Korean Celebrity

Gong Yoo နဲ့ Taylor Swift တို့ ​နေ့လည်စာအတူစားခဲ့တယ်ဆိုတဲ့ သတင်းများ ဆိုရှယ်မီဒီယာမှာ ပျံ့နှံ့​နေ

လတ်တ​လော social media platform တစ်ခုဖြစ်တဲ့ Twitter မှာ အ​မေရိကန် အဆို​တော်/သီချင်း​ရေးဆရာမ Taylor Swift နဲ့ ထိပ်တန်းကိုရီးယားမင်းသား Gong Yoo တို့ ​နေ့လည်စာအတူစားခဲ့ကြတယ်ဆိုတဲ့ သတင်းတစ်ခုက ပွက်​​လောရိုက်နေပါတယ်။ ဒီကမ္ဘာ​ကျော် အနုပညာရှင် ၂ ဦးဟာ ယခင်အပတ်က နယူး​ယောက်မြို့က စား​သောက်ဆိုင်တစ်ဆိုင်မှာ တွေ့ဆုံခဲ့ကြတယ်လို့ သတင်း​တွေထွက်​ပေါ်​နေတာပါ။

ပရိသတ်​တွေဟာ ဒီလိုမျိုး အ​မေရိကန်ဂီတ​လောကကို ဦး​ဆောင်​နေသူတစ်ဦးဖြစ်တဲ့ Taylor Swift နဲ့ Korean Wave ကို ဦး​ဆောင်​နေတဲ့ နာမည်​ကျော် မင်းသား Gong Yoo တို့ ​ရင်းနှီးတဲ့ဆက်ဆံ​ရေးရှိတယ်ဆိုတဲ့ ​အ​​ပေါ်မှာ အရမ်းကို ​ပျော်ရွှင်ဝမ်း​မြောက်​နေကြပါတယ်။

သူတို့ ၂ ဦး​တွေ့ဆုံခဲ့တယ်ဆိုတယ်ဆိုတာကို အတည်ပြုနိုင်တဲ့ သက်​သေအခိုင်အမာ​တော့ မရှိ​ပေမဲ့ အမည်မသိ လူတစ်ဦးက သူတို့ရဲ့ သတင်းဌာနကို email နဲ့ သတင်း​ပေးပို့ခဲ့တယ်လို့ Deuxmoi သတင်းစာက ​​​ဆိုပါတယ်။ ထိုလူရဲ့ သူငယ်ချင်းဟာ Gong Yoo နဲ့ Taylor Swift တို့ ​တွေ့ဆုံခဲ့တဲ့ စား​သောက်ဆိုင်မှာ စားပွဲထိုးအဖြစ် အလုပ်လုပ်ကိုင်​နေတာဖြစ်ပြီး သူတို့ ၂ ဦးထိုင်​နေတဲ့ စားပွဲကို တိုက်ရိုက်ဝန်​ဆောင်မှု မ​ပေးခဲ့ရ​ပေမဲ့ Gong Yoo နဲ့ Taylor Swift တို့ ​နေ့လည်စာအတူစား​နေတာကို မြင်​တွေ့ခဲ့ရတယ်လို့ email ထဲမှာ ​ရေးသားထားပါတယ်။

ပရိသတ်​ အများစုက​တော့ သူတို့ ၂ ဦးဟာ အလုပ်ကိစ္စ​ကြောင့် ​တွေ့ဆုံခဲ့ကြတာဖြစ်မယ်လို့ ယူဆ​နေကြပါတယ်။ Taylor Swift ဟာ ​လော​လောဆယ်မှာ Red (Taylor’s Version) ထဲက သီချင်းတစ်ပုဒ်အတွက် music video ရိုက်ကူးဖို့ ပြင်ဆင်​နေလျက်ရှိပြီး Swifties ​တွေကလည်း အဲ့ဒီသီချင်းဟာ ‘Message In A Bottle’ ဖြစ်ဖို့ ​မျှော်လင့်​နေကြပါတယ်။

ဒါ​ကြောင့် Taylor ဟာ ဒီ music video ကိစ္စနဲ့ ပတ်သက်ပြီး Gong Yoo နဲ့ ​နေ့လည်စာစားရင်း အလုပ်အ​ကြောင်း​ဆွေး​နွေးခဲ့တာလားဆိုတဲ့ သို့​လောသို့​လော ​ဖြစ်နိုင်​ခြေ​တွေလည်း ထွက်​ပေါ်လာ​နေပါတယ်။ ဒီကိစ္စသာ မှန်ကန်ခဲ့ရင်​တော့ တကယ်ကို သမိုင်းဝင် collaboration တစ်ခုဖြစ်လာ​မှာဖြစ်ပါတယ်။

Gong Yoo ဟာ “Train To Busan”, “Squid Game” နဲ့ “Goblin” စတဲ့ ဇာတ်ကား​တွေနဲ့ အာရှတင်သာမက ကမ္ဘာနဲ့အဝှမ်း ​အောင်မြင်​ကျော်ကြားတဲ့ မင်းသားတစ်ဦးဖြစ်သလို ​ဟောလီးဝုဒ်ရဲ့ အာရုံစိုက်မှုကိုလည်း ရရှိထားတာ​ကြောင့် ဒီကိစ္စ အမှန်တကယ်ဖြစ်လာဖို့ ​မျှော်လင့်ပါတယ်။

Source : Kbizoom
Photo : Instagram
Written : ZL