Korean Celebrity

လျို့ဝှက်သည်းဖို ဟာသဇာတ်လမ်းသစ်မှာ လက်စွမ်းပြသွားမယ့် အာရှမင်းသားလေး Lee Kwang Soo

သစ်ကုလားအုတ်လေး လီဂွမ်ဆူဆိုရင် ချစ်ကို ချစ်ကြတဲ့ပရိသတ်ကြီးအတွက် ဂွမ်ဆူကတော့ ဇာတ်လမ်းသစ်မှာ ထပ်မံရိုက်ကူးပါတော့မယ်။ အချောအလှလေး Seolhyun, ဝါရင့်မင်းသမီးကြီး Jin Hee Kyung တို့နဲ့ လက်တွဲပြီး tvN ရဲ့ ဟာသ – လျှို့ဝှက်သည်းဖိုဇာတ်လမ်းသစ် ‘The Murderer’s Shopping List’ မှာ ပါဝင်ရိုက်ကူးမယ့်အကြောင်း တရားဝင်ကြေညာချက်ထွက်လာခဲ့ပါပြီ။

November 26 ရက်နေ့မှာပဲ ထုတ်လုပ်ရေးဖက်ကနေ ဒီဇာတ်လမ်းသစ်အတွက် Lee Kwang Soo, AOA’s Seolhyun နဲ့ Jin Hee Kyung တို့က သရုပ်ဖော်တော့မယ့်အကြောင်း အတည်ပြုခဲ့တာဖြစ်ပါတယ်။ ‘The Murderer’s Shopping List’ ဇာတ်လမ်းကတော့ – ဆိုးလ်ရဲ့ ဆင်ခြေဖုံးရပ်ကွက်တစ်ခုမှ အမျိုးအမည်ဖော်လို့မရတဲ့ အလောင်းတစ်ခုပေါ်လာခဲ့ပြီးနောက် ဇာတ်ကောင် (၃) ယောက်ရဲ့ အဖြေရှာစုံစမ်းပုံတွေကို လျှို့ဝှက်ဆန်းကြယ်မှုတွေအပြင် ဟာသဇာတ်ကွက်တွေပါ ထည့်သွင်းရိုက်ပြမယ့် ရသစုံဇာတ်လမ်းမျိုးပါပဲ။

Lee Kwang Soo ကတော့ MS Mart မှာ အလုပ်လုပ်နေတဲ့ Ahn Dae Sung အဖြစ်သရုပ်‌ဆောင်မှာပါ။ MS Mart ကို စီမံခန့်ခွဲနေသူကတော့ Ahn Dae Sung ရဲ့ မိခင် Jung Myung Sook (Jin Hee Kyung) ဖြစ်ပြီး Seolhyun ကတော့ Dae Sung ရဲ့ ချစ်သူ၊ နယ်မြေခံရဲအရာရှိ Do Ah Hee အဖြစ် ပုံဖော်ထားပါတယ်။

ပိုင်ရှင်မဲ့အလောင်းတစ်လောင်းက နေထိုင်ရာ ရပ်ကွက်ထဲမှာ ထူးဆန်းစွာပေါ်လာပြီးနောက် ဘယ်လိုတွေ ရှာဖွေဖော်ထုတ်မလဲဆိုတာ စိတ်ဝင်စားဖို့လည်း ကောင်းပါတယ်။ ‘The Murderer’s Shopping List’ ကိုတော့ ‘The Accidental Detective 2: In Action’ နဲ့ ‘Missing’ တို့ရဲ့ ပဲ့ကိုင်ရှင် ဒါရိုက်တာ Lee Eon Hee က ရိုက်ကူးသွားမှာပါ။ အရည်အချင်းရှိသူတွေချည်းပဲ ပူးပေါင်းဖန်တီးတာဖြစ်လို့ ပေါ့ပေါ့ပါးပါးနဲ့ ကြည့်ကောင်းမယ့် ဇာတ်လမ်းဖြစ်ပြီး ၂၀၂၂ ပထမနှစ်ဝက်အတွင်း ပြသသွားနိုင်ဖို့ စီစဉ်ထားပါတယ်။

Source: Allkpop
Photos: Allkpop
Translated by Ivy