Korean Celebrity

မမျှော်လင့်ထားတဲ့ Covid-19 positive ရလဒ်ထွက်လာခဲ့တဲ့ BLACKPINK အဖွဲ့ဝင် Lisa

ဒီနေ့ November 24 ရက်နေ့ နေ့လည်မှာ Lisa ဟာ Covid 19 ကူးစက်ခံနေရပြီလို့ သတင်းထွက်လာခဲ့ပါတယ်။ YG Entertainment ဘက်ကလည်း Statement ကို ခုလို လျှင်လျှင်မြန်မြန် ထုတ်ပေးခဲ့ပါတယ်။ “YG Entertainment က ဖြစ်ပါတယ်။ BLACKPINK အဖွဲ့ဝင် Lisa ရဲ့ COVID-19 ပိုး ရှိမရှိ ဆေးစစ်ချက်အရ positive ဖြစ်နေတဲ့ ရလဒ်ကို November 24 ရက်နေ့ နေ့လည်မှာ ရရှိခဲ့ပါတယ်။

Lisa “Positive” ရလဒ်ထွက်လာတာနဲ့ တပြိုင်နက် ကျန် member 3 ယောက်ကို PCR test ကို ခံယူစေခဲ့ပြီး ခု result စောင့်နေကြပါတယ်။ ကျွန်ုပ်တို့ Company ဘက်ကတော့ ကျန်းမာရေးဌာနရဲ့ ညွှန်ကြားချက်တွေအတိုင်း လိုက်နာဆောင်ရွက်ပြီး သတင်းတွေကို တိကျမြန်ဆန်စွာ ထုတ်ပြန်ပေးပါ့မယ်။ကျွန်ုပ်တို့ အနုပညာရှင်တွေ၊ staff တွေရဲ့ ကျန်းမာရေးအတွက် ကုန်ကျမဲ့ငွေတွေကို ကျွန်ုပ်တို့က လုံးဝနှမျောနေမှာမဟုတ်ပါဖူး။

ခု အခြေအနေတွေ တစုံတရာထူးခြား ပြောင်းလဲတာရှိရင်လည်း လျင်လျင်မြန်မြန်နဲ့ ပြန်အသိ​ပေးပါ့မယ်” Lisa ဟာ United State ကနေ ပြန်ရောက်တာ မကြာသေးပါဘူး။ ဒီကြားထဲမှာ တခြား member 3 ယောက်ဟာလည်း အလုပ်ကိုယ်စီနဲ့မို့ သူမတို့ တတွေ မဆုံတွေ့တာကြာပါပြီ။ ဒါပေမဲ့ မနေ့က November 23 ရက်နေ့မှာ အဖွဲ့လိုက်ပြန်တွေ့တဲ့ပုံကို ပုံတင်ခဲ့ပါတယ်။

ပရိတ်သတ်တွေက ဝမ်းသာနေတဲ့အချိန်မှာ Lisa ခုလို ဖြစ်သွားတာ စိတ်မကောင်းစရာပါဘဲ။ Lisa ဟာ ကာကွယ်ဆေးထိုးပြီးသားလည်း ဖြစ်သလို ကျန်းမာသွက်လက်တဲ့သူမို့ အမြန်ပြန်ကောင်းလာမယ်လို့ မျှော်လင့်ပါတယ်။ ပြန်သက်သာလာပါစေ Lisa လေးရေ ….

Source: Allkpop
Written: Violet