ်။ ဒါ​ကြောင့် Grammy အ​နေနဲ့ အမြန်ဆုံး သိက္ခါကို ပြန်အဖတ်ဆယ်ဖို့ လို​အပ်နေပြီလည်းဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ် Grammy ဆု​ပေးပွဲကို ​နောက်နှစ် ဇန်နဝါရီလ ၃၁ ရက်​နေ့မှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။

Source : Soompi, Allkpop
Photo : Twitter