Korean Celebrity

အနုပညာခရီးတစ်​လျှောက်မှာ ပထမဆုံးအကြိမ်အဖြစ် အဖွဲ့ရဲ့ မှတ်တမ်းရုပ်ရှင် ထွက်ရှိလာတော့မယ့် MAMAMOO

တောင်ကိုရီးယားနိုင်ငံရဲ့ အကြီးမားဆုံး ရုပ်ရှင်ရုံ လုပ်ငန်းစုကြီးဖြစ်တဲ့ CGV က မကြာခင်မှာ MAMAMOO အဖွဲ့ဟာ “MAMAMOO 2021 WAW Concert: The Movie” ဆိုတဲ့ မှတ်တမ်းရုပ်ရှင် ထွက်ရှိမှာဖြစ်ကြောင်း နိုဝင်ဘာလ ၂၆ ရက်နေ့မှာ ထုတ်ပြန်ကြေငြာလိုက်ပါတယ်။

ဒီရုပ်ရှင်မှာဆိုရင် ပြီးခဲ့တဲ့ သြဂုတ်လ ၂၈ ရက်နေ့ကမှ အဖွဲ့ရဲ့ ၇ နှစ်ပြည့် အထိမ်းအမှတ်အတွက် ကျင်းပပြုလုပ်ခဲ့တဲ့ “WAW” online concert က ဖျော်ဖြေမှုတွေအပြင် ရှိုးပွဲရဲ့ behind-the-scene တွေကိုလည်း ကြည့်ရှုရမှာဖြစ်ပါတယ်။ ဒါတင်မကသေးပဲ MAMAMOO အဖွဲ့ရဲ့ နာမည်ကြီးသီချင်း ၂၅ ပုဒ်ကို live သီဆိုတာကို ရိုက်ကူးတင်ဆက်ထားတဲ့အပြင် အဖွဲ့ဝင်တွေ concert အတွက် ပြင်ဆင်နေကြပုံတွေလည်း ပါဝင်မှာဖြစ်ပါတယ်။

ဒါကြောင့် ဒီရုပ်ရှင်ဟာ စုစုပေါင်းအချိန် ၁၀၂ မိနစ်ခန့် ကြာမြင့်မှာဖြစ်ပါတယ်။ ဒီရုပ်ရှင်နဲ့ ပတ်သက်လို့ CGV ရဲ့ content ဖန်တီးမှုခေါင်းဆောင်ဖြစ်တဲ့ Cho Jinho က “ရုပ်ရှင်ရုံတွေမှာရှိတဲ့ ကြီးမားကျယ်ပြန့်တဲ့ ပိတ်ကားထက်မှာ အသံစနစ်အပြည့်နဲ့ ကြည့်ရှုရမှာဖြစ်တဲ့အတွက် ပရိသတ်တွေက MAMAMOO ရဲ့ concert ကို သူတို့ရဲ့ ခန္ဓာကိုယ်တစ်ခုလုံးနဲ့ အပြည့်အဝ ခံစားကြည့်ရှုနေရတဲ့ အတွေ့အကြုံမျိုး ရရှိမယ်လို့ မျှော်လင့်ပါတယ်” ဆိုပြီး မှတ်ချက်ပြုခဲ့ပါတယ်။

ဒါ့အပြင် သူက “CGV ဟာ နောက်ထပ် အနုပညာရှင်များစွာနဲ့ ပူးပေါင်းပြီး ရုပ်ရှင်ရုံမှာလည်း concert ကြည့်နေရသလို ခံစားရစေမဲ့ ရုပ်ရှင်တွေကို တင်ဆက်သွားပါမယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ “MAMAMOO 2021 WAW Concert: The Movie” ကို ဒီဇင်ဘာလ ၃ ရက်နေ့မှာ စပြီး ကိုရီးယားတစ်နိုင်ငံလုံးမှာရှိတဲ့ CGV ရုပ်ရှင်ရုံ ၃၃ ခုမှာ ရုံတင်ပြသသွားမှာဖြစ်ပါတယ်။

စိတ်မကောင်းစွာနဲ့ပဲ နိုင်ငံခြားက ရုပ်ရှင်ရုံတွေမှာ ရုံတင်ဖို့နဲ့ တခြား streaming platform တွေကနေ ပြသသွားဖို့ အစီအစဉ်မရှိသေးတာကြောင့် နိုင်ငံတကာ ပရိသတ်တွေကတော့ ဒီရုပ်ရှင်ကို ကြည့်ရှုခွင့်ရဖို့ မဖြစ်နိုင်သေးပါဘူး။

Source : Soompi
Photo : Instagram
Written : ZL