Korean Celebrity

သူငယ်ချင်းကြီးရဲ့ ဇာတ်လမ်းသစ်မှာ OST သီဆိုရင်း အားဖြည့်ကူညီပေးသွားမယ့် BTS’s V

BTS’s V နဲ့ Choi Woo Sik တို့က Wooga Squad ထဲက အကောင်းဆုံးသူငယ်ချင်းတွေဖြစ်ပါတယ်နော်။ သူငယ်ချင်းတွေအပြန်အလှန် Support ကြတာကြောင့် အများက အားကျရတဲ့ Squad ကြီးလည်းဖြစ်ပါတယ်။ နောက်ဆုံးထွက်လာတဲ့သတင်းအရ V ဟာ BFF ကြီးဖြစ်သူ Choi Woo Sik ရဲ့ ဇာတ်လမ်းသစ်ဖြစ်တဲ့ ‘Our Beloved Summer’ ထဲမှာ OST သီချင်းသီဆိုပေးပြီး အားဖြည့်တော့မှာဖြစ်ပါတယ်။

November 25 ရက်နေ့၊ အနုပညာနယ်ပယ်ထဲကသတင်းတွေအရ BTS’s V ဟာ SBS ဇာတ်လမ်းသစ်ဖြစ်တဲ့ ‘Our Beloved Summer’ အတွက် OST artist lineup ထဲမှာ ပါဝင်လာခဲ့ပါတယ်။ ‘Our Beloved Summer’ ဆိုတာကတော့ နာမည်ကြီး webtoon ကို အသက်သွင်းထားတဲ့ ဇာတ်လမ်းဖြစ်ပြီး အတိတ်က ချစ်သူနှစ်ယောက်.. (၁၀) နှစ်ကြာပြီးတဲ့အခါ ‌လူရှေ့သူရှေ့မှာပဲ ပြန်လည်ပေါင်းစည်းကြဖို့ တွန်းအားပေးခံရပြီးနောက် တဖန်ပြန်လည်ဖြစ်တည်လာတဲ့ခံစားချက်တွေအကြောင်း ရိုက်ကူးထားတဲ့အကြောင်း အနည်းအကျဉ်းဖော်ပြထားပါတယ်။

V ကိုယ်တိုင် သူငယ်ချင်းကြီးအတွက် OST သီချင်းဆိုပေးသွားမယ့်အကြောင်းက ချက်ချင်းနာမည်ကြီးသွားပြီး အသေးစိတ်အကြောင်းအရာတွေကိုလည်း နားစွင့်နေကြပါတယ်။ V ကတော့ Park Seo Joon အတွက်လည်း ‘Itaewon Class’ ထဲမှာ OST ဆိုပေးဖူးပါတယ်။

V ရဲ့ တကိုယ်တော်သီဆိုထားတဲ့ OST သီချင်း “Sweet Night” အပြင် အခြားသော solo tracks တွေဖြစ်တဲ့ “Scenery”, “Winter Bear” အစရှိသည်တို့ကလည်း ပရိသတ်အများအပြားရဲ့ အားပေးခြင်းကို ရရှိထားတာကြောင့် V ရဲ့ တကိုယ်တော်သီဆိုမှုကို တကမ္ဘာလုံးက ထောက်ခံနေကြသလိုပါပဲ။ အခုတခုတခါမှာလည်း ‘Our Beloved Summer’ အတွက် ဘယ်လိုမျိုးသီချင်းပုံစံလေးကို ထူးခြားတဲ့အသံနဲ့ ဆွဲဆောင်သီဆိုထားမလဲဆိုတာ နားထောင်ရဖို့အတွက် ရင်ခုန်လှပါပြီနော်။

Source: Allkpop
Photos: BigHit Official
Translated by Ivy